Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နီးတိုင်းသာ သိရမယ်ဆိုရင်

$
0
0
Subscribe · August 29

“ နီးတိုင်းသာ သိရမယ်ဆိုရင်...”......
 
..... တစ်နေ့မှာပေါ့…အမတ်ကြီးဦးပေါ်ဦးဟာ ဆရာတော် ဦးဗုဓ်ကို ဖူးမြော်ကန်တော့ဖို့
ဆရာတော်ကျောင်းကိုရောက်လာပါတယ်။

အမတ်ကြီးဦးပေါ်ဦးဆိုတာ စကားအလွန်တတ်တဲ့ ပညာရှိအမတ်ကြီးဖြစ်ပါတယ်။

အမတ်ကြီးဦးပေါ်ဦးရောက်လာတဲ့အချိန်မှာ ဆရာတော်က ရေကန်အနီးမှာ တံမြက်လှည်းနေပါတယ်။
အဲဒီတော့အမတ်ကြီးက ကျောင်းတလင်းပြင်ပေါ်မှာပဲ ဦးချကန်တော့ရတယ်။
ဦးချပြီးတော့ ဆရာတော်နဲ့အမတ်ကြီး အပြန်အလှန် စကားပြောကြတယ်။


ဦးပေါ်ဦး -ရေကန်ကြီးက အလွန်ကောင်းပါတယ်ဘုရား။

ဆရာတော် -အေး … ကောင်းတယ်။

ဦးပေါ်ဦး -ရေကလည်း အလွန်ကြည်ပါတယ်ဘုရား။

ဆရာတော် -အေး … ကြည်တယ်။

ဦးပေါ်ဦး -ရေကန်ကြီး ဘယ်လောက်နက်ပါသလဲဘုရား။

ဆရာတော် -ငါမသိဘူး။

ဦးပေါ်ဦး -ဆရာတော် သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်အတွင်းမှာ ဖြစ်လို့

နီးတဲ့အတွက်သိလိမ့်မယ်ထင်မှတ်ပြီး လျှောက်ထားမိပါတယ် ဘုရား။

ဆရာတော် -နီးတိုင်းသာသိရမယ်ဆိုရင် သင့်ရဲ့နူတ်ခမ်းမွေး ဘယ်နှစ်ပင်ရှိသလဲ?

ဦးပေါ်ဦး -သတိမထားမိလို့ ဘယ်နှစ်ပင်ရှိကြောင်းမသိပါဘုရား။


ဆရာတော် -သင့်နူတ်ခမ်းမွေးကိုမှ ဘယ်နှစ်ပင်ရှိကြောင်း မသိဘဲ
ဒီရေကန်ရဲ့ အတိမ်အနက်ကိုရော ငါ သိနိုင်မှာလား?


ဆရာတော်ပြောလိုက်တဲ့စကားကြောင့် အမတ်ကြီး ဦးပေါ်ဦး
လည်း ရှေ့ကိုစကားမဆက်နိုင်တော့ပါဘူး။
ဦးချပြီး ခပ်ကုတ်ကုတ်နဲ့ပြန်သွားရပါတော့တယ်။


ရဝေနွယ်(အင်းမ)............................
“ ရွှေစကားတို့ရဲ့မြစ်ဖျား” စာအုပ်မှ
 
                                                                 လေးစားစွာဖြင့်    ....    မောင်မြင့်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>