Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မောင့်အတွက်ဆိုရင်

$
0
0

အင်းလျားကန်ရဲ့ အလှတရား ငေးကြည့်ရင်း အချစ်နဲ့ ဘ၀ကို ပုံဖော်နေကြတဲ့ ချစ်သူနှစ်ယောက် ကတော့ ပျှော်ရွင်နေကြတယ်။ မ.... မောင်လေ...အခုစီးတီးထုတ်ဖို့ပိုက်ဆံလိုနေတာ... အဲဒါဘယ်လိုလုပ်ရမလဲဟင်..... အော်.. မောင်ကလဲ မရှာပေးမှာပေါ့... စိက်မပူနဲ့နော်..မောင်.... မကို...အားနာမိတယ်မရယ်... မလိုပါဘူးမောင်ရယ်.... မ.. ရအောင်ရှာပေးမယ်နော်.... မောင်ဘာစားပြီးပြီလဲ မနက်ကတော့.... ကော်ဖီနဲ့မုန့်နဲ့.....စားလာတယ်.. အော်..ဒါဆိုအခုဆာနေရောပေါ့... ဟိုဘက်ကဆိုင်မှာ တခုတခုသွားစားကြမယ်နော်... အော်ဒါနဲ့... မောင်ဘယ်တော့..ပိုက်ဆ့ယူမှာလဲ................... နောက်တပါတ်လောက်ဆိုယူမယ်လေ ..မ... ဒီမှာပဲ..မနဲ့တွေကြမယ်နော်... ဆိုင်လေးတွင်းသို. သူဒို့ဝင်လာကြတယ် ဆိုင်ထဲက စားပွဲထိုးလေးတယောက်ထွက်လာပါပြီ၊ အကိုလေးနဲ့... အမလေးဒို့.. ဘာများသုံးဆောင်မလဲ.. မသိဘူးခင်ဗျ.... ကော်ဖီ နှစ်ခွက်အရင်ချပေးနော်ညီလေး... ဟုတ်အကို.... စားပွဲထိုးလေးဆိုင်ထဲသို့ သို့ပြန်ဝင်သွားသည်၊ မ..မောင်လေ.. မကိုအရမ်းအားနာမိတယ်..သိလား... မောင်အတွက်နဲ့.... မ.......ဖည့်ဆည်းပေးတာတွေကများနေပြီ.... မ..ရဲ့ကျေးဇူးတွေကို...မောင်..ဘယ်လိုပြန်ဆပ်ရမလဲတောင်... မသိတော့ဘူး... မောင်..ကလဲကွာ..ဘာတွေပြောနေတာလဲ.. မောင်နဲ့မရဲ့ချားမှာ.. အဲ့ဒါတွေမလိုပါဘူး... မ..သိတာက...မောင်..ပျှော်ရွှင်နေတာ ကိုပဲမတွေ့ချင်နေတာ.. မောင်သာအောင်မြင်အောင်... ကြိုးစားနော်.. ဒါမှ မနဲ့မောင်ဒို့ရဲ့ဘ၀.. ပျော်ရွှင်ရမှာ နော် ..မောင်.. ဒီလို့နဲ့အချိန်တွေကုန်လွင်လာခဲ့တယ် ညနေရဲ့.... ရီဝေနေတဲ့ နေမင်းအောက်မှာ ချစ်သူနှစ်ယောက်ရဲ့ အိမ်ပြန်ချိန်တွေက၀မ်းနည်းစွာနဲ့ပဲ ရောက်လာခဲ့တယ်။ ညနေဆိုသူလုပ်တဲ့အလုပ်က စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့အလုပ်လေသူဒီအလုပ်ကိုသူလုပ်နေတာကြာနေပါပြီ ဘာကြောင့်လဲဆိုတော့ သူ့မှာကအမေအဖေဆိုတာ မရှိဘူးလေ နယ်က အဒေါ်တွေဆီက ပို့တဲ့ပိုက်ဆံနဲ့ ကျောင်းတက်ရတာမလောက်လို့ ဒီအလုပ်ကို သူလုပ်ရတာပါအခုဆိုလည်းသူ့ချစ်သူအတွက်ငွေလိုနေလို့ သူရှာရတော့မယ် သူမှာကလဲ မရှိဘူုး သူ့သူဌေးဆီကပိုက်ဆံချေးဖို့ သူဆုံးဖြတ်လိုက်တယ် အဆင်ပြေတယ်လို့ပဲ ပြောရမယ်သူဌေးက အခန်းထဲမှာအဆင်သင့်ရှိပါသည် သူအခန်းထဲသို. ၀င်လာခဲ့တယ် ဆရာ... သမီးပြောစရာရှိလို့ပါ... အော်.. ယွန်း...သမီးပြောလေ.... ဆရာဘာကူညီရမလဲ...သမီး.. ဆရာဆီကပိုက်ဆံ... ဆယ်သိန်း... လောက်ချေးချင်လို့ပါ... ဆရာ... သမီးပြန်ဆပ်မှာပါ..ဆရာ... အော်...ဒါဆိုလည်းယူလေ... သမီး.. ဦးအခန်းထဲမှာ.... သွားယူလိုက်နော်.. ဘီရိုထဲမှာ..ရှိတယ်... ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်ဦး... ရပါတယ်သမီးရယ်...မလိုပါဘူး.. ဟုတ်ဦး..သမီး.... သွားယူလိုက်မယ်နော်... သူအခန်းထဲသို့ဝင်လာခဲ့သည် အခန်းဒေါင့်တွင်ရှိသော ဘီရိုထဲတွင်သူကြည့်လိုက်သည် ဟင် ပိုက်ဆံလည်းမတွေ့ပါဘူး သူသေချာပြန်ရှာပါသေးသည် ဒါပေမဲ့ မတွေပါဘူး ဂျိမ်း...ဆိုတဲ့ တံခါးပိတ်သံတခုကြောင့် သူလန့်သွား သည် နောက်သို့ လှည့်ကြည့်လိုက်သည် ။ ဟင်..... ဦး.. ဘာလုပ်တာလဲဟင်.....ဘာမှမလုပ်ပါဘူး.....သမီးရဲ့.. ပိုက်ဆံက ဦးပိုက်ဆံ အိတ်ထဲမှာ....သမီးကိုမှားပြောမိလို့... ဦးပိုက်ဆံလာပေးတာ...ရော့ သမီးပိုက်ဆံ.. သူပိုက်ဆံကို ယူလိုက်ပြီး သူ့ပိုက်ဆံအိတ်ထဲကို ထည့်လိုက်သည်။ဦး.. သမီးပြန်တော့မယ်နော်.... နေပါအုံးသမီးရဲ့..ဘာလုပ်ဖို့လဲဦးရဲ့.. ဦးပြောစရာရှိလို့ပါ... ဘာပြောမလို့လဲဟင်.... ဦး..သမီးကိုချစ်တယ်ကွာ ဦးကို ပြန်ချစ်ပါလားသမီးနော်...သမီးနော်....သီးမလုပ်ပါနဲ့.နော် ဦးသမီးတောင်းပန်ပါတယ်... ဦးသမီးကိုချစ်တယ်ကွာ နော်... သမီးတောင်းပန်ပါတယ်ဦးရယ်...မလုပ်ပါနဲ့နော်... ဦး.သမီးကိုချေးတဲ့ ပိုက်ဆံမယူတော့ပါဘူး... သမီး..နော်...သမီးတောင်းပန်ပါတယ်ဦးရယ်နော်... သူဘယ်လိုမှ ပြောလို့မရတော့ပါ သူဘ၀တခုလုံးကတော့ စုပ်ပဲသွားခဲ့ပါသည်။ နေရောင်ခြည် ရဲ့ အလင်းတန်းက အင်းလျှားကန် ရေပြင်ကျယ်ကို ထိုးဖေါက်ရန် မလွယ်ကူ နိုင်သလို ချစ်ခြင်းမေတာကိုလဲ ဘယ်လိုအရာမှ ထိုးဖေါက် နိုင်လိမ့်မယ် လို့  မထင်မိပါ...ဟုတ်ပါတယ်...သူ့ ရဲ့ အချစ်ကိုပဲ ကြည့်လေ... အရာရာကို ရင်ဆိုင်ကျော် လွားပြီးတော့ သူ့ ချစ်သူကို သူပေးဆက်နေတာပါ... အဲ့ဒါ သူ့ ချစ်သူကို သူဘယ်လောက်ချစ်လဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး...သူအတွေးတွေလွန်းသွားခဲ့သည်..သူ့ ချစ်သူ မောင် ဘယ်အချိန်က ရောက်နေ မှန်းတောင် မသိခဲ့ပါ... မ. ရောက်နေတာကြာပြီလား မောင်နောက်ကျသွားတာဆောရီးနော်.. မောင် ဒီမှာ... မောင် လိုချင်တဲ့ ပိုက်ဆံ ဆယ်သိန်း... မရယ် ...မောင့် ကိုဒီလောက် ချစ်ရသလား မရယ်...မောင်လေ...မ ကို အရမ်း ကျေးဇူးတင်တာပဲ...မရဲ့  အချစ် ကို မောင်အရမ်းလေးစားတာပဲ.... မောင်ရယ် ...အဲ့ဒါတွေပြောမနေပါနဲ့ တော့...မောင်ပိုက်ဆံသွား သွင်းရ ဦးမယ်မလား...နောက်ကျနေဦးမယ်လေ..သွားကြမယ်နော်........။ မောင်ရယ် မောင့်ကို မ ဘယ်လောက်ချစ်လဲ ဆိုတာ မ ကိုမ အသိဆုံးပါ... မ ဒီပိုက်ဆံတွေ ဘယ်လိုရလာလဲ ဆိုတာ..မောင့် ကို မ ဘယ်လိုပြောပြရမလဲ..ဘယ်လို လို့ ပြောထွက်ပါ့ မလဲ..မောင်သာသိသွားမယ်ဆိုရင် လည်း ဒီပိုက်ဆံ ကို မောင် လက်ခံမှာမဟုတ်ဘူးဆိုတာ မ သိနေတယ်...အဲ့ဒါကြောင့် အခုပြောမဲ့စကားကို ရင်ထဲမှာပဲ သိမ်းထားလိုက်ပါတော့မယ်....သူမ စိတ်ထဲကပဲတွေးနေမိခဲ့သည်။

