ms - “ ယုန်ကလေးရဲ့ကို ”
************************
သာယာတဲ့နေ့လေးတနေ့မှာပေါ့ ။ ကျွန်တော်လမ်းလျှောက်ထွက်လာရင်းနဲ့အမှတ်မထင်မင်လိုက်ရတာက မြေ
ပြင်ပေါ်မှာစွန့်ပစ်ထားရစ်ခဲ့တဲ့ မဲမဲညစ်ညစ်ယုန်အရုပ်လေးတရုပ် ။ ဒီအရုပ်လေးရဲ့ဘ၀အစကတော့ တကယ်ပဲ
လှခဲ့မှာပါ ။ ဒါပေမဲ့အခုတော့ ဖြူဖွေးခဲ့ဖူးမဲ့သူ့ရဲ့အရောင်တွေက သူလဲလျောင်းနေတဲ့မြေပြင်နဲ့တသားထဲမဲညစ်နေ
တာပေါ့ ။ အသက်မဲ့အရုပ်ကလေးကို သေဆုံးရတော့မဲ့သက်ရှိယုန်လေးတကောင်လို စာနာသနားစိတ်နဲ့ဝင်စား
ကြည့်လိုက်တော့ သူအရမ်းပြောချင်နေရှာတဲ့နောက်ဆုံးစကားတွေကိုကြားမိ့လိုက်သလိုပဲ ။ အဲဒီလိုနဲ့ ကျွန်တော့်
ရဲ့ “ ယုန်ကလေးနဲ့ကို ” ဆိုတဲ့ဝတ္တုလေးတပုဒ်ဖြစ်လာခဲ့တော့တာပေါ့ ။
= ဒီဝတ္တုလေးကိုတော့ စာဖတ်သူတွေတမျိုးအမြင်ဆန်းအောင် သက်မဲ့အရုပ်နဲ့သက်ရှိလူသားရဲ့စိတ်ခံစား
ချက်တွေကိုအပြိုင်ရေးဖွဲ့ပေးထားပါတယ် ။ ( စာရေးသူ )
******************************* ( 1 ) *****************************
ကျွန်တော်ကအသက်မဲ့အရုပ်ကလေးတရုပ်ဆိုပါတော့ ။ အထူးသဖြင့်အဖြူရောင်အမွေးပွယုန်အရုပ်လေးပေါ့ ။
ကျွန်တော်လို့နမ်စားသုံးလိုက်ကထဲက အမသတ္တ၀ါမဟုတ်မှန်းလဲသိ့သာမှာပါ ။ ကျွန်တော့်ရဲ့သခင့်ဆီကိုရောက်လာ
တာ နည်းနည်းတော့ကဗျာဆန်နေမလားပဲ ။ ဘာကြောင့်လဲဆိုတော့ vanentine day မှာယုန်ဖြူမလေးတကောင်
ကိုကျွန်တော်နဲ့အတူပွေ့ဖတ်လို့ သခင့်ရဲ့ချစ်သူကောင်လေးအနားကိုခေါ်လာခဲ့တာပေါ့ ။
“ မောင် ဒီမယ်လေ ဟန်နီဝယ်လာတာ ယုန်လေးနှစ်ကောင် တကာင်ကအမ တကောင်ကအထီးလေး
ကြည့်စမ်းပါအုံးမောင်ရယ် ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲလို့ ”
“ ဟင် ဘာလုပ်မလို့လဲဟန်နီ ကလေးတွေလိုအရုပ်တွေနဲ့ကစားမလို့လား ”
“ ဟာမဟုတ်ပါဘူးနော် ဒီနေ့ vanetine day မှာအမှတ်တရဖြစ်အောင် ဒီအရုပ်ကလေးတွေကိုဝယ်လာတာ
မောင်နဲ့ဟန်နီက အမြဲတွေ့နေရတာမှမဟုတ်တာ - အဲဒီတော့ တယောက်နဲ့တယောက်အနီးဆုံးမှာရှိနေတဲ့သဘော
