Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နဲ့ နဲ့ တော့ ပြန်ပေးပါ အမုန်းရဲ့ အချစ်

$
0
0

မယ်သီတာက ဒသကို မုန်းဟန်ဆောင်ခဲ့ တာလား.......။

တကယ်ပဲမုန်းခဲ့ တာလား ဝေခွဲမရနိုင်ဘူး.။တကယ်တော့ အချစ်ကြီးတဲ့ ဒသကအရှုံးကြီးရှုံးနိမ့် ခဲ့ ရတယ်.။

အောက်ကျနောက်ကျခံခဲ့ ရတယ်..။တကယ်ချစ်ခဲ့ တဲ့ သူဟာ ဘာမဆိုပေးဆပ်ပြီးနေရာတကာမှာ

အရှုံးပေးနေရတယ်..။

 

ချစ်သူကိုမျက်နှာငြိုးတာတောင်မမြင်ရက်ခဲ့ ပါဘူး..။

ဒသကရုပ်ဆိုးပေ့ မဲ့ စိတ်ကြမ်းကိုယ်ကြမ်းရှိပေ့မဲ့ အချစ်နဲ့ တွေ မှနှုးညံပျော့ ပျောင်းလာတယ်.။

အချစ်နဲ့ စစ်မှာမတရားတာမရှိဘူးဆိုပေ့မဲ့ သူချစ်သူကိုပြန်ရရေးအစွမ်းကုန်ကြိုးစားပြီးချစ်ခြင်းတွေအပြည့်နဲ့ 

အသက်ပေးချစ်သွားတဲ့ ဒသကိုတော့ အချစ်သူရဲ့ ကောင်းတစ်ယောက်လို့ မြင်မိတယ်......။

မယ်သီတာကတော့ ဒသကိုတကယ်မုန်းခဲ့ တာလားမသိပေ့မဲ့  ဒသသာနတ်လေးကိုတင်ပြီးပစ်နိုင်ခဲ့ မယ်

ဆိုရင် ဒသနဲ့ လက်ထပ်ရမှာကမယ်သီတာပါပဲ.။

 

သူမချစ်ပဲလက်ထပ်မှာပဲလား............ဖိုးဇော် အတွေးတွေနယ်ချဲ့ ရင်းတချိန်ကတဖက်သတ်ချစ်ခဲ့ ရသော

မိုးကိုသတိရနေမိတယ်....။အဲဒီချိန်တုန်းကဖိုးဇော်နဲ့ မိုးဟာအရမ်းခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်

ငယ်ငယ်ကတည်းကတွဲလာပြီးတက္ကသိုလ်ရောက်တဲ့ နှစ်မှာ မိုးက ဖိုးဇော်မသိအောင်ရည်းစားထားခဲ့ တယ်..။

 

အဲဒီမှာဖိုးဇော်ပေါက်ကွဲပြီးမိုးရဲ့ ချစ်သူကိုရန်ရှာခဲ့ ပြီးသူတို့ နှစ်ယောက်ကိုခွဲခွာသွားအောင်လုပ်ခဲ့ တယ်...။

မိုးကလည်းသူချစ်သူကိုအရမ်းချစ်မိခဲ့ တော့ ငယ်ငယ်ကသူငယ်ချင်းသံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာကိုမမြင်ခဲ့ 

ပဲဖိုးဇော်ရဲ့ နှောင့်ယှက်မူကြောင့် သူချစ်သူနဲ့ ခွဲခဲ့ ရတယ်ဆိုပြီး ၇န်သူတစ်ယောက်ဖြစ်မြင်ကာအမုန်းကြီး

မုန်းသွားခဲ့ တယ်....။

 

တကယ်တော့ မိုးဟာဖိုးဇော်ရဲ့ မခူး၇က်ပဲအလှကြည့်ခဲ့ ရတဲ့ ပန်းကလေးတပွင့် ဖြစ်ခဲ့ တယ်.။