( ၇ လခန့်  ကြာ သော်)

နေရောင်ခြည်ဖြာလဲ့လဲ့ အောက်တွင် ရန်ကုန်ပြည့်သူ့ ဆေးရုံ ကြီး က ထီးထီး မားမာကြီး မြင် နေရသည်....

မယွန်းယွန်း ရှိပါသလားရှင်... နက်စ် ဆရာမ တစ်ယောက်အသံကိုကြားလိုက်ရသည်....

ဟုတ်ကဲ့ ..ရှိပါတယ်....

ဒီမှာ ဆေးစစ်ချက် အဖြေ ထွက်လာပါပြီရှင်....ပြောရမှာတော့ စိတ်မကောင်းပါဘူး...

ရှင်....ဆရာမ ...ကျွန်မ မှာ ဘာ ရောဂါများ ရှိလို့ ပါလဲ ရှင်....

ပြောရမယ့် အဖြေကတော့ နားထောင်လို့ မကောင်းပါဘူး...မယွန်းယွန်း စိတ်ခိုင်ခိုင် ထားပါနော်...

ဟုတ် ..ဟုတ်ကဲ့ ပြောပါ ဆရာမ... ပြောပါ...

မယွန်းယွန်းမှာ HIV/AIDS လို့ ခေါ်တဲ့ ရောဂါပိုး ဟာ ဦးနှောင့် ထိ ပျံ့  နှံ့  နေပါပြီ....

ရှင်...............။

************

ဒီနေ့  ဟာ အလင်းရောင် ရဲ့  အပျော်ဆုံး နေ့ တစ်နေ့  ပါပဲ....ဘာလို့ လဲဆိုတော့ သူ့ တကိုယ်တော် စီးရီး ခွေ မိတ်ဆက်ပွဲ နေ့ လေ...ဒီလောက်အောင်မြင်မယ်လို့ တောင် သူ့ ကိုယ်သူ ထင်မထားမိဘူး...ရည်မှန်းချက်တော့ရှိခဲ့တာပေါ့...
ဒီလောက်ထိအောင်မြင်မူ့ မျိုး မမှန်းခဲ့ဖူးဘူး...သူအရမ်းပျော်နေမိသည်...ဒီအချိန်မှာသာ သူ့ ချစ်သူသာ ဘေးမှာ ရှိရင် သူ ဒီထက်ပိုပျော်နေမိမှာ အမှန်ပဲ...ဒါပေမယ် မနက်က သူ့ ချစ်သူဆီကနေ သူမ ဒီနေ့ မလာနိုင်တော့ကြောင်ဖုန်းဝင်လာခဲ့ပြီးပြီ......