နဲ့ ဒီအရုပ်လေးတွေကိုကိုယ့်ရဲ့အနီးဆုံးနေရာမှာထားကြမယ်လေ - မောင်က ယုန်ကောင်မလေးသိမ်းထား ဟန်နီ
က ယုန်ကောင်လေးကိုသိမ်းထားမယ် ”
ကျွန်တော့်ရဲ့သခင်ကအဲဒီလိုပြောပြီး သူ့ရဲ့နုညံ့တဲ့လက်ဖ၀ါးလေးနဲ့ဆုတ်ကိုင်ပြီး သခင့်ရဲ့နှာတံအဖျားလေးနဲ့
ကျွန်တော်ရဲ့နှာတံအဖျားလေးကိုတို့ထိ့လို့ ဆော့ကစားနေပြန်ပါသေးတယ် ။ ပြောရအုံးမယ် သခင့်ရဲ့မောင်ဆိုတဲ့
ချစ်သူဆီမှာရှိတဲ့ယုန်ဖြူမလေးကလဲ အရမ်းချစ်စရာကောင်းတယ်ဗျ ။ ကျွန်တော်နဲ့သခင်ပျော်မြူးနေတာကိုသူမြင်
တော့ သူကလဲအားကျမခံ ကျွန်တော့်လိုပဲသူသခင်ဆီကိုတိုးဝင်ဖို့ကျိုးစားတော့တာပေါ့ ။ သူ့သခင်ရဲ့ရင်ခွင်ထဲရောက်
သွားတော့ ကျွန်တော်ရှိတဲ့အရပ်ဆီကိုမျက်လုံးလေးမှေးပြီးကြည့်တယ် ။ ငါသိ့ပါတယ်ယုန်မလေးရယ် ။ နင်နှာကစ်
နေတာကိုပေါ့ ။ နေအုံးနော် ။ ငါနင့်ကိုချစ်တယ်လို့မပြောရသေးဘူး ။
“ မောင် ဟန်နီကိုဘယ်လောက်ချစ်လဲဟင် ”
သခင်ကသူ့ချစ်သူကိုလှမ်းမေးနေတဲ့အချိန်လေးမှာ ယုန်မလေးမြင်သာအောင် fly kiss လေးကိုလေထဲမှာဝဲ
ပေးလိုက်တယ် ။
“ ချစ်တာပေါ့ဟန်နီရယ် ဟန်နီကိုဘယ်လောက်ထိ့ချစ်ပါတယ်ဆိုပြီး အတိုင်းအတာတခုနဲ့နှိုင်းဆမပြချင်
ဘူး - ဘာဖြစ်လို့လဲဆိုတော့ - မောင်ကဟန်နီကိုအနှိုင်းအဆမရှိလောက်အောင်ကို အရမ်းချစ်မိ့သွားခဲ့လို့လေ ”
ငါလဲနင့်သခင်ပြောတဲ့အတိုင်းပဲလို့ ယုန်မလေးမြင်အောင်ပုံသဏ္ဍန်လုပ်ပြလိုက်တော့ မျက်စောင်းလှလှလေး
တချက်နဲ့ ကျွန်တော်အငိုက်မိ့သွားအောင်အသဲကိုလာစိုက်တယ် ။ အရမ်းခိုက်သွားပြီယုန်မလေးရယ် ။
“ မောင် ကျွန်မယုံကြည်ထားတဲ့အချစ်ဆိုတာကလေ တယောက်နဲ့တယောက်သစ္စာရှိစွာနဲ့ ရိုးမြေကျပေါင်း
ဖတ်ပါ့မယ်ဆိုတဲ့ဂတိစကားထက် အခုဖြစ်ပျက်နေတဲ့လောကဓံတရားကိုပဲ ကျွန်မတို့အပြုံးမပျက်ပဲလက်တွဲပြီးအတူ
တူရင်ဆိုင်ချင်တယ်မောင်ရယ် အဲဒါကျွန်မတကိုယ်တော်တပ်မက်မိ့တဲ့အတ္တမဟုတ်ပါဘူး - မောင်နဲ့ထပ်တူခံစားမျှ
