``ကျွန်တော်ချစ်တဲ့သူမှာချစ်သူရှိတယ်းးးးးသူငယ်ချင်းများကတောင်လှောင်နေကြတယ်းးးးကျွန်တော်ရေးတဲ့စာလေးတွေ
ကျွန်တော်ရေးတဲ့ကဗျာလေးတွေသူ့ချစ်သူကိုသူပြန်ပြတယ်းးးးး´´´ဆိုတဲ့..အဆိုတော်`ကောင်းကောင်း´ရဲ့သီချင်းကို
လေပြေတစ်ယောက်ခဏခဏဖွင့်ပြီးနားထောင်နေပါတယ်..ခံစားချက်အပြည့်နဲ့မျက်နှာလေးကလက်ဖက်ရည်ဆိုင်က
အီကြာကွေးလေသလပ်လို့ပျော့ခွေသွားတဲ့မျက်နှာမျိုးလေးပါ..လေပြေတစ်ယောက်အရမ်းခံစားနေရတယ်လေ..
အဲ့အချိန်မှာဘဲအိမ်ရှေ့ကလေပြေ့ကိုခေါ်သံညင်ညင်သာသာလေးပေါ်လာတယ်...ခေါ်သံကဒီလိုပါ....းးးးးးး
``ဟဲ့..လေပြေ..လေပြေမသာ..လေပြေတတောင်းစား..သေနေပြီလား´´..ဆိုတဲ့ခေါ်သံလေးပါ..အဟစ်
လေပြေခေါ်သံလည်းကြားရောမျက်လုံးပြူးသွားတယ်လေ...လေပြေ့ရင်ထဲကခံစားချက်တွေခဏတဖြုတ်အလှူခံထွက်
သွားကြတယ်...ဒါနဲ့လေပြေကဘယ်သူလဲဆိုပြီးအိမ်ရှေ့ထွက်ကြည့်တော့ပဲပြုတ်ရောင်းတဲ့ဒေါ်ပုဖြစ်နေတယ်..အခုမှ
လေပြေသဘောပေါက်သွားတယ်ထင်တယ်..ပဲပြုတ်ဖိုးအကြွေးလာတောင်းတယ်ဆိုတာ...ဒေါ်ပုကလေပြေ့ကို
``ဟဲ့..လေပြေပဲပြုတ်ဖိုးပေးဖို့ဘယ်အချိန်ထိငါကစောင့်ရအုံးမှာလဲဘိုးဘွားရိပ်သာမှာနောက်ဆုံးငါတစ်ယောက်ဘဲ
ကျန်တဲ့ အထိစောင့်ရမှာလား..ဒါမှမဟုတ်နင်မိန်းမယူပြီးကလေးတစ်ဒါဇင်လောက်ရမှလာတောင်းရမှာလား´´
``ဘယ့်နှယ်တော်ပဲပြုတ်ဖိုး750ကိုတောင်းနေရတာ75ရက်တောင်မကတော့ဘူးငါ့ကိုစောစောစီးစီးပဲပြုတ်
စတုဒီသာလိုက်ဝေနေတယ်ထင်လို့လားလေပြေမသာ..နင့်စိတ်ထဲမှာငါ့ကိုဘောလုံးသမားဒေးဗစ်ဘက်ခမ်း
ရဲ့အမေပဲပြုတ်အပျော်လိုက်ရောင်းနေတယ်ထင်နေတာလား..ငါပဲပြုတ်ရောင်းတဲ့အမြတ်က..စီရော်နယ်ဒို...ရဲ့
တစ်ပတ်စာအသုံးစရိတ်လောက်အမြတ်ကျန်တယ်ထင်နေတာလား´´ဆိုပြီးပါးစပ်ကပေါက်ပေါက်ဖောက်
