မူလတန်းကျောင်းသို့ ဆရာမအသစ်တစ်ယောက်ပြောင်းလာသည်။ ပထမဆုံးနေ့ဆိုတော့ ကလေးတွေနဲ့ ရင်းနှီးအောင် ပုံလေးတွေနဲ့ စာသင်ရန်ကြိုးစားသည်။
ကျောက်သင်ပုန်းတွင် ဆရာမက ပန်းသီးပုံလေးကိုဆွဲပြီး...
ကဲ ကလေးတို့ ဒါဘာပုံလေးလဲ?
ဖင်တုံးကြီး ဆိုပြီး ၀ိုင်းအော်ကြသည်။ ထိုအခါဆရာမက စိတ်ဆိုးပြီး ကျောင်းအုပ်ကြီးကို သွားခေါ်သည်။
ကျောင်းအုပ်ကြီးက အခန်းထဲဝင်လာပြီး.. ကလေးတွေ မင်းတို့တွေ တော်တော်ဆိုးတာပဲ၊ မောင်မောင် မင်းအင်္ကျီကိုကြယ်သီးတပ်စမ်း၊ ဟိုကောင်က စကားများမနေနဲ့၊ ဒါနဲ့ ဒီကျောက်သင်ပုန်းပေါ်က ဖင်တုံးကြီးက ဘယ်သူလက်ကမြင်းသွားတာလဲ???
ရီမောခြင်းတွေနဲ့ ပျော်ရွှင်နိုင်ကြပါစေ.....