မိန်းကလေးရယ် ကိုယ်မင်းကိုသိပ်ချစ်ခဲ့ပါတယ်
ဒါပေမယ့် မင်းလေးက ကိုယ့်ကို အရေးမထား တော့ ကိုယ့်ခံစားချက်ကိုနားလည်နိုင်မှာလား
ကိုယ့်ရှေ့မှာ တစ်ခြားတစ်ယောက်အကြောင်းကို ပြောတာ နားထောင်နိင်ပါတယ် ဒါပေမယ့်
တစ်ခြားတစ်ယောက်နဲ့တွဲတာတော့ လုံးဝမဖြစ်သင့်တာပဲ ဒါပေမယ့် ကိုယ်က မင်းလေး ပျော်မယ်ဆို၇င်
ကိုယ့်ကိုထားသွားလည်းဂရုစိုက်တာမဟုတ်ဘူး မင်းပျော်နေရင် ကိုယ်အားလုံးကိုကျေနပ်နေပါ့မယ် ဒါပေမယ့်
မင်းလေးက ကိုယ့်ကို သူငယ်ချင်းအဖြစ်ပဲနေရအောင်လို့ပြောတဲ့အခါ ကိုယ်ဘယ်လိုဖြစ်သွားလည်သိလား ရင်ထဲမှာရှိတဲ့
ကိုယ့်ရဲ့ အိမ်မက်လောကကြီးက “၀ုန်း”ကနဲ့ ပြုတ်ကြသွားတာကိုမင်းက မသိဘူးလေ မင်းလေးကတော့ ပြောရက်မှာပေါ့
ခံရသူရဲ့ ခံစားချက်ကို နားမှမလည်နိုင်တာ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ မင်းလေးပါးစပ်ကနေထွက်တဲ့ အရာက
ကိုယ့်အတွက်တော့အမိန့်ပေါ့ ဒါကြောင့် ကိုယ့်ခံစားချက်ကို ဒီမှာပဲရင်ဖွင့်ရတာပါ
ကိုယ်ဘယ်လိုဖြစ်ချင်ဆိုတာကိုမပြောပြတော့ပါဘူး
“ ကိုယ်မင်းကိုသိပ်ချစ်ပါတယ် မိန်းကလေး”