ဝေယူမယ်ဆိုတဲ့စိတ်နဲ့ပဲကျွန်မပြောတာပါ - မောင် ကျွန်မကိုနားလည်ပေးပါနော် ”
သခင်က ကျွန်တော့်ကိုပွေ့ဖတ်ထားရင်းနဲ့ပဲ သူ့ချစ်သူကောင်လေးရဲ့ရင်ခွင်ထဲကို တိုးဝင်လိုက်တဲ့အခါမှာ
တော့ - ယုန်ဖြူမလေးနဲ့အနီးကပ်ဆုံးတွေ့ကြုံလိုက်မိ့တဲ့တခဏမှာပဲ “ အိ့ ” ခနဲ့ ။ ကမ္ဘာလောကကြီးတခွန်လုံးရဲ့
သာယာလှိုက်မောဖွယ်အကောင်းဆုံးနေရာတွေထဲမှာ ဒီနေရာလောက်သာယာနိင်ပါ့အုံးမလား ။
******************************** ( 2 ) *********************************
အဲဒီနောက်ပိုင်းမှာတော့ နတ်ဒေ၀တာတွေအသင့်ပျိုးထားတဲ့ ပန်းဥယာဉ်အလယ်မှာ နတ်ဘုံနတ်နန်းနဲ့စံမြန်
နေခဲ့ရသလို ချစ်ခြင်းရနံ့တွေထုံသင်းနေခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့သခင်တွေနဲ့အတူ ပျော်၇ွှင်မှု့တွေကိုထည်လဲဝတ်
ဆင်နေခဲ့ကြတာပေါ့ ။ ရှိုက်ကြီးတငင်အသက်ဝင်နေတဲ့နေ့ရက်တိုင်းမှာ အချစ်အတွက်နေ၀င်ဆည်ဆာမဲ့နေခဲ့ကြသ
လို နေခြည်နုနုနဲ့အစပျိုးပြီးတိုးထွက်လာတဲ့နံနက်ခင်းတိုင်းမှာလဲ စွဲထင်နေတဲ့သူတို့ရဲ့ပုံရိပ်တွေနဲ့အတူအသက်ရူနေခဲ့
ကြတယ်လေ ။ ဟုတ်တယ် ။ အဲဒီယုန်ဖြူမလေးက ကျွန်တော်ဘ၀ရဲ့အသက်နဲ့အရှက်ပါပဲ ။
ကျွန်တော်ကအသက်မဲ့အရုပ်ဆိုပေမဲ့ အရှက်နဲ့လုလုပ်နေရတဲ့သခင်ကတော့ မိန်းကလေးပီပီသဏ္ဍန်ညီအောင်
ပြုပြင်နေထိုင်ရတဲ့လူ့ကျင့်ဝတ်ကြောင့် လိုချင်တဲ့ရပိုင်ခွင့်နဲ့သူ့ရဲ့တောင်းတမျှော်လင့်မှု့တွေကတော့ အနည်းငယ်အကျည်း
တန်နေသလိုပါပဲ ။
“ မောင် ဟန်နီလေ မောင့်ရင်ခွင်ထဲကိုတိုးဝင်မိ့လိုက်တိုင်းရင်ခုန်သံတွေမြန်မြန်လာတယ် ။ ပြီးတော့ ဟန်နီ
တွေးမိ့တယ်သိ့လား - မောင့်ရင်ခွင်ထဲမှာ ကျွန်မမဟုတ်တဲ့အခြားမိန်းမတယောက်ရောက်လာမှာကို ကျွန်မကြောက်
နေမိ့တယ်မောင်ရယ် -ကျွန်မက မောင်ရင်ခွင်ထဲကိုတိုးဝင်ပြီး မောင်ရဲ့ရင်ခုန်သံတွေကိုကျွန်မတယောက်ထဲနားထောင်
ချင်တာ ဘယ်သူ့ကိုမှခွဲဝေမပေးနိင်ဘူး - ကျွန်မအတ္တကြီးနေသလားမောင် ”
“ မဟုတ်ဘူးဟန်နီ မောင်ရင်ခုန်သံတွေမြန်လာတယ်ဆိုတာ ဟန်နီ့ရဲ့ကိုယ်နွေးနွေးလေးကစိမ့်ထွက်လာတဲ့