ငယ်ငယ်ကတည်းကခင်မင်မှုနဲ့ တွဲနှောင်ရစ်လာခဲ့ တဲ့ အချစ်မေတ္တာကြောင့် ဖိုးဇော်ဟာမိုးကိုအချစ်ကြီးချစ်ကာ

အရာရာကိုအရှုံးပေးလိုနေလာခဲ့ တာ.....ခုတော့ မခူးရက်တဲ့ ပန်းကလေးတပွင့် ကိုတခြားသူလက်ထဲကို

ရောက်သွားမှာဆိုးကြောက်ပြီးရန်ရှာမိခဲ့ တာ......။

 

နောက်ဆုံးတော့ အချစ်ကြီးချစ်ခဲ့ သူတစ်ယောက်ရဲ့ နောက်ဆုံးနှုတ်ဆက်အမုန်းဆိုတဲ့ ခါးသီးမှုကို

ဖိုးဇော်ရရှိခဲ့ တယ်...။

 

မိုးရယ်င်ါကိုတကယ်ပဲမုန်းတီးနားကြည်းသွားပြီလား.........။

တကယ်ချစ်ခဲ့ မိလို့ အနှောင့်ယှက်ပေးခဲ့ မိတာ နင်ဘက်ကတန်ပြန်အပြုံးကတော့ အမုန်းဆိုတဲ့ ဆုတံစိတ်ပဲလား

မိုးရယ်..........။

နင်အမုန်းကြောင့် ငါရင်ထဲမှာမချိအောင်ခံစားခဲ့ ရပါတယ်....။တကယ်တော့ နင်ဟာငါဘ၀ရဲ့ နက်ရှိုင်းတဲ့ 

နှလုံးသားတစ်နေရာကပေါက်ဖွားလာခဲ့ တဲ့ ပန်းကလေးတပွင့် ပါ.....။ပန်းပွင့် ပြီဆိုမှတပါးသူရဲ့ ခူးယူခြင်း

ခံလိုက်ရမယ်ဆိုရင်နက်ရှိုင်းစွာနဲ့ စိုက်ပျိုးခဲ့ တဲ့ ဥယျာဉ်မှုးတစ်ယောက်ရဲ့ ဘ၀ကိုနင်တွေးကြည့်ပါ........။

ဘယ်လောက်တောင်ခံစားလိုက်ရမလဲလို့ ........။

 

တကယ်တော့ မယ်သီတာကဒသကိုချစ်ခဲ့ တယ်လို့ ငါထင်တယ်......။

သူရဲ့ အချစ်ကြီးမှုကိုအလေးနက်မပြုပဲမနေနိုင်ခဲ့ ပါဘူး..။အမျိုးမျိုးနှောင့် ယှက်ခဲ့ တဲ့ ဒသကိုတောင်မယ်သီတာ

ခွင့်လွှတ်နိုင်သေးရင် နင်အပေါ်အချစ်ကြီးချစ်ခဲ့ တဲ့ ငါကိုတခါလောက်တော့  အချစ်နဲ့ နဲ့ တော့ပြန်ပေးပါ

မိုးရယ်......။နင်ကိုတကယ်ချစ်လွန်းလို့ ပါ..........။မင်းရဲ့တန်ပြန်အမုန်းနဲ့ တော့ မနှိပ်စက်ပါနဲ့ ငါတကယ်မခံစား

နိုင်တော့ လို့ ပါမိုးရယ်......။

နင်ရဲ့ အမုန်းတွေ့ ချော့ လို့ နဲ့ နဲ့ တော့ ပြန်ပေးပါအမုန်းရဲ့ အချစ်ကို မျှော်လင့် တမ်းတနေဆဲပဲမို့ ပါ.....။

 

                            အားလုံးကိုလေးစားခင်မင်လျှက်

                                သန့် ဇင်ဦး(နတ်ဆိုး)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...