Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မင်းဆက်ဝေ-မှော် ၂

$
0
0

မှော်၏ဖွင့်ဆိုချက်
ဥရောပတိုက်အလယ်ခေတ်တွင် လူသားတို့  သည် မှော်ပညာကိုအလွန်မှ စိတ်ဝင်စားခဲ့ ကြလေသည်။ ထိုအကြောင်းကို တွေးခေါ်ရှင်လည်းဖြစ်၊ ဂန္ဓရီပညာရှင်လည်းဖြစ်သော ပါရာဆဲဆပ်စ် (Paracelsus 1948-1541)က လူသားတို့ ၏ကျိုးကြောင်းဆင်ခြင်တုံညဏ်
ဖြင့် ချဉ်းကပ်ခြင်းမပြုနိုင်သော အရာများကိုမှော်ပညာတွင် တွေ့ 
ကြုံခံစားနိုင်ပြီး တိုင်းတာနိုင်သော စွမ်းရည်၇ှိလေသည်ဟုဆို
လေသည်။ တစ်ဖန်ဥရောပ ဂန္ဓရီလောကတွင် နာမည်ကြီးသော
အယ်လီဖော့ လယ်ဝီ(eliphos levi 1810-1875)ကမူမှော်ပ ညာကိုအဓိပ္ပာယ်ဖွင့်ဆိုရာတွင် မှော်ပညာဟူသည် ပညာရှင်များထံမှလက်ဆင့်ကမ်းရောက်ရှိလာသော အရာဖြစ်ပြီး ထိုပညာမှာ သဘာဝ၏ လျှို့ ဝှတ်ချက်များနှင့် ပတ်သတ်သည့်အစဉ်အလာတစ်ခုဖြစ်သည်ဟုဆိုလေသည်။
သို့ သော်ယနေ့ သိပ္ပံပညာထွန်ကားသော ခေတ်ကြီးထဲတွင်မူ မှော်ပညာမှာတိမ်းမြှပ်ပျောက်ကွယ်လု ဖြစ်နေလေသည်။ တစ်ချို့
ကမူမှော်ပညာနှင့်ပတ်သတ်ပြီး သဘောထားကျဉ်းမြောင်းကာ မှော်အတတ်ကို စိတ်ကူးယဉ်ဖန်တီးထားခြင်း ဟုစွတ်စွဲလေသည်။မည်သို့ ပင်ဆိုစေ မှော်ပညာရပ်တွင် တစ္ဆေသရဲများကိုအမိန့် ပေးခိုင်းစေပုံ၊သေသူကိုပြန်ရှင်လာ
အောင်လုပ်ပုံတို့ မှာစိတ်ဝင်စားဖွယ်ကောင်းလွန်ပေသည်။
ထိုအတူမှော်ပညာတတ်သူတစ်ချို့ မှာ ရောဂါကိုကုစားပေးနိုင်
ပြီး အစားမစားေ၇မသောက်ဘဲနှစ်များစွာနေနိုင်ကြပြန် သည်။ထိုအပြင်မိုင်တစ်ထောင်အကွာအဝေးတွင် ရှိသော အရာများကိုလည်းသိနိုင်လေသည်။ ထိုသို့ သော်ထူးဆန်းမူများ
ကပင်မှော်ပညာ၏အစွမ်းမည်ပေတော့ သည်။

မှော်အမျိုးအစား
မှော်ပညာမှာမြန်မာအယူအဆဖြင့်နှစ်မျိုးရှိလေသည်။ထိုနှစ်မျိုး
မှာ
၁။အောက်လမ်းမှော် (လောကီမှော်) ထိုလောကီမှော်တွင် အစိမ်းသရဲ၊နာနာဘ၀တို့ ၏ အကူအညီဖြင့်သာ ပြသလို့ ရချေ
သည်။ထိုသို့ ပြသရာတွင်လည်း မကောင်းဆိုးဝါးတို့ကို အတင်းအဓမ္မခေါ်ယူခိုင်းခြင်းဖြစ်လေသည်။
၂။အထက်လမ်းမှော် အထက်လမ်းမှော်ပညျာတွင်မူ လူကောင်းသူကောင်းဝိညာဉ်များကို ပင့်ဖိတ်မေတ္တာရပ်ခံပြီး အကျိုးရှိအောင်အသုံးချခြင်းဖြစ်လေသည်။
မှော်ဟုခေါ်ဝေါ်နေကြခြင်းတွင် လူသားသည် မိမိအတွင်း
အဇ္ဈတ္တသန္တန်နှင့် တကွ အပြင်လောကအမြင်ကို သိနားလည်အောင်ကြိုးစားရာတွင် ဦးစွာမိမိတို့ ၏ အာရုံငါးပါးကိုအသုံးပြုကြလေသည်။ထိုသို့ အသုံးပြုရာမှ ပူသည်အေးသည်၊ချိုသည်ခါးသည်ကို အာရုံများဖြင် ခံစားကြ
လေသည်။ ထိုကဲ့ သို့ အာ၇ုံဒွါရအားဖြင့် သိသောအရာတို့  သည် ဒြပ်ရုပ်ဝထ္ထူများနှင့် ယင်းတို့ ၏ပြုပြင်ပြောင်းလဲမူများသာ
ဖြစ်လေသည်။ထိုသို့ မြင်မှ၊သိမှ၊တွေ့ မှ၊ကြားမှသိသောအသိ
ထက်မမြင်မကြားဘဲသိသောအသိလည်းရှိနေလေ၏ ထိုအသိကိုပင် မှော်ဟုတစ်မျိုး၊၀ိဇ္ဇာဟုတစ်သွယ်၊ဂန္ဓရီဟုတစ်ဖုံ အမျိုးမျိုးခေါ်ဝေါ်သုံးစွဲကြကုန်တော့ သည်။
မင်းဆက်ဝေ7.9.2012


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>