ကိုယ်ရနံ့လေးကြောင့်မြန်လာတာလေ - တခြားမိန်းမတယောက်ကိုအစားထိုးဖို့ဆိုတာ ဖြစ်နိင်ပါ့မလားအရှုးမလေးရဲ့ ”
မျှော်လင့်ခြင်းအစအနနဲ့ရစ်ချည်ထားတဲ့ သံယောဇဉ်အနောင်အဖွဲ့ဟာ ချစ်ခြင်းရဲ့သဘာရင့်သန်မှု့နဲ့တော့
မသက်ဆိုင်လောက်ဘူးလို့ကျွန်တော်ထင်ပါတယ် ။ တိတ်ဆိတ်နေတဲ့ကျွန်တော့်ရဲ့ယုန်ဖြူမလေးရဲ့ရင်ထဲမှာရော ဘာ
တွေရှိနေမလဲဆိုတာ သိ့ချင်လိုက်တာ ။ ထားရာနေစေရာမှာနားနေခဲ့ရတဲ့ တို့တွေရဲ့အရုပ်ဘ၀ကို မင်းအနားမှာ
ရှိနေတဲ့ငါကလွဲရင် ဘယ်သူကများမင်းကိုစာနာပေးနိင်မှာတဲ့လဲကွယ်လို့ ကျွန်တော်တွေးနေဆဲအခိုက်မှာပဲ ကျွန်တော်
ရဲ့သခင်မလေးက -
“ မောင်နော် မနေ့ကကောင်မလေးတယောက်နဲ့ဆိုင်မှာအတူထိုင်နေတာတွေ့လိုက်တယ် - ကျွန်မ မောင့်
ကိုလာပြီနှုတ်ဆက်အုံးမလို့ပါပဲ - ဒါပေမဲ့ မောင်တို့ပတ်သက်မှု့ကဘယ်လိုမှန်းမသိ့လို့ ပြီးတော့ မောင့်ကိုယုံလို့
လေ ”
“ ဟင် သူကမာမီမိတ်ဆွေရဲ့သမီးလေ - မောင်နဲ့ဘာပတ်သက်မှု့မှမရှိပါဘူး - အလုပ်ကိစ္စအတွက်နဲ့ထမင်း
စားရင်စကားပြောနေခဲ့ကြတာပါ ”
“ မောင် ကျွန်မလေ မောင့်ရဲ့အချစ်တွေကိုဘာမှအပွင်းအပဲ့မရှိပဲအရမ်းမြတ်နိးပါတယ် - ဒါပေမဲ့ အချစ်
တခုထဲသာမြင်ပြီးအရိပ်သုံးပါးနားမလည်တဲ့ မိန်းမတွေလိုနေရာတိုင်းမှာဝံ့ကြွားမပြချင်ဘူး - အဲဒါကျွန်မရဲ့မာနမဟုတ်
နော် - မောင့်ရဲ့ဂုဏ်သိက္ခာအတွက်ပါ ”
“ သြော် . . . ဟန်နီရယ် ”
တကယ်တော့ နင့်ကိုငါချစ်တယ် လို့ပြောပြီး သူ့ဆီကတန်ပြန်ချစ်တတ်ခြင်းတွေကိုတောင်းဆိုနေတဲ့ဆန္ဒ
တွေက ကိုယ့်အတွက်ကြီးပဲမဟုတ်ခဲ့ပါဘူး ။ သူဘာတွေလိုအပ်နေမလဲဆိုတဲ့အတွေးရိပ်ကလေးနဲ့ အမြဲအုပ်မိုးပေး
ချင်တဲ့ဆန္ဒတွေလဲ၇ှိနေခဲ့တာပေါ့ ။ ဒါပေမဲ့ စိတ်အလိုတကျနဲ့ကိုယ်ဆန္ဒတွေက အချိန်တိုင်းတော့ဘယ်ဖြစ်လာနိင်မလဲ
လေ ။ အဲဒီလိုနဲ့ ကံကြမ္မာကပေးလာတဲ့အလှည့်အပြောင်းကြောင့် ကျွန်တော်တို့ဘ၀တွေဘယ်လောက်ထိ့တိမ်း
စောင်းခဲ့ရသလဲဆိုရင် . . .
