Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

♥ ♫ မောင့် ... ချစ်သူ ♥ ♫

$
0
0



“ မောင် .. ထာဝရ အချစ်တို့ အတွက်ဆို …မောင် ...ဘယ်သူ တားတား မခြားဘူးဆို … မောင် …ရေ ..တစ်နာရီလေးမှ မဝေးဘူးဆို …
မောင် ..ဘယ်သူ ဖျက်ဖျက် မပျက်ဘူးဆို …. ဘယ်သူက မှ မဖျက်ပါပဲ နဲ့ ….ကန့်ကွက်မဲ့ လူ မရှိပဲနဲ့ ….
လက်တွဲ ဖြုတ် နောက်ဆုပ် …နှုတ်ဆက် ချိန်ကို မုန်း တယ် ..”
သီချင်းသံက ….ခံစားရင်သူရင်ကို …ပို၍ နာကျင်စေပါသည် ။ မငိုဘူး တင်းထားခဲ့သော မျက်ရည်စက်က မျက်ဝန်းမှာ လှုပ်လီလှုပ်လဲ့ ..
မျက်တောင်ကို တဖျက်ဖျက်ခတ် ရင်း မသိမသာ ခါချ မိပါသည် ။ မျက်ရည်ဆိုတာ မခန်းသ၍တော့ ကျနေရအုံးမယ်ထင်ပါရဲ့ ။နုနယ်တဲ့ နှလုံးသားက ဒါဏ်ရာပြင်းပြင်းတွေ ထိုးနက်မူကြောင့် ကြေမွလို့ပေါ့ ။ ၀ဲဘတ်ရင်အုံရဲ့ တစစ်စစ်နာ ကျင်မူက ဘာနဲမှ နှိုင်းလို့မရ ။ အသဲကွဲတယ်ဆိုတာ ဆိုးတယ်နော် ။


“ မှုံ .. နင့်ရုပ်ကလဲဟယ် ... ထမင်း ၇ ရက်မစားရတဲ့ ရုပ်နဲ့ ။ ပျော်ပျော်နေစမ်းပါ ။ ”
“ အေးပါဟယ် ။ အစွဲအလန်းကြီးတတ်တာ ငါ ရဲ့ အားနည်းချက်ပါ ။ အချိန်နဲပဲကုစားရမှာပေါ့ ”
ကိုယ့်ကိုမြင်ရသော သူငယ်ချင်းတွေတောင် စိတ်မချမ်းသာ ဖြစ်နေကြရပြီ ။ ပင့်သက်ကိုချရင်း ကံ .. ကံ၏စီမံရာပဲပေါ့ ။ ကိုယ်ဖြစ်ချင်တိုင်းမဖြစ်တာ လောကသဘာဝ ပဲလေ ။


မှုံလေ မောင့်ကို အရမ်းချစ်ခဲ့ပါတယ် ။ ချစ်လဲချစ်နေဆဲပါ။ မောင်ကလဲ ချစ်ခဲ့တယ်လို့ ယုံကြည် ခဲ့ပါတယ်။ အကြင်နာတွေနဲ ဂရုစိုက်မူတွေရခဲ့တုန်းက မိုးမမြင်လေမမြင်ပျော်ခဲ့ဘူးပါတယ် ။ဒါပေမဲ့ ခုတော့ အိမ်မက်လို ပျောက်ကွယ်သွားခဲ့ပါပြီ။
အိမ်မှာ အငယ်ဆုံးသမီးမို့ တအိမ်လုံးရဲ့ အချစ်ပိုမူကို ခံစားခဲ့ရပါတယ်။ အဲ့ဒီအကျင့်က ချစ်သူ ရထဲ့အထိပါလာခဲ့တယ် ။ အားလုံးထက် ကိုယ့်ကို ဂရုစိုက်မှ ကြိုက်တယ် ။ အလေးထားမှ ကြိုက်တယ် ။
ချစ်သူ ဖြစ်လာတော့ မောင် ကမူတွေပြောင်းလဲလာခဲ့ပြီလေ။
တွေ့လိုက်တိုင်းမအားတော့ဘူး။ အလုပ်ကိုပဲ အလေးထား ပြီး စကားတောင်ကောင်းကောင်းမပြောရတော့ဘူး ။ ရင်ထဲက ခိုးလိုးခုလုက တစ်စ ထက် တစ်စ ပို၍ကြီးထွားလာခဲ့ပါတယ် ။ ညဘက် အားတုန်းလေး စကားပြောမယ် မျှော်မိတော့ ...
“ မောင် အရမ်းပင်ပန်နေပြီ၊ အိပ်တော့မယ်ကွာ ”
ဖုန်ကျသွားသံ တူ ..တူ ..တူ .. က မောင်နဲဝေးဖို့ အချက်ပေးသံတွေလား သံသယ ၀င်မိပါသည် ။
မျှော်မိသူ ရင်ထဲက အပူမီး မောင်မသိဘူးထင်ပါရဲ့ ။ ချစ်လွန်းတော့လဲ ချစ်သူရဲ့ အကြင်နာစကားတမ်းတမိတာ သဘာဝ ကြပါတယ်နော် ။ ရင်ထဲမီး တစ်စ တစ် တိုးလို့သာ လောင်းကျွမ်းနေပါတော့တယ် ။
ရင်ထဲက အကြီတ်အခဲလေးတွေ ကြီးလာတော့ မောင့်ကို ခွင့်မလွတ်နိုင်တော့ဘူးပေါ့ ။