သလိုပြောလိုက်တာဆူညံနေတာပေါ့ဗျာ..........ဒေါ်ပုစကားတွေကြောင့်လေပြေလည်း1000တနတစ်ရွက်ကို
ထုတ်ပေးလိုက်တယ်လေ...ဒေါ်ပုကလည်းပိုက်ဆံမြင်တော့အမြန်ယူပြီးလေပြေ့ကို``မရှိတာလည်း
မဟုတ်ဘူးကပ်စေးနှဲပြီးနှပ်ချေးငါးပိလုပ်..ကောက်ရိုးရေစိမ်ပြီးခေါက်ဆွဲလုပ်စားနေတယ်ဒီပုံစံနဲ့ဆိုဘယ်တော့မှမိန်းမ
ရမှာမဟုတ်ဘူးယောက်ျားဘဲရလိမ့်မယ်´´လို့ပြောရှာပါတယ်..အဟစ်..နောက်ပြီး``နင်ဒီနှစ်အတွင်းမိန်းမရရင်ငါ့ပဲပြုတ်ကို
တစ်နှစ်တိတိအလကားကျွေးမယ်လို့ပြောပြီးဒေါ်ပုပြန်သွားတယ်..လေပြေအရမ်းစိတ်တိုသွားတယ်မနေ့ကမှကောင်မလေး
တစ်ယောက်သဘောကျလို့ဆိုပြီးလိုက်ပြောတာကောင်မလေးကသူ့ရည်းစားနဲ့သွားချိန်းတွေ့တာဖြစ်နေတယ်လေ
ဒါကြောင့်လေပြေခံစားချက်သီချင်းကိုစောစောစီးစီးတရားနာသလိုနားထောင်နေတာ..အဟစ်..အရမ်းခံစားနေရတာပေါ့ဗျာ
နောက်ပြီးဒေါ်ပုပြောသွားတဲ့စကားကြောင့်လေပြေတစ်ယောက်မခံချင်စိတ်နဲ့ဘောင်းဘီကိုဆွဲတင်လိုက်ပါတယ်..အဲ..မှားလို့
စိတ်ထဲကဆုံးဖြတ်လိုက်ပါတယ်..ရည်းစားရအောင်ရှာပြမယ်ဆိုပြီးတော့ပေါ့ဗျာ....အဲ့ဒီနောက်ပိုင်းလေပြေကောင်မလေးတွေ
ကိုတစ်ယောက်ပြီးတစ်ယောက်လိုက်ပြောတာပေါ့..ပထမဆုံးကောင်မလေးတစ်ယောက်ကိုလေပြေလိုက်ပြောတဲ့နေ့မှာဘဲ
လေပြေအခြေနေကောင်းတယ်ဗျအဆင်ပြေတယ်ပေါ့..ကောင်မလေးကလေပြေ့ကို``ရုပ်ကိုက..ကလေးမသာရုပ်မျက်လုံးက
သူခိုးမျက်လုံး..နားရွက်ကကြွက်နားရွက်နဲ့ပါးစပ်ကဖားပါးစပ်´´လို့ကောင်မလေးကလေပြေ့ကိုအထာပေးတဲ့စကားလေးတွေ
ပြောသွားရှာပါတယ်..အဟစ်..အဟစ်..ဒါပေမဲ့လေပြေကအဲ့လောက်အထာတွေပေးရင်လွယ်လွန်းတယ်ဆိုပြီးနောက်ဆုတ်
လိုက်တယ်လေ..အဟစ်..ရှေ့ဆက်တိုးရင်တော့အဆင်ပြေလို့လေပြေ့ပါးမှာလက်ဝါးရာကြီးထင်လာမယ်ထင်တယ်ဗျ
ဒါနဲ့..နောက်တစ်ယောက်ကိုလေပြေလိုက်ပြောပြန်ပါတယ်နောက်တစ်ယောက်ကလေပြေ့ကိုသဘောကျပုံရတယ်ဗျ....