******************************** ( 3 ) *******************************
“ ဟန်နီ မင်းထင်ထားခဲ့တာတွေလုံးဝမဟုတ်ဘူးနော် - မောင့်ကိုအဲဒီလိုသံသယမျက်လုံးတွေနဲ့ မကြည့်ပါ
နဲ့ကွာ - အရပ်ကကွဲဟ ကွာဟခိုင်းတိုင် မောင်တို့တွေကွဲကြကွာကြရမယ်ဆိုရင် မောင်တို့နှလုံးသားတွေပဲအထိ့နာ
မှာနော် - ဘေးစကားတွေမယုံပါနဲ့ဟန်နီရယ် ”
“ မပြောနဲ့ရှင့်ပါးစပ်ကိုလုံးဝပိတ်ထား - ကျွန်မရှင့်ကိုအများကြီးနားလည်မှု့ပေးခဲ့တယ် - တတ်စွမ်းနိင်သ
လောက်လဲယုံကြည်မိ့ခဲ့တယ် - အခုတော့အလကားပဲ - ကျွန်မမဟုတ်တဲ့မိန်းမတယောက်နဲ့ တညလုံးအတူတူရှိနေ
ခဲ့တဲ့ရှင့်ကို ကျွန်မဘယ်လိုပုံစံမျိုးနဲ့ယုံကြည်ရတော့မှာလဲ - ကျွန်မ ဘယ်လိုစိတ်မျိုးနဲ့ရှင့်ရင်ခွင်ထဲကို နောက်တကြိမ်
တိုးဝင်ရမှာလဲ ရှင်အရမ်းရက်စက်တယ် ”
“ ဟန်နီ ဒေါသတွေကိုနည်းနည်းလောက်ရှော့ပြီး မောင်ပြောတာကိုခဏလောက်နားထောင်ပေးနော် - ပြသ
နာတခုကိုဒီလိုပေါက်ကွဲပြီအဖြေရှာလို့မရဘူးလေ - ဟုတ်တယ် မောင်တညလုံးမိန်းမတယောက်နဲ့အတူရှိနေခဲ့တယ် -
ဒါပေမဲ့ အဲဒီလိုအတူရှိနေခဲ့ကြယုံနဲ့လူတွေထင်ထားလိုက်သလိုမျိုးဖြစ်သွားကြရောလား - ရှိနေတဲ့မိန်းမတယောက်
ကရော သိက္ခာမဲ့ပြီးအပေါစားဆန်တဲ့မိန်းမလား - ပြီးတော့ ဟန်နီယုံကြည်ခဲ့တဲ့မောင်သိက္ခာကရော ဘာမဟုတ်တဲ့
အဲဒီအတွေးကြောင့် လုံးဝကိုအောက်တန်းကျသွားရောလား - အဲဒါကိုဟန်နီတွေးပေးသင့်တယ် - ဒီအဖြစ်အပျက်
ကတကယ့်ကိုရိုးရိုးလေး - ဟိုးတခါဟန်နီတွေ့ဖူးတယ်လေသူ့ကို - သူ့မွေးနေ့အတွက်တညလုံးမအိပ်ပဲသူ့အိမ်သွားပြီ
ကူပေးနေတာပါကွာ - သူတို့မှာသားအမိ့နှစ်ယောက်ထဲရှိတယ်ဆိုတာ ဟန်နီလဲသိ့နေလောက်ပါတယ် ”
“ သိပ်သိ့တာပေါ့ - ရှင့်ရဲ့အရင်ရည်းစားဟောင်းဆိုတာကအစ ကျွန်မသိ့နေပါတယ် - အဲဒီအတိတ်ဇာတ်
ကိုလဲ ကျွန်မ မသိ့အောင်ရှင်ပဲဖုံးဖိ့ထားခဲ့တာမဟုတ်လား ”
“ ဟန်နီမင်းထင်တာရှောက်မပြောနဲ့နော် အတိတ်ကဟာကိုအတိတ်မှာပဲမောင်ထားခဲ့တာ ဘာမှအစပြန်
ဖော်နေစရာအကြောင်းလဲမရှိဘူး ”
“ သွားစမ်းပါ ရှင်နားလိုက်တော့ ကျွန်မရှင့်ကိုရွံ့တယ် ပြီးတော့ မုန်းတယ် ဟုတ် . .