မာနကြီးတဲ့ မောင်နဲ အချစ်ကြီးတဲ့ မှုံ နားလည်မူတွေ လွဲမှား စွာ တင်းမာမူတွေနဲ အဝေးရပ်သို.သာ ဦးတည်၍နေပါသည် ။ ပြတ်သားစွာ လမ်းမခွဲသော်လည်း ဘယ်သူက မှ စမခေါ်ပဲ အေးစက်ခြင်းဖြင့် အချိန်တွေ ကြာခဲ့ပါပြီ။
ရက်မှ လ ၊ လ သို့တိုင်အောင် ရောက်လာခဲ့သော်လဲ အချစ်ရဲ့ဝေဒနာ အချိန်က မကုစားနိုင်ပါ ။
ချစ်နေဆဲပါ မောင်ရယ် ...
လွမ်းနေဆဲပါ မောင်ရယ် ...
အတိတ်ရဲ့ ချစ်ခြင်းက ရင်ထဲမှာ နေရာအပြည့် ယူပြီးသားမို့ မုန်းမေ့ဖို့ဆိုတာ မလွယ်ပါဘူး ။
ဒါပေမဲ့ မာနဆိုတာ ရှိနေတာမို့ အချစ်ကြီးသူရဲ့ ထုံးစံအတိုင်း မပိုင်ဆိုင်ရလဲ ..
ချစ်နေရ ယုံ ... .ပြီး ပြည့်စုံတယ် လိုပဲ ခံယူထားမိပါတယ် ။ အဲ့ဒါ မှုံ ရင်ထဲက အချစ်စစ်စစ်ပါ မောင် ။


တနေ့တော့ ငယ်ငယ်ကခင်မင်ခဲ့ဘူးတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်နဲ ပြန်တွေ့ ခဲ့ပါတယ် ။
ရှေးဟောင်းနောက်ဖြစ်တွေ ပြော ကြရင်း လက်ရှိဘ၀ကို ခဏမေ့သွားပြီး ငယ်စဉ်ကလို လွပ်လပ်စွာ ရယ်မော မိကြပါသည် ။
ထို အချိန် မောင်တစ်ယောက် တင်းမာနီးမြန်နေသော မျက်နှာနှင့် ရောက် ရှိလာ ပြီး ။
“ တောက် ”
တက်တချက်ခေါက်ခါ ချာ ခနဲ လှည့်ထွက်သွားပါတော့သည် ။ သူငယ်ချင်းက
“နင့် ချစ်သူ လား ..လိုက်သွားလေ ”
သတိဝင်လာ ပြီ ။ မောင့်နောက်သို့ အမောတကော ပြေး လိုက်မိပါတော့သည် ။
“ ဘာလို့ လိုက်လာတာလဲ ။ မင်း ..ချစ်တယ်ဆိုတာ ဘာလဲ ပြောစမ်းပါအုံး ”
ကြောက်စရာကောင်းလောက်အောင် ဒေါသ ထွက်နေတဲ့မောင့်ကို ငေးကြည့်ရင်း ဆွံအ စွာ ဘာမှ ပြန်မပြောမိ ။
“ ကောက်ရိုးမီးလို အချစ်။ ချစ်တယ် ချစ်တယ်နဲ ခုတော့ ငြိမ်းသွားပြီမလား ။ ပြောစမ်းပါ ”
ခေါင်းကို ခါရမ်းရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာပါသည် ။
“ မဟုတ်ဘူးမောင်။ မောင့်ကို အရမ်းချစ်ခဲ့တာ။ မှုံ့  အချစ်ကို အထင်မသေးပါနဲ ။ အဲ့ဒါ ငယ်သူငယ်ချင်းပါ ။ ဘာမှ မပါတ်သက်ပါဘူး ”
မှုံ. စကားကြောင့် မောင် မနည်းငယ် ငြိမ်သက်သွားပြီး။
“ အချစ်ဆိုတာ တတွက်တွက် ပြောနေမှာ အချစ်မဟုတ်ဘူး။ အမြဲမြင်တွေ့နေရမှ ချစ်တာ အချစ်မမည်ဘူး။
အဲ့ဒါ တက်မက်မူပဲ ”
မောင်ကစကားခဏရပ်သွားပြီး လေးနက်တဲ့ မျက်နှာနဲ
“ မောင် လုပ်နေတာ ၊ မောင်ကြိုးစားနေတာတွေဟာ မှုံနဲမောင့် အနာဂါတ်အတွက်ပဲ။ ထမင်းရည်အတူရက်ရ ဆိုတာ ပုံပြင်ထဲမှာသာ ရှိတာ လက်တွေ.မှာ ဘယ်သူမှ မရက်နိုင်ဘူး။ ကိုယ့်ချစ်သူ ကို တကယ်ချစ်ရင် သူ ကောင်းစားရေး ကိုယ်က ကြိုးစားရမယ် ။ ဒါမှ အနာဂါတ်မှာ သေတပန်သက်တဆုံး လက်တွဲနိုင်မှာ။
ခိုင်မာတဲ့ ချစ်သူ ဘ၀။ သာယာတဲ့ မိသားစုဘ၀ တည်ဆောက်နိုင်မှာ ။ အဲ့ဒါမောင့် ခံယူချက်ပဲ ”


