မုနိ ၈-ဆူ သိမှတ်ဖွယ် --- (၁) သဟံပတိ ဗြဟ္မာမင်း ဝတ်လဲတော်ကို ဌာပနာပြီး တည်ထားတဲ့ ဒုဿ မုနိ၊
(၂) သိကြားမင်း ဆံတော်ကို ဌာပနာပြီး တည်ထားတဲ့ စူဠာ မုနိ၊
(၃) ကပိလဝတ်ပြည်၌ တည်ထား ကိုးကွယ်တဲ့ သကျ မုနိ၊
(၄) သာဝတ္ထိပြည်၌ ပေဿနဒီကောသလမင်း တည်ထား ကိုးကွယ်တဲ့ စိန္တာမုနိ၊
(၅) ရာဇဂြိုဟ်ပြည်၌ အဇာတသတ်မင်း ထုလုပ် ကိုးကွယ်တဲ့ ရာဇ မုနိ၊
(၆) ဟိမဝန္တာ၌ မဟေသရနတ်မင်း ကိုးကွယ်တဲ့ လောကာ မုနိ၊
(၇) ဓညဝတီ၌ စန္ဒသူရိယမင်း ကိုးကွယ်တဲ့ မဟာ မုနိ၊
(၈) အမရပူရ၌ ဘုရင်မင်းမြတ် ကိုးကွယ်တဲ့ စန္ဒ မုနိ --- တို့ ဖြစ်ကြပါတယ်။