Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

♥♫လေလှိုင်းထဲကသူငယ်ချင်းများသို့...........ပေးစာ♥♫

$
0
0
လေလှိုင်းထဲကသူငယ်ချင်းတို့ရေ...ကမ္ဘာလောကကြီးကအရမ်း..... ထူးဆန်းတယ်...... သူငယ်ချင်းရေ   ကံကြမ္မာကလည်း .......အရမ်းဆန်းကြယ်တယ်။
ဘယ်လိုအလှည့်အပြောင်းနဲ့ ကြုံစေမလဲဆိုတာ ကြိုတင်ခန့်မှန်းလို့ မရနိုင်သလို
ဘယ်လိုလူမျိုးဘယ်လို.......အပေါင်းအသင်းတွေနဲ့ဆုံတွေဖို့ဆိုတာ မခန့်မှန်းနိုင်ဘူး
တနေရာနဲ့ တနေရာ မှာနီးနေပေမယ့် မခင်မင် နိုင်သလို ဝေးနေပေမယ်လည်း
အရမ်းခင်ကြတယ့် သူငယ်ချင်း ဖြစ်ချင်ဖြစ်နေပြန်ရော်။
သံယောဇဉ်ဆိုတာလည်းခန့်မှန်းရခက်တယ် လူတွေကို တစ်နိုင်ငံထဲ၊ တစ်မြို့ထဲမှာ
ရှိနေတုန်းက ပေးမဆုံခဲ့ဘဲ တစ်ယောက်တစ်နေရာစီ ဝေးခဲ့ကြမှ သိအောင်၊
ခင်မင်အောင်လုပ်ပြန်တယ်။ တွေဆုံ ၊ကြုံကွဲ အောင်လည်း ပြုလုပ်တတ်ပြန်တယ် ။
သေချင်းနဲ့ခွဲခိုင်းသလို ၊ ရှင် ခြင်းနဲ့လည်းခွဲပြန်တယ်

လောကကြီးကမာယာများတတ်တယ် လျှိုဝှက်တတ်လွန်းလို
ခန့်မှန်းလိုမတတ်အောင်ပါပဲ။
လေလှိုင်းထဲ စတင်အခြေချ မိခဲ့တယ် သူငယ်ချင်း ရေ 
တဦးတည်းသောသမီးဖြစ်တဲ့ ရှင်းက သူငယ်ချင်းတွေကို ခုံမင်တတ်တယ်လေ
နဂိုတည်း က
ကဗျာ စာပေ ၀ါသနာ ပါတဲ့ရှင်းတယောက်အတွက် အွန်လိုင်း ကို ရလိုက်မှတော့ ထမင်း
ဟင်းမေ့ ပေါ့  အစကတော့ ကဗျာ ဘယ်မှာရေးရမှန်း မသိလို ချက်ရွန်း ထဲမှာ အချိန်
ကုန် လေလှိုင်းထဲက သူငယ်ချင်းတွေ နဲ့ စလိုက်နောက် လိုက် နဲ့ သူငယ်ချင်း တွေရဲ့
နွေးထွေးတဲ့မေတ္တာကိုရခဲ့သလို လူတွေရဲ့မနော ကိုလာသိလာတယ် ရှင်းရဲ့ တနေ့တာကတော့
မနက် ဆိုအပြေးအလွားကျောင်းသွား ၊ ပြီးရင် အလုပ်သွား ပြန်လာ လေလှိုင်းပေါ်တတ်
စာလုပ် နဲ့ အချိန် တွေကုန်လာ ခဲ့ တာပေါ့ စာပေ ဗဟုသုတ များစွာ ရသလို ၊
နည်းပညာ ပေါင်းစုံရခဲ့တာပေါ့ ။နိုင်ငံခြားမှာ ဘယ်လိုရုန်းကန်နေရတဲ့
သူငယ်ချင်းတွေရဲ့ အတွေအကြုံနားထောင်ရသလို မြန်မာပြည်က သူငယ်ချင်းတွေ
အများကြီးရခဲ့တယ်။ မြင်ဖူးသူတွေရော၊ မမြင်ဖူးသူတွေရော အားလုံးက ခင်ခင်မင်မင်ပဲ။
သူငယ်ချင်း တွေအချင်းအချင်း အငြင်းပွား ရန်ဖြစ်လိုက်၊ ငိုလိုက်၊ ရီလိုက်၊
ဆဲလိုက်နဲ့ ပြဿနာပေါင်းစုံ ရှိခဲ့ပေမဲ့ အားလုံးက အခင်အမင်မပျက် မပျက်ခဲ့ဘူး။
ပျော်စရာ ကောင်းခဲ့ပါတယ်။တခါမှမမြင်ပေမယ်လည်း သံယောဇဉ်တွေဖြစ်
သူငယ်ချင်းတွေအားလုံးပေါင်းပြီး ပရဟိတကောင်းမှုတွေလုပ်အလှူအဒါန်း လုပ်ကြနဲ့ 
ကိုယ်တိုင်သွားရောက် မလှူဒါန်းနိုင်တဲ့ ပြည်ပရောက် သူငယ်ချင်းတွေကလည်း
အလှူငွေတွေ ထည့်ကြနဲ့ ပြည်တွင်းက သူငယ်ချင်းတွေ  အလှူသွားလုပ်ခဲ့တဲ့ပုံတွေကို
ကြည့်ပြီး ကြည်နှုးခဲ့ကြရတယ်။ တစ်ယောက်နဲ့တစ်ယောက် ......မမြင်ဖူးကြပေမဲ့
စည်းလုံးမှုတွေ ရှိခဲ့ကြတယ်။
သူငယ်ချင်းတို့ရေ ....ခင်မင်မူဆို
တိုင်းတာလိုမရနိုင်ပါဘူး........ သံယောဇဉ်မေတ္တာဆိုတာ .......
အရမ်းကိုအေးချမ်းပါတယ်။ကိုယ်ကဗျာလေးဖတ်လိုက် .....သူကဗျာလေးဖတ်လိုက်
တယောက်ကိုတယောက်ဖေးမလို့  .......လေလှိုင်းထဲက သူငယ်ချင်းတို့ရေ ကွန်ပြူတာရဲ့
ဟိုတစ်ဖက်မှာ ထိုင်ပြီး ကိုယ်မျှဝေတဲ့ အရာတွေကို သူတို့ကြည့်ပြီး
ပျော်နေမလား.... မေးလ်ဘောက်စ် ပြည့်သွားတာ..... ကိုယ့်စာကြောင့်လို့ စိတ်ပျက်ပျက်နဲ့
ငြီးငြူနေမလား... ဘာတွေ လျောက်ရေးထားလဲ မသိဘူးဆိုပြီး မဲ့နေမလားစိုးရိမ်စိတ်
နဲ့ စာပေတွေရေးသားရင်းသတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို
ထုတ်ဖော် မပြောပြတတ်လို့ လေလှိုင်းထဲကနေတဆင့်ကွန်ပြူတာ ကိုအကူအညီတောင်းပြီး
ဒီကမ္ဘာရဲ့ ထောင့်တစ်နေရာကနေ သူငယ်ချင်းတွေ ကို ကျန်းမာပျော်ရွှင်ဖို့
နွေးထွေးတဲ့ ရှင်းမတ္တာနဲ့ တောင်းဆု ပြုလိုက်တယ်။