မှုံ ..ကြည်နူးမျက်ရည်တွေဝဲလို နှုတ်ခမ်းတွေကတော့ ရွန်းလဲ့စွာ ပြုံးနေမိပါသည် ။ ရင်ထဲက အပျော် ဘာနဲမှ နှိုင်းလို့မရ ။ ကမ်းလာတဲ့ မောင့်လက်ကို မြဲမြံစွာ ဆုပ်ကိုင်ရင်း...
“ မှုံကလဲ ခိုင်မာတဲ့ ချစ်ခြင်းတွေအတွက် နားလည်မူနဲ ယုံကြည်မူဆိုတဲ့ အကာအရံတွေနဲ တသက်လုံးကာကွယ်သွားဖို့ ဂတိပြုပါတယ် ”
မောင့်နှုတ်ခမ်းတွေ ရဲ့အပြုံးဟာ ကမ္ဘာပေါ်မှာ အလှဆုံးလို့ပြောလို့ရအောင် အသက်ဝင်လှပါသည် ။ တယောက်ကိုတယောက် ချစ်ရည်ရွန်းလဲ့စွာ ငေးမော လို့ နေမိပါသည်။ ဘယ်လောက်ချစ်တယ်ဆိုတာ ထပ်ရှင်းပြစရာ မလိုတော့အောင် ပြီးပြည့်စုံနေတာ ကို စိတ်ချင်းခံစား မိလို့ ရင်ထဲ ချမ်းမြေ့လှပါသည် ။
မောင့် လက်ကို တင်းတင်းဆုပ် ပြီး အနာဂါတ်အတွက် ဘ၀ခရီးကြမ်းတွေကို မပင်ပန်းပဲ လျှောက်နိုင်တော့မယ်ဆိုတာ ယုံကြည်လို့ နေပါတော့သည် ။


အချစ်ဆိုတာ နားလည်သွားပြီ ...
ချစ်တယ် ချစ်တယ်ပြောနေယုံနဲ အချစ်စစ်မဟုတ်ပါ ။
မြင်တွေ့ နေလို့ ချစ်နေယုံနဲ အချစ်စစ်မဟုတ်ပါ။
အချစ်စစ်သည်
နားလည်နိုင်မူ ...
ခွင့်လွတ်နိုင်မူ ...
ပေးဆပ်နိုင်မူ...
တွေနဲ ရောပွမ်း ဖွဲ့တည်ထားတဲ့ နှလုံးသား ရဲ့ ခံစားချက်ပေါ့ ။


ခင်မင်လေးစားလျှက် ...
ဆန္ဒမွန်ဖြင့် ...
မှုံနံသာဖြူ...
(၃.၉.၂၀၁၂ ၊ ည ၈ နာရီ၊ ၄၉ မိနစ်)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>