လေပြေလိုက်ပြောတဲ့နေ့မှာဘဲကောင်မလေးကပြုံးပြတယ်ဘာမှတော့ပြန်မပြောဘူးမိန်းကလေးဆိုတော့ရှက်လို့ဖြစ်မယ်ဗျ
နောက်တစ်ရက်လေပြေလိုက်ပြောတော့လည်းပြုံးပြတယ်စကားတော့မပြောဘူးကောင်မလေးက..လေပြေလည်းအိမ်အထိ
လိုက်ပြောမယ်ဆိုပြီးကောင်မလေးနောက်ကိုလိုက်သွားတာကောင်မလေးကဆွံ့အနားမကြားကျောင်းထဲကိုဝင်သွားတယ်ဗျာ
...အဟစ်...ဒီလိုနဲ့နောက်ဆုံးတော့လေပြေရည်းစားတစ်ယောက်ရသွားပါတယ်..တစ်ခုတော့ပြောရအုံးမယ်ဗျ...
လေပြေ့ရည်းစားကလေပြေ့ထက်အသက်10နှစ်လောက်ကြီးတယ်အပြိုကြီး..အဲ..အပျိုကြီးပေါ့...အဟစ်
တရက်တော့လေပြေတို့စုံတွဲလက်ဖက်ရည်ဆိုင်လေးမှာချိန်းတွေ့ကြတယ်..လေပြေတို့စုံတွဲလက်ဖက်ရည်ဆိုင်လေးမှာ
ချိန်းတွေ့ပြီးလက်ထပ်ကြဖို့တိုင်ပင်နေတုန်း..ပဲပြုတ်သည်ဒေါ်ပုဆိုင်ရှေ့ကဖြတ်သွားတာကိုမြင်လိုက်တယ်ဒေါ်ပုကလည်း
လေပြေ့ကို မြင်သွားပါတယ်..အဲ့အချိန်မှာဘဲလေပြေ့ရည်းစားအပျိုကြီးကလေပြေ့ကို```လေပြေမမကိုဘာလို့ချက်ချင်း
ကြီးလက်ထပ်ချင်တာလဲ´´`မေးတော့လေပြေကလည်းပဲပြုတ်သည်ဒေါ်ပုအကြောင်းတွေးနေရင်းနဲ့ပြန်ဖြေမိလိုက်တာက
```မိန်းမရရင်ပဲပြုတ်တစ်နှစ်အလကားစားရမှာမိုလို့ပါမမရယ်´´´ဆိုပြီးပဲပြုတ်သည်ဒေါ်ပုကိုကြည့်ရင်းဖြေလိုက်မိတယ်လေ
လေပြေရဲ့မှားပြီးဖြေလိုက်မိတဲ့စကားကြောင့်လေပြေ့ရည်းစားအပျိုကြီး1ပတ်လောက်အကြာမှာတခြားတစ်ယောက်နဲ့
ခိုးရာလိုက်ပြေးသွားပါတယ်..အဲ့ဒီအချိန်ကစပြီးလေပြေပဲပြုတ်ကိုစိတ်နာပြီးမစားတော့ဘဲ တို့ဟူး..ကိုပြောင်းစားလိုက်တယ်ဗျာ
အဟစ်...`နတ်´ကတစ်ခုတော့တွေးမိပါတယ်..လေပြေ တို့ဟူး ကိုလည်းဘယ်တော့စိတ်နာမလဲလို့ပေါ့..အဟစ်
လေပြေရေ`နတ်´ကိုစိတ်ဆိုးနဲ့နော်..တို့ဟူး..ကနေပြောင်းပီးမစားရအောင်`နတ်`လုပ်ပေးပါ့မယ်..အဟစ်....
...အော်..သယ်ရင်းတို့ကိုအရေးကြီးတာပြောဖို့မေ့နေတယ်ဗျ....လေပြေ့ရည်းစားအပျိုကြီးယောက်ျားနောက်လိုက်သွားတာ
ဟို..တွေ့သမျှကောင်မလေးကားတင်ပြေးမယ်ဆိုတဲ့..ကိုရုပ်ဆိုး(အထီးကျန်)လေးနောက်ကိုပါဗျာ....ရုပ်ချိုးကိုတွေ့ရင်
မေးကြည့်ကြနော်...