Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

***တွေ့ရမြင်ရ လူ့ဘဝ***

$
0
0

ဆိုက်ကား အားလား…အားတယ် "အမ" ဘယ်သွားမှာလဲ…

ဒီဈေးထိပ်လေးတင်ဘဲ…ဘယ်လောက်လဲ…

၅၀၀ ပါအမ…ဟယ်..များလှချည်လား…

မများပါဘူး အမရယ်…မိုးတွင်းဆိုတော့ လမ်းတွေကလည်း မကောင်းတော့ နင်းရတာ အရမ်းပင်ပန်းလို့ပါ…

အမယ်လေး စောစောစီးစီး ခိုနဲ့လာတွေ့နေတယ်… သွားမယ်…သွားမယ်

 

ငုံးဥပြုတ် ကြက်ဥပြုတ် တွေရမယ်နော်…လတ်လတ်ဆတ်ဆတ်တွေ…

၁လုံးမှ ၁၀၀ထဲ…ဝယ်ကြအုန်းမလား…

ဟေ့…" ကြက်ဥပြုတ်သည်"…လာအုန်း…

၃လုံးယူမယ်. ၂၀၀ ထား...        မရလို့ပါ အကိုရယ်..အရင်းလေးဘဲ ရတာပါ…

ရရင်ယူမယ်ကွာ…အင်း…..၂၅၀နဲ့ ယူနော် အကို ဒီထက်မလျှော့နိုင်လို့ပါ…

အေး ၃လုံးထည့်…လတ်လတ်ဆတ်ဆတ်လေး လုပ်နော်…

စိတ်ချ အကို..ဒီမနက်မှ ပြုတ်ထားတာတွေပါ…

 

ကွမ်းယာရမယ်…ဗမာဆေး အာမွှေးနဲ့ ၁ထုပ်မှ ၁၀၀နော်…

အကို ကွမ်းယူအုန်းမလား…အေး ၁ထုပ်ပေး…မြန်မြန်လုပ်..ကားဖိုက်လာတာကွ…

ရော့ ရော့ အကို…ဝူးးးး…..သွားပြီညီလေး…နောက်မှဘဲ ယူတော့နော် …

ဟာ …သွားပါပြီကွာ..ဈေးဦးတောင် မပေါက်သေးဘူး…

 

ဗွမ်းးးးးးးး…..ဟယ် ပေကုန်ပါပြီတော်…

###### တွေ... သူတို့က ကားစီးနိုင်တယ်ဆိုပြီး လမ်းလျှောက်တဲ့သူတွေကို မထီလေးစားနဲ့…

ငါတို့လဲ စီးနိုင်တော့မှာပါ..ခုကားဈေးတွေ ကျနေလိုက်တာများ…အလကားပေးနေလား မှတ်ရတယ်…နင်တို့ကားတွေသာ ပြန်သိမ်းတဲ့အထဲ မပါသွားစေနဲ့…

ကိုယ်ကလဲ ခံရသေး…အကုသိုလ်ကလည်းများရသေးတယ်...."တောက်"

 

မောင်း ဆရာရေ…၅မိနစ်တဲ့…

"မှတ်တိုင်လေးတွေပါရင် ပြောနော်…နောက်မှ ပါတယ်မပြောနဲ့..အိမ်ထိခေါ်သွားလိုက်မှာ…

အပေါက်ဝမှာ မနေကြပါနဲ့…ပြုတ်ကျလို့ မုန့်ဟင်းခါးစားနေရအုန်းမယ်"…

"အကြွေလေးတွေ ဆောင်ထား…ပြန်မအမ်းနိုင်ဘူး..မကျေနပ်ရင် ဂိတ်ဆုံးထိလိုက်စီးလို့ရတယ်"…

"ပါသေးတယ် ဆရာရေ….မှတ်တိုင်ကလဲ အစေ့ဘဲ…မြန်မြန်လေး ဆင်းကြပါ"…

အတက် ခဏစောင့်ပေးပါ…ဆွဲတင် ဆွဲချ မလုပ်ချင်ဘူးနော်..ပြီးရင် စပယ်ယာဘဲ မကောင်းပြောခံရတယ်…

"အဘွား" မြန်မြန်လေးတက်ပေးပါ…နောက်မှာ ပိတ်နေပြီ…

ရပြီ…မောင်းးးးးးး

ကားခလေးတွေ ကြိုထုတ်ထားပါ…"အဘွား"  ကဒ်နဲ့စီးမှာလား…ပိုက်ဆံပေးစီးမှာလား…

"အဲ"…အဘွား ကပ်လဲမစီးပါဘူး..ခိုးလဲ မစီးပါဘူး…ပိုက်ဆံပေးစီးမှာပါ…ခဏလေး ဒီမှာထုတ်လို့မရသေးလို့ပါ…

အာ… အဘွားကလဲ "I pay ကဒ်နဲ့စီးမှာလား ပိုက်ဆံပေးစီးမှာလား" မေးတာဗျ…ညစ်ပါတယ်…

သြော်… မသိဘူးလေကွယ်…"I pay လား you pay လား" နားမလည်ပါဘူး…ရော့..ရော့..ဒီမှာ ၂၀၀…

 

ညောင်းလာပြီ ဟာ…ခုထိလဲ တစ်ခုမှ မထွက်သေးဘူး…လူတွေကလည်း နိုင်ငံခြားဖြစ်မှ အထင်ကြီးကြတာဆိုတော့ ငါတို့အာပေါက်တာပေါ့…

