Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သူငယ်ချင်းများအတွက် *သူငယ်ချင်းစာစုလေးများ* facebookမှစုစည်းတင်ဆတ်ပေးလိုက်ပါသည်....

$
0
0

ငါပြုံးတဲ့အခါ နင်နားလည်ခဲ့ရင်
ငါ့လက်ကိုတင်းတင်းဆုပ် ငါ့ကိုပြန်ပြုံးပြရင်ရပြီ။

ငါငိုတဲ့အခါ နင်နားလည်ခဲ့ရင်
နင့်ပုခုံးကို ခဏဌား ငါ့ကိုတိတ်တဆိတ် အဖော်ပြုရင်ရပြီ။
...
ငါစိတ်ဓာတ်ကျတဲ့အခါ နင်နားလည်ခဲ့ရင်
ငါ့ကို နင့်ရင်ခွင်ထဲထွေးပွေ့ထား နင့်ရှေ့မှောက်မှာပဲ ငါ့ကိုပျော့ညံ့ခွင့်ပေးရင်ရပြီ။

ငါစိတ်ပြောင်းစိတ်လွဲဖြစ်တဲ့အခါ နင်နားလည်ခဲ့ရင်
ငါ့ကို ခွင့်လွှတ်ပေးပါ... နင့်မို့လို့ ငါစိတ်ရူးပေါက်ရဲခဲ့တာ

တလောကလုံး ငါ့ကိုနားမလည်လို့ရတယ်
နင်ကတော့ နားလည်ပေးပါ... နင်ဟာ ငါ့ရဲ့ချစ်သူငယ်ချင်းမို့ပါ...
Nine Nine Sanay @ နိုင်းနိုင်းစနေ

တကယ့် သူငယ်ချင်းဆိုတာ...... နားဝင်ချိုတဲ့စကားတွေ မဟုတ်ဘူး။
သင်အခက်အခဲကြုံချိန် သင့်ကိုလှမ်းလိုက်တဲ့ လက်တစ်စုံသာဖြစ်တယ်။
တစ်နေကုန် သင့်ဘေးမှာပတ်လည်ဝိုင်းနေပြီး သင့်ကိုပျော်အောင်လုပ်သူတွေက တကယ့်သူငယ်ချင်း စစ်ချင်မှစစ်မယ်။
ဝေးကွာနေတယ်လို့ထင်ရပေမယ့် တကယ်တမ်းတော့ သင့်ကိုအမြဲဂရုစိုက်သူ၊ သင်ကောင်းစားချိန်၊ ပျော်ရွှင်ချိန်မှာ သင်ကိုမမြှောက်ပင့်တတ်သူ၊ သင်လိုအပ်ချိန်မှ သင့်အနားရောက်လာသူ... ဒါတွေကမှ တကယ့်သူငယ်ချင်းဖြစ်တယ်။
Nine Nine Sanay @ နိုင်းနိုင်းစနေ
ကြောင်နဲ့ဝက်က သူငယ်ချင်းကောင်းတွေဖြစ်တယ်
တစ်နေ့မှာ ကြောင်က တွင်းနက်တစ်ခုထဲ ပြုတ်ကျသွားတော့ ဝက်ကကြိုးတစ်ချောင်းဆွဲပြီး လာကယ်တယ်။ ကြောင်က ဝက်ကို ကြိုးပစ်ချပေးဖို့ပြောတော့ ဝက်က ကြိုးတစ်ခွေလုံးကို ပစ်ချပေးလိုက်တယ်။

“ကြိုးတစ်ခွေလုံးပစ်ချပေးတော့ မင်းငါ့ကို ဘယ်လိုဆွဲတင်မလဲ?”လို့ ကြောင်က စိတ်ပျက်လက်ပျက်ဆိုတယ်။
“မပစ်ချပေးရင် ဘယ်လိုလုပ်ရမလဲ?” လို့ ဝက်ကပြောတော့ ကြောင်က “ကြိုးစတစ်ဖက်ကို မင်းဆွဲထားရမှာ”လို့ ...သင်ပေးတယ်။

တွင်းထဲကို ဝက်ခုန်ချပြီး ကြိုးစတစ်ဖက်ကို ဆွဲလိုက်တယ်။
“ကဲ… အခု ရပြီ!”တဲ့။
ဝက်ရဲ့အပြုအမူကြောင့် ကြောင်မျက်ရည်ကျမိပါတယ်။ ဝမ်းသာပျော်ရွှင်လွန်းလို့ ကျတဲ့မျက်ရည်ပါ…