(4 လခန့်  ကြာသော်)

ရန်ကုန်မြို့  ရဲ့  ကျက်သရေ ဆောင် ဘုရားကျောင်း ကြီးကို သူ ကားပတ်မောင်လာခဲ့ သည်... သူ့ ချစ်သူ မမယွန်းနဲ့ လဲ မတွေ့ ရတာ လေးလ ခန့်  ရှိပြီဖြစ်သည်...သူ အလုပ်မအားဖြစ် ကာ အချိန်တွေကြာနေခဲ့ခြင်းဖြစ်သည်...

တာမွေသို့ သွားပြီး သူ့ ချစ်သူ ကို ၀င်ခေါ်ကာ အသစ်စက်စက်ဝယ်ထားတဲ့ ပရာဒို ကားကြီးနဲ့ မြို့ အနှံ့  လျှောက် ပတ်မောင်းကြမည် ဟု သူ၏အတွေး တွေ ထဲမှာ အရမ်းပျော်နေမိသည်....

ထိုစဉ်.... ကလင်ကလင် ကလင် ...

ဟန်းဖုန်းမှ အသံ ကနားထဲရောက်လာခဲ့သည်...

ဟဲလို ...အလင်းရောင်ပြောနေပါတယ်....

ဟုတ်ကဲ့ ...ကျွန်မ မယွန်းသူငယ်ချင်းပါရှင်...

ဟုတ်ကဲ့ပြောပါ....

မယွန်း အခု ဆေးရုံ မှာ အရေးပေါ် တင် ထား ခံရတယ် ...ဖြစ်နိုင်ရင် အခု ချက်ချင်းလာခဲ့ပါလားရှင်...

ဗျာ.......... ဟုတ် ဟုတ် ကဲ့ ကျွန်တော်လာခဲ့ပါမယ်....

သူ၏စိတ်ထဲမှောင်မိုက်သွားခဲံသည်.... သူ၏အချစ်ဆုံးသောချစ်သူ ဆေးရုံတင်ထား ရတယ်တဲ့....သူ စိုးရိမ်စိတ်တွေနဲ့ ...ရေန်ကုန်ဆေးရုံသို အလျှင်မြန် ကားမောင်းကာ အရောက်သွားခဲ့သည် ။

ဆေးရုံသို့ ရောက်ရောက်ချင်း .... သူ ၏ချစ်သူ မယွန်း ရှိရာ အခန်းသို့ အပြေးတပိုင်း ၀င်ရောက်ခဲ့ပြီး.....

မ....မောင်ရောက်လာပြီလေ....မ....

မောင်....မောင်ကို မ အရမ်း ချစ်တာပဲသိလား....မောင်အခုလို အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်လာတာ မအရမ်းပျော်တယ်...ဂုဏ်လဲဂုဏ်ယူမိတယ်... သိလား.... မလေ... မောင့်ကို.......အ ..အား ...

ဖြေးဖြေးပြောပါ မရယ်....နော် ...မောင်နားထောင်နေပါတယ်...မပြောတာတွေ အကုန်နားထောင်နေပါတယ်....ဟုပြောကာ သူမကို ဆွဲထူပြီး သူ ရင်ခွင်ထဲသို့ ထွေးပွေးထားလိုက်သည်.....

မောင့်ကို မ လက်ဆောင် တစ်ခု ပေးစရာရှိတယ် သိလား....မရဲ့ ဒဏ္ဍာရီ စာအုပ်လေးပါ.....အွတ်ဟွတ်...အဟွတ်... မောင် မကို ဖတ်ပြပါနော်...မောင်ဖတ်တာ နားထောင်ချင်တယ်...

ချစ်သူ ခိုင်းတဲ့အတိုင်း ချစ်သူစိတ်ချမ်းသာဖို့ အတွက်...သူမ ၏ ဒဏ္ဍာရီစာအုပ်လေးကို ဖွင့် ဖတ်ပြလိုက်ပါသည်....