ဒီနေ့ ရောင်းမထွက်ရင် %လျော့အုန်းမယ်…ရတဲ့ လစာနဲ့ ဖြတ်ခံရတာနဲ့ မကာမိဘူး…

ငြီးမနေပါနဲ့ ဟယ်..ငါတို့က ဘွဲ့မှ မရခဲ့တော့ ဒီလောက်တော့ရှိမှာပေါ့…ဘွဲ့ရတဲ့သူတွေတောင် အလုပ်ရှာရတာ ဘယ်လောက်ခက်တယ်မှတ်လဲ…ဒီခေတ်မှာ လက်မှတ်တွေ အများကြီးကိုင်ပြီး အလုပ်လက်မဲ့ဖြစ်နေသူတွေ တစ်ပုံကြီး…ငါတို့က လက်မှတ်တွေရဖို့ ပိုက်ဆံမှမကုန်ထားတာ…ဒီလောက်တော့ အပင်ပန်းခံရမှာပေါ့…ဆက်လျှောက်လိုက်ကြစို့ သူငယ်ချင်း…

 

 

ကြွပါ ရှင့်…ဘာများအလိုရှိပါသလဲ…

အင်း… အသိတစ်ယောက်ရဲ့ ကလေး မွေးနေ့လက်ဆောင်ပေးချင်လို့…

ဈေးကြီးတာနဲ့ ကောင်းတာလေး ပြစမ်းပါ…

သြော်… ဟုတ်ကဲ့..ဒီဘက်ကြွပါ…ဒါလေးဆို မဆိုးဘူးထင်ပါတယ်နော်…

အင်း….ဆိုးတော့ မဆိုးပါဘူး…ဒါပေမဲ့ တန်ဖိုးကနည်းနေသေးလားလို့…ကလေးက နိုင်ငံခြားမှာ စာသွားသင်ပြီး ပြန်လာတာ သိပ်မကြာသေးဘူးလေ…ကိုယ့်ထက်တောင် အမြင်ပိုရှိနေမှာ..ဒီထက်ကောင်းတာလေး ပြစမ်းပါအုန်းကွယ်…

 

"အို…ရပြီ"..ဒါလေးဆို မဆိုးဘူး…ဒါဘဲ ပါဆယ်ထုတ်လိုက်တော့ကွယ်…ကဒ်နှဲ့ရှင်းမယ်နော်…

ရတယ် မဟုတ်လား…ဒါကသိပ်မတွင်ကျယ်သေးတော့ အဆင်မပြေရင်လဲ ပြောပေါ့…

"ရပါတယ် ရှင့်"…ကျွန်မတို့ ဝန်ဆောင်မှုပေးနိုင်ပါတယ်…

"အိုကေ"…ဒါဆို အဆင်ပြေတာပေါ့…ဒီလိုမျိုးလေးတွေ နေရာတိုင်းမှာ များများဝန်ဆောင်မှုပေးနိုင်ရင် အန်တီတို့လို လူတွေအတွက် သိပ်အဆင်ပြေတယ်…"Thanks You"…

 

ဟာ…သွားပါပြီ ကွာ…

ပိတ်ပြန်ပြီ…လူကကျပ်ရတဲ့အထဲ..ဘယ်လောက်ကြာအောင်စောင့်ရအုန်းမလဲ မသိဘူး…

 

"သြော်"..ဟုတ်သားဘဲ…ငါ ဘတ်စ်ကားစီးပြီး အတွေးလွန်နေလိုက်တာ…ကိုယ့်ဘဝတောင် ကိုယ်မေ့သွားတယ်…

မီးပွိုင့် မိပြန်ပြီ… ဟင်းးးးးးးး ဒီနေ့လဲ ရုံးနောက်ကျပြန်ပြီ…လူကြီးကို အစီရင်ခံစာတင်ရအုန်းမယ်… သိပ်ပြီးတော့လဲ မထူးတော့ပါဘူး…လူကြီးကိုယ်တိုင်က ကိုယ်ပိုင်ကားစီးပေမဲ့ လမ်းပိတ်နေတော့ သူလဲနောက်ကျမှာဘဲ…လေယာဉ်ပျံဝယ်စီးရင် စီး၊ ဒါမှမဟုတ် တရုတ်သိုင်းကားထဲကလို လေသိုင်းနဲ့သွားမှဘဲ အချိန်မှီရောက်တော့မှာ…ခုတော့ စောင့်ပေအုန်းပေါ့ တစ်နာရီလောက်…

 

တစ်နေ့ တစ်နေ့" တွေ့ရ မြင်ရလူ့ဘဝတွေ" ပြောရမယ်ဆိုရင် စာမျက်နှာတောင် လောက်မယ်မထင်ပါဘူး…ဘာဘဲဖြစ်ဖြစ်ပါလေ…

 

“နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေပါ”နဲ့…

“လဲရင် ပြန်ထ ဒါဘဝ”    ပေမို့ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ပင်ပန်းလဲ ပြန်ထ ရုန်းကန် ကြိုးစားနေရအုန်းမှာပါလား…….

 

အားလုံးလဲ ကိုယ်ရရှိထားတဲ့ဘဝမှာ ပျော်အောင်နေနိုင်ကြပါစေ...


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>