***** တချို့သူငယ်ချင်းတွေက အရမ်း မထက်မြက်ဘူး၊ ရိုးအတယ်ဆိုပေမယ့် သင်တစ်သက်တာ မြတ်နိုးပိုင်ဆိုင်ထိုက်ပါတယ်။
Nine Nine Sanay @ နိုင်းနိုင်းစနေ
တစ်နေ့မှာ "သူငယ်ချင်း"နဲ့ "ချစ်သူ"ထိပ်တိုက်တွေ့တော့ ချစ်သူကပြောတယ်။

"လောကကြီးမှာ ငါရှိနေပြီပဲ။ မင်းရှိဖို့ မလိုတော့ဘူး!"

ချစ်သူရဲ့အပြောကို သူငယ်ချင်းက ရယ်ပြီးပြန်ဖြေတယ်။
...
"ချစ်သူက လူကိုမျက်ရည်ကျစေတယ်။ သူငယ်ချင်းက အဲဒီကျလာတဲ့မျက်ရည်ကို သုတ်ပေးသူဖြစ်တယ်"

သူငယ်ချင်းဆိုတာ တစ်ခါတရံမှာ သင့်ကို စိုးရိမ်ပူပန်တတ်သူ၊ သင့်ကို ဂရုစိုက်စောင့်ရှောက်သူ၊ သင့်သောကကို မျှသူ၊ သင့်ကို ပျော်ရွှင်စေချင်သူ၊ သင့်ကိုရယ်အောင် စနောက်တတ်သူဖြစ်တယ်။
Nine Nine Sanay @ နိုင်းနိုင်းစနေ
တကယ်လို့ တစ်နေ့နေ့မှာ နင့်ကိုရင်ခုန်စေတဲ့လူရှိလာပြီ၊ နင်ရည်းစားထားပြီလို့ ပြောလာတဲ့အခါ ငါဘာမှမပြောဘူး ... နင့်အတွက် တောင်းဆုတွေသာ ငါပေးမှာ။

တကယ်လို့ တစ်နေ့နေ့မှာ နင်နာကျင်ကြေကွဲပြီ၊ နွမ်းလျပြီလို့ပြောလာတဲ့အခါ ငါဘာမှမပြောဘူး... နင့်အတွက် မှီဖို့ပုခုံးတစ်စုံသာ ငါပေးမှာ။

သူငယ်ချင်းဆိုတာ ပျော်ရွှင်တဲ့နေ့ရက်တွေထဲက ဂီတာတစ်လက်ဖြစ်တယ်။
... ကိုယ့်ဘဝအတွက် ပျော်ရွှင်တဲ့တေးသွားတွေကို သယ်ဆောင်ပေးတယ်။

သူငယ်ချင်းဆိုတာ စိတ်ငြီးငြူစရာနေ့ရက်တွေထဲက နွေလေလေးဖြစ်တယ်။
မပျော်ရွှင်ခြင်းတွေကို ကိုယ့်အပါးကနေ အဝေးကို တိုက်ထုတ်ပေးတယ်။

သူငယ်ချင်းဆိုတာ အောင်မြင်ခြင်းလမ်းမပေါ်က ဆရာကောင်းတစ်ဦးဖြစ်တယ်။
အလင်းရောင်ရှိတဲ့အရပ်ဘက် ကိုယ့်ကိုလမ်းညွှန်ဦးဆောင်ပေးတယ်။

သူငယ်ချင်းဆိုတာ ကျရှုံးခြင်းလမ်းမပေါ်က မီးအိမ်လေးတစ်လုံးဖြစ်တယ်။
ငြိမ်ငြိမ်သက်သက်နဲ့ စိတ်ဝိညာဉ်ပေါ် ဖုံးလွှမ်းနေတဲ့အမှောင်တွေကို မောင်းထုတ်ပေးတယ်။
Nine Nine Sanay @ နိုင်းနိုင်းစနေ
                                                                     
မှတ်ချက် ။ ။ ဤပိုစ့်လေးသည် အရူုးလွယ်အိတ်ဆိုဒ်ထဲတွင်
မက်ခ်ျလ 15, 2012 တွင် ကျွန်တော်မျှဝေခဲ့သောပိုစ့်လေးဖြစ်ပါသည်.. ။

  စာဖတ်ပရိတ်သတ်များအားအစဉ်လေးစာချစ်ခင်လျှက်

                                                                         



Viewing all articles
Browse latest Browse all 9878

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>