(မောင့်အတွက်လက်ဆောင်)

အချစ်ကို စာစီ

အမုန်းကို ပြာချ

မေတာကို ရှေ့တန်းတင်

ဂရုဏာကို ရင်ခွင်ပိုက်

အကြင်နာကို လက်မှာတွဲပြီး

မောင်သာခွင့်ပြုမယ်ဆိုရင်

မောင့်ရဲ့ ခြေဖမိုးလေးမှာကပ်နေတဲ့

သဲတစ်ပွင့်ဖြစ်ခွင့်ရမယ်ဆိုရင်တောင်

မ ထာဝရကျေနပ်နေမဲ့သူပါမောင်ရယ်...။

ကဗျာလေး ဆုံးသွားတော့ သူ့ ပါးပြင်မှာ အတိုင်းအဆမရှိ တဲ့ မျက်ရည်မိုးတွေ ရွာသွန်းမိလေသည်။

မရဲ့ အချစ်တွေကို မောင်ဘယ်လို မှမေ့ လို့ ရမှာမဟုတ်တောပါဘူး...

မ မောင်ပြောတာကြားရဲ့ လားဟင်....မ မ မ

သူဘယ်လောက်ပဲ ပြောပါစေ သူ့ ချစ်သူ ယွန်းတစ်ယောက်ကတော့ ဒီလောကကြီးထဲကနေ ထာဝရ ထွက်ခွာသွားခဲ့ပါပြီ...။

မ မောင့်ကိုကြည့်ပါဦး မရယ်.... မကို ချစ်တဲ့စိတ်နဲ့ မောင်အောင်မြင်အောင်ကြိုးစားတာ အခုအောင် မြင်ခဲ့ပြီလေ မရဲ့ ... မ ဖြစ်စေချင်တဲ့ အရာတွေ အားလုံးလဲ ဖြစ်လို့ ရပြီလေ...မ ...မောင့်ကိုထ ကြည့်ပါဦးလား..

လူလေး သတိထားပါကွာ...လူနာအသက်မရှိတော့ပါဘူးလူလေး....

ဘေးမှ ဆရာဝန်ကြီး ရဲ့ အသံ ကိုကြာ မိလေသည်...

ဗျာ...... မဖြစ်နိုင်တာဗျာ...မက ကျွန်တော့်ကို ဘယ်တော့မှ ခွဲ မဟုတ်ဘူးဗျ...ဟုတ်တယ်နော်...မ... ဟုတ်တယ်မလား..

တွေ လား ဆရာ ...ဟုတ်တယ်တဲ့ မ ကကျွန်တော့်ကိုပြောနေတယ်...တွေ့းလား....ဟားးဟားး ခင်ဗျား တိုးရူးနေပြီး....ဟားဟား

မမောင့် ကို ဘယ်တော့မှ ခွဲမသွားနဲ့ နော်...မနော်...

အင်းပါ မောင်လဲ မကို ဘယ်တော့မှ ခွဲမသွားတော့ဘူး သိလား...သြော်...မောင်သတိရပြီ...မနဲ့ မောင်နဲ့ ကတိတစ်ခုထားခဲ့တယ်လေ...မောင်အောင်မြင်တဲ့အချိန်ကြရင် အသစ်စက်စက်ဝယ်ထားတဲ့ကား ကြီးနဲ့ လျှောက် လည်ကြမယ်လို့  ကတိတွေ ထားခဲ့ကြတယ်လေ....ဟုတ်တယ်မလား မ...အခု မောင်လိုက်ပို့ မှာလေ....

ခင်ဗျားတို့ က ဘာကြည့်နေကြတာလဲ....ဒီမှာ ကျွန်တော့် ချစ်သူမသေဘူး တွေ့ လား...မသေဘူးဗျ...တွေ့ လား...

ကျွန်တော်နဲ့ စကားတွေပြောနေတာ..ခင်ဗျားတို့ မတွေ့ ဘူးလား...ခင်းဗျားတို့ ရူးနေပြီလား ဟား...ဟား...ဟားးးး

အချစ်ကိုတန်ဖိုးထားစွာချစ်ခဲ့တဲ့ချစ်သူနှစ်ယောက်ကတော့ ချစ်သူမောင် အတွက် ပေးဆပ်ရင်ဒး ကံမကောင်းစွာ အသက်ဆုံးရှုံးခဲ့ရသည်...တစ်ယောက်ကတော့..ချစ်သူကို ဘာမှမပေးဆပ်နိုင်ဘဲ..ချစ်သူ၏ ကံဆိုးမှု့ ကိုကြည့်ပြီးရှုးသွပ်သွားခဲ့ရသည်..

ထာဝရဆုတောင်းပေးလိုက်ပါသည်...ချစ်တဲ့သူတိုင်းပျော်၇ွင်နိုင်ပါစေ... ။

( အလင်းရောင် )

ရင်တွင်းဖြစ်စာရေးသားသူ....


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>