စာဖတ်ခြင်းဟာ တကယ်ပဲ ပျင်းစရာကောင်းပါသလား။ ပျင်းစရာမဟုတ်ပါဘူး ပျော်စရာကောင်းတာ
ပါ။ စာဖတ်ခြင်းကနေ ဗဟုသုတတွေ ရမယ်။ အသိအမြင်တွေတိုးပွားမယ်။ အရင်က မသိခဲ့တဲ့အရာ
တွေသိရမယ်။ အမှန်လို့ထင်ထားတွေကို စာဖတ်ခြင်းမှတဆင့် အမှားတွေမှန်း သိလာမှာပါ။ လူတစ်
ယောက်ရဲ့စိတ်ဓါတ် ရင့်ကျက်တည်ငြိမ်ဖို့အတွက် စာကို မဖတ်မဖြစ်ဖတ်သင့်ပါတယ်။
လူမျိုးများ၊ နိုင်ငံများ တိုးတက်ကြီးပွားဖို့အတွက်ကလည်း စာဖတ်ခြင်းဟာ အဓိကကျတဲ့ အခန်း
ကဏ္ဍကနေ ပါဝင်ပါတယ်။ စာဖတ်တဲ့လူမျိုးဟာ တိုးတက်ကြီးပွားပါတယ်။ ဗဟုသုတ ကြွယ်ဝပါတယ်
စာဖတ်တဲ့လူဟာ လူ့အောက်မကျပါဘူး။ အလိမ်မခံရပါဘူး။ ဖတ်ရင် ဖတ်သလောက် အရာရာကို
အကျိုးအကြောင့်သင့် ဆင်ခြင်နိုင်ပါတယ်။ စာမဖတ်လေ ဘာမှမသိလေ ဖြစ်တတ်ပါတယ်။ အမှားတွေ
ကို အမှန်ဟု မြင်တတ်ပါတယ်။ အမှန်တွေကို လည်း အမှားဟုထင်တတ်ပါတယ်။
ဘယ်လောက်ပဲ လက်တွေ့ပဲကောင်းပါတယ်ပြောပြော စာဖတ်ခြင်း မရှိတဲ့ လက်တွေ့ဟာ အချည်းနှီး
ဖြစ်ဖို့များပါတယ်။ သို့မဟုတ်ပါကလည်း အမှားတွေများတတ်ပါတယ်။ စာကိုဖတ်ရင် ဖတ်သလောက်
အကျိုးရှိပါတယ်။ နည်းနည်းဖတ်ရင်နည်းနည်း ၊ များများဖတ်ရင်များများ အကျိုးရှိပါတယ်။ စာဖတ်လို့
အကျိုးယုတ်တယ်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် မှိုင်းတိုက်ထားတဲ့စာတွေကိုတော့ မဆိုလိုပါဘူး။
စာဖတ်ခြင်းအားဖြင့် လောကကြီးအပေါ်အမြင်တွေ ကောင်းမွန်လာမယ်။ လူသားတွေအပေါ် မှာ စာနာနား
လည်တတ်လာမယ်။ အရာရာကို နှိုင်းယှဉ် ချိန်ဆတတ်လာမယ်။
ဘ၀မှာ လမ်းမပျောက်အောင် စာပေက ထိန်းကျောင်းပေးပါတယ်။ ဖတ်မှတ်ဖူးတဲ့ စာလေတစ်ပုဒ်
ကြောင့် အသက်ဘေးမှ လွတ်မြောက်သွားတဲ့သာဓကတွေလည်း များစွာရှိပါတယ်။ စာဖတ်တဲ့အခါမှာ
အဓိပ္ပါယ်ရှိတဲ့ စာနဲ့ အဓိပ္ပါယ်မရှိတဲ့စာကို ခွဲခြားဖတ်သင့်ပါတယ်။ ဒါဟာလည်း စာတွေဖတ်ရင်းနဲ့
အလိုလို ခွဲခြားတတ်လာမှာပါ။ မိမိအတွက်နဲ့အများအတွက် အကျိုးရှိရှိလုပ်ခြင်းဆိုရင် စာဖတ်ခြင်းလည်း
ပါဝင်ပါတယ်။ စာဖတ်ခြင်းဟာ အရှုံးမရှိသော အလုပ်တစ်ခုဖြစ်တာကြောင့် စာကို မဖတ်မဖြစ်ဖတ်သင့်
ပါတယ်။
↧
စာဖတ်ခြင်းကပျင်းစရာကောင်းသလား
↧