တစ်ခါက ဆေးရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုထဲမှာ လူနှစ်ယောက်ရှိကြသည်။ နှစ်ယေ.ာက်လုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။ အခန်းလေးက ကျဉ်းပြီး အပြင်လောကကို ကြည့်စရာ ပြတင်းပေါက်တစ်ခုသာ ပါသည်။
လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လယ်ပိုင်းတွင် သူအဆုတ်ထဲက အရည်တွေ ပိုက်နှင့် စုပ်ထုတ်ရတာကို အကြောင်းပြုပြီး တစ်နာရီခန့် ထိုင်ခွင့်ရသည်။ သူ့ခုတင်က ပြတင်ပေါက်အနီးမှာ ရှိနေသည်။ တစ်ဖက် ခုတင်ရှိ လူနာကတော့ တစ်ချိန်လုံး ပက်လက်လှန်ကာ စန့်စန့်ကြီး လှနြေရသည်။
နေ့လယ်ခင်းတိုင်း ပြတင်ပေါက် အနီးရှိ လူနာက ခုတင်မှာ ခေါင်းအုံးတွေ ဘာတွေ ဆင့်ကာ ကျောမှိပြီးထိုင်ခွင့် ရသည့်အချိန် အပြင်ဘက်ဆီမှ သူလှမ်းမြင်ရသည့် အရာတွေကို အနိးရှိလူအား ပြောပြလေ့ရှိသည်။
ပြတင်းပေါက်က လှမ်းကြည်လျှင် အအြပင်မှာ ပန်းခြံကြီးတစ်ခု မြင်ရသည် ဟုဆိုသည်။ အဲဒီအထဲမှာ ရေကန်ကြီး တစ်ကန်ရှိသည်။ ရေထဲမှာ ဘဲတွေ ငန်းတွေ ရေကူနေသည်။ ကလေးများက သူတို့က ပေါင်မုန့်တွေ ပစ်ကျွေးကြသည်။ ကလေးအချို့က လှေကလေးတွေ မျှောနေသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများျေအာက် လက်ချင်းတွဲုပီး လမ်းလျှောက်နေကြသည်။ ပန်းတွေက ဝေေ၀ဆာဆာ ပွင့်နေသည်။ မြက်ခင်းစိမ်းစိမ်းက အပြန့် ကျယ်လှသည်။ အဲသည်မှာ ဘောလုံးပျော့(ဆော့ဖ်ဘော)ုကစားနေကြသူတွေလဲမြင်သည်။ ဟိုအဝေးဆီက သစ်ပင်တွေ ထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာ အိမ်ရာများ။ ထို့နောက် ပြာလြ့သော မိုးကောင်းကင်။
ပက်လက်လှန်နေရသောသူသည် တစ်ဘက်လူ ခရေစေ့တွင်းကျ ပြောပြသမျှကို နားစွင့်ကာ ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေလျက်ရှိသည်။ ကလေးတစ်ယောက် ရေ ထဲလှိမ့်ကျတော့ မလိုဖြစ်သွားတာ၊ နွေရာသီ ၀တ်စုံသစ်တွေနဲ မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာ ဖြစ်ပျက်နေပုံ အလုံးစုံကို သူ့အာရုံထဲ အသေးစိတ်မြင်ခွင့်ရနေသည်။
သည်လိုနေရင် သာယာသော နေလည်ခင်းတစ်ခုမှာ သူ့ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ တစ်ဖက်လူကတော့ ပြတင်းပေါက်နားမှာနေပြီး အုပင်လောက ရှုခင်းအစုံကို စိတ်တိုင်းကျ ကြည်ခွင့်ရနေသည်၊ မိမိကျုတော့ ဘာကြောင့် အဲသည်နား ထားမပေးဟူသော အတွေဖြစ်သည်။
သည်လို သေးသေးသိမ်သိမ် တွေးမိခြင်းအတွက်လည်း သူရှက်တော့ ၇ှက်မိသည်။ သို့သော် သည်အတွေးကို ဖျောက်နေသည်ကြားကပင် နေရာချင်းလဲချင်စိတ်က ပြင်းပြသထက် ပြင်းပြလာသည်။ ဘယ်နည်းနဲ ဖြစ်ဖြစ် လဲရမှ ဖြစ်မည်ဆိုတာမျိုးအထိ သူတွေးမိလာသည်။
တစ်သည်မှာတော့ သူမျက်နှာကျက်ကို ငေးကြည့်နေစဉ် တစ်ဖက်လူ ၇ုတ်တရက်နိုးလာကာ ချောင်းဆိုးသည်။ ချောင်းဆိုးရင် သီးလာသည်။ သူနာပြုကို အရေးပေါ် ခေါ်သည့် အချက်ပေးခလုတ်ကို နှိပ်ရန် လက်က စမ်းတ၀ါးဝါး လိုက်ရှာသည်။
သို့သော် သူမလှုပ်ရှား။ တစ်ဖက်လူ အသက်ရှူသံ ရပ်သွားသည်အထိ ငြိမ်ပြီး စောင့်ကြည့်နေသည်။
နောက်နေ့မနက်မှာ သူနာပြုဆရာမက တစ်ဖက်လူသေဆုံးနေကြောင်းတွေရှိကာ အလောင်းကို တိတ်ဆိတ်စာပင် သယ်ယူသွားသည်။ က္ကုနြေ္ဒမပျက်လောက်ဟု ထင်ရသော အချိန်လောက်တွင် ကျန်ရစ်သူက သူ့အား ပြတင်းပေါက်အနီးရှိ ခုတင်သို့ ပြောင်းပေးနိုင်မလားမေးသည်။
သို့နှင့် ပြောင်းပေးကြသည်။ သက်သောက်သက်သာ အရှိဆုံးဖြစ်အောင် နေရာ ချပေးသည်။ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားသိုပေးသည်။
သူနာပြုတွေ ထွက်သွား သည်နှင့် တစ်ပြိုင်နက် တံတောင် စတ်ဖက်ပေါ်တွင် အားပြုကာ သူကြိုးစားပြီးထသည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံကာ သူ့ကိုယ်သူ ခဲယဉ်းပင်ပန်းစွာ ထူမပြီး ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်သည်။
အပြင်မှာ နံရံတံတိုင်းတစ်ခုသာ သူမြင်ရလေသည်။
သူငယ်ချင်းတို့ သင်ခန်းစာယူစေချင်လို မျှဝေလိုက်တာပါဗျာ............