ကံပါလို့ ငါတို့ တွေ့ဆုံခွင့်ရကြတယ်။လေလှိုင်းထဲက သူငယ်ချင်းတွေမှာ အသက်
အပိုင်းအခြား မရှိဘူး။ ကိုယ့်နဲ့ ရွယ်တူလည်းရှိချင်ရှိမယ်။ ကိုယ့်ထက်ကြီးတဲ့လူ
ငယ်တဲ့ လူလည်း ရှိချင်ရှိမယ်။ ကြီးတဲ့ သူငယ်ချင်းတွေကနေ ကိုယ့်မှာ မရှိသေးတဲ့
အတွေ့အကြုံကို ယူတယ်။ ကြိါ်တဲ့သူငယ်ချင်းတွေကို လေးစားစွာဆက်ဆံသလို ၊ငယ်တဲ့
သူငယ်ချင်းတွေဆီကနေ ကိုယ်မသိသေးပညာ ယူမယ်၊ ကိုယ်မှာရှိနေတဲ့ ဗဟုသုတမျှဝေမယ် သူငယ်ချင်းတွေမှာ
အသက်အရွယ်၊ ဆင်းရဲချမ်းသာ
မခွဲခြားဘူး။သူငယ်ချင်းတွေသံယောဇဉ်ဟာအရမ်းကိုနွေးထွေးတယ် ၊အေးမြတယ် ။

ကံပါလို့ ငါတို့ ခင်မင်ခဲ့ကြတယ်
ကံပါလို့ ငါတို့ စိတ်ကို ဖလှယ်နိုင်ကြတယ်
အတူတူရှိနေတဲ့ အချိန်လေးတွေကို
ငါတို့ တန်ဖိုးထားသင့်တယ်။
လေလှိုင်းထဲကသူငယ်ချင်းရေ ကံမကုန်သေးရင်တော့ လေလှိုင်းထဲမှာ မဟုတ် အပြင်မှာပါ
တွေဆုံခွင့် ရချင်ပါသေးတယ်
စစ်မှန်သောမေတ္တာနဲ့တွေဆုံခြင်း မျိုးဖြစ်ပါရစေ ။သူငယ်ချင်းဆိုတာ
အပြန်အလှန်နားလည်မူပေးတဲ့ သူငယ်ချင်းမျိုးပါပဲ

စကားပုံတခုလိုပါပဲ
“A friend in need is a friend indeed”
ကိုယ့်စီက ဘာမှ မမျှော်ကိုးဘဲ
အကူအညီလိုအပ်တဲ့ အချိန်မှာ အနားကို ရောက်ရောက်လာတဲ့ သူငယ်ချင်းတွေလိုပါပဲ။
စိတ်သဘောထားချင်း မတူညီတဲ့ သူငယ်ချင်း (၁၀)ယောက် ရှိတာထက် စိတ်တူညီတဲ့
သူငယ်ချင်း (၁)ယောက်ကိုပဲ ရှင်းလိုချင်မိပါတယ် ၊
ကျန်းမာပျော်ရွှင်ကြပါစေရှင်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>