အသံဆက်ပြီးမထွက်နိင်တော့လောက်အောင် သခင့်ရဲ့အသံကစို့နစ်ကြေကွဲနေတယ် - ဆုတ်ကိုင်ထားတဲ့
သူ့ရဲ့လက်တွေကနေတဆင့် ကျွန်တော့်ကိုသူတို့ထိုင်နေကြတဲ့အပြာရောင်ခုန်တန်းလေးပေါ်ကိုပစ်တင်လိုက်ပြီ -
“ ဟုတ်တယ် ရှင့်ကိုကျွန်မအရမ်းမုန်းတယ် ရှင်နဲ့ရှေ့ရှောက်ဘာမှမသက်ဆိုင်ချင်တော့ဘူး - ရှင်ရင်ခွင်
ထဲကို ကျွန်မနောက်ထပ်တိုးဝင်ကြည့်ဖို့ အင်းအားတွေမရှိတော့လို့ပါမောင်ရယ် ကျွန်မသွားပါရစေတော့ . . ”
ပြောပြောဆိုဆိုငိုရင်းနဲ့ ဟိုးးးအဝေးတနေရာကိုထွက်ပြေးသွားတဲ့သခင်ကိုကြည့်ပြီ ကျွန်တော်ခုန်တန်းလေး
ပေါ်မှာကျန်နေရစ်ခဲတယ် ။ ကျွန်တော့်ကိုတမင်ပဲချန်ထားရစ်ခဲ့တာလား ဒါမှမဟုတ် ကျန်သွားခဲ့တာလား ။ အား
ကိုးရာမဲ့စွာနဲ့ ဘေးအနားမှာရှိနေတဲ့သခင့်ရဲ့ချစ်သူကိုစောင်းငဲ့ကြည့်လိုက်တော့ သူလဲလေးတွဲတဲ့ခြေလှမ်းအစုံနဲ့ထွက်
ခွာသွားတာကိုတွေ့လိုက်ရတယ် ။ ဒီလိုနဲ့လူသူကင်းမဲ့တဲ့ဒီနေရာလေးမှာ ကျွန်တော်ကျန်နေရစ်ခဲ့တော့တာပေါ့ ။
သခင်ဘယ်အချိန်ပြန်လာခေါ်မလဲမသိ့ပေမဲ့ မပြေလည်မှု့တွေနဲ့စီးချင်းထိုးခဲ့ကြတဲ့ သခင်တို့ရဲ့စွန့်လွတ်ခွဲခွာမှု့တွေ
ကြားမှာ ကျွန်တော့်ရဲ့နှလုံးသားလဲလုံးပါးပါးခဲ့ရတာပေါ့ ။ မိုးထဲရေထဲ ၊ နေလဲပူဆဲ အရောင်အသွေးတွေမွဲလာ
တဲ့အချိန်ထိ့ ကျွန်တော်စောင့်နေခဲ့ပေမဲ့လဲပေါ်မလာခဲ့တော့ပါဘူး ။
***************************** ( 4 ) ***********************************
အခုချိန်မှာတော့ ဟိုတခါဖွေးဖွေးဖြူနေခဲ့တဲ့ ကျွန်တော်ရဲ့အရောင်အသွေးတွေဟာ ကျွန်တော်လဲလျောင်း
နေတဲ့မြေသားရဲ့အရောင်လို မဲမှောင်ညစ်ပတ်နေခဲ့တော့တာပေါ့ ။ လမ်းတွေပေါ်မှာလူတွေရဲ့အနင်းခံအကန်းခံဘဝ
နဲ့ နာသမျှဒဏ်ကိုအံ့တုခံရင် ကျွန်တော်ရှာနေခဲ့ပါတယ် ။ တကယ်လို့ကျွန်တော်ရဲ့သခင်ကိုတွေ့ခဲ့ရင်ပြောပေး
ပါနော် ။ ကျွန်တော်အရမ်းချစ်ခဲ့မိ့တဲ့ယုန်မလေးကို အရမ်းလွမ်းနေမိ့တဲ့အကြောင်းကိုပေါ့ . . . ။
= နှလုံးသားဖြင့်ရင်း၍ - မင်းဆက်ဆက်ခ