ချစ်သူမြို့တော်ရဲ့ ဘလော့ဂါဒေး အထိမ်းအမှတ် စကားစစ်ထိုးပွဲလေးအတွက်
အောက်ပါခေါင်းစဉ်ကိုရွေးခြယ်လိုက်ပါတယ်..။
“အင်တာနက်သုံးစွဲခြင်းသည် လူငယ်များကိုကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေသည်..။”
စကားစစ်ထိုးပွဲဆိုသည်မှာ တာဝန်ခံကျင်းပပေးသူက
စကားစစ်ထိုးရာတွင်..အခြေအတင်ပြောဆို ကောင်းသော ခေါင်းစဉ်ကိုရွေးခြယ်ပေးရပါသည် ။
အဆိုကိုထောက်ခံသော အုပ်စု
နှင့်
အဆိုကိုကန့်ကွက်သောအုပ်စု..နှစ်စုရှိရပါသည် ။
ဒိုင်လူကြီးများအတွက်..အမှတ်ပေးစည်းမျဉ်းကို ချမှတ်ပေးထားရပါသည် ။
တကယ်လက်တွေ့ စင်မြင့်ထက်တွင် ကျင်းပမည်ဆိုလျှင်..အမှတ်ပေးပုံမှာ
၁။ ၀တ်စားဆင်ယင်မှု
၂။ အချက်အလက်တင်ပြပုံ
၃။ ဟာသ ပါဝင်မှုနှင့် ကိုယ်ဟန်အမူအရာ
၎။ ပရိသတ်၏ အားပေးမှု (လက်ခုပ်ခံ )
၅။ သတ်မှတ်ချိန်အတွင်း တင်ပြနိုင်မှု
စသည်တို့ဖြစ်ပါသည်..။
အွန်လိုင်း စကားစစ်ထိုးပွဲဖြစ်သဖြင့်..အချက်လက်သဘာဝကျကျတင်ပြနိုင်မှု
ကိုသာ..အဓိကထား အကဲဖြတ်နိုင်ပါမည် ။
ကျင်းပပေးမည့်အစီအစဉ်မှာ..
အဆိုကိုထောက်ခံသူ၏..တင်ပြထောက်ခံချက် နှင့်
အဆိုကိုကန့်ကွက်သူ၏..ကန့်ကွက်ချက်..တို့ကို..သင့်လျော်သောအရေအတွက်ဖြင့်
အထက်အောက်ပူးတွဲတင်ပြပေးသွားပါမည် ။
စာဖတ်ပရိသတ်မှ..ကော်မန့်များပေးသွားနိုင်ပါမည်..။
ပါဝင်ဆင်နွဲလိုသူများက..ထောက်ခံလိုသည်ဖြစ်စေ..ကန့်ကွက်လိုသည်ဖြစ်စေ
မိမိတင်ပြချက်ကို..မေးဖြင့်ပေးပို့ပေးရပါမည် ။
တာဝန်ယူဆောင်ရွက်သူက..အချက်လက်ပြည့်စုံသော..တင်ပြချက်များကိုဖေါ်ပြပေးပါမည် ။
ထောက်ခံ..ကန့်ကွက်လွှာများကို အောက်ပါစည်းကမ်းအတိုင်းပေးပို့ပါရန်..။
၁။ ချစ်သူမြို့တော်..မြို့သူ မြို့သားအားလုံးပါဝင်နိုင်သည် ။
၂။ ထောက်ခံ ကန့်ကွက်လွှာများကို A4 နှစ်မျက်နှာသာရေးသားပါရန် ။
၃။ အဆိုကို မည်သည့်အတွက်ထောက်ခံသည်..ကန့်ကွက်သည် ကိုသာလိုရင်းတင်ပြရန်။
၎။ ဟာသ အချက်လက်များပါဝင်နိုင်ခွင့်ရှိပါသည် ။
၅။ တရားလွန် ထိပါးပုတ်ခပ်သည့် အချက်အလက်များ ရှောင်ကျဉ်ပေးပါရန် ။
၆။ ထောက်ခံ၊ ကန့်ကွက်လွှာများကို (1.9.2012) ရက်နေ့နောက်ဆုံးထားပေးပို့ပါရန် ။
၇။ မေးပေးပို့ရာတွင်..subject ကို..debate ဟုရေးပေးပါရန်..။
၈။ မေးပေးပို့ရန်လိပ်စာမှာ..fbflyingbird2@gmail.com ဖြစ်ပါသည်။
၉။ ပေးပို့သူ၏ မြို့တော်မင်ဘာအမည်ပါရှိရပါမည် ။
မှတ်ချက်။ ။ မြို့သူမြို့သားများ စိတ်လက်အပန်းပြေရန်သာရည်ရွယ်ပါသည် ။