Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဘ၀မှာ စိတ်ညစ်စရာတွေနဲ့ ကြုံနေရပြီး၊ လိုချင်တာတွေ၊ ဖြစ်ချင်တာတွေ မဖြစ်ခဲ့လို့ စိတ်ဓာတ်ကြပြီး၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေခဲ့ရင် ဒီစာလေးကို ဖတ်ကြည့်စေချင်ပါတယ်…

$
0
0
ကျွန်တော့ရဲ့ စာများကို အလုပ်ရှုပ်ခံ၊ မျက်စိ အညောင်းခံပြီး ဖတ်ရှူအားပေးကြသော သူငယ်ချင်း၊ မိတ်ဆွေ များက ပညာပေး စာများဆက်လက်ရေးပါရန် အားပေးကြသောကြောင့် အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးသားလိုက်ခြင်းဖြစ်ပါသည်။အမှားပါရင် ခွင့်လွတ်ပေးကြပါလို့ ကြိုတင် ပြောခဲ့ပါရစေ။

“ As you want more, you can not finish your wishes ”
လိုချင်နေသရွေ့တော့ ဘယ်တော့မှ မပြည့်စုံပါဘူး၊

“ If you want no more, your life will be perfect ”
အဲ့ဒီလိုအပ်မှုတွေ မရှိတော့မှပဲ ပြီးပြည့်စုံတဲ့ ဘ၀ဆိုတာ ရှိလာမှာပါ။

ဒါဟာ ကျွန်တော်တို့ ကိုးကွယ်ရာအစစ်ဖြစ်တဲ့ ဗုဒ္ဓ ရဲ့ ဒသန အစစ်အမှန်ပါဘဲ၊ ကျွန်တော်တို့အားလုံး လက်ခံနိုင်ဖို့ဘဲ လိုပါတယ်။
ကိုယ်က ဘာကိုလိုချင်တာလဲဆိုတာကိုလဲ တွေးလာနိုင်ရပါမယ်။ လိုချင်နေသရွေ့ ဘယ်တော့မှ မပြည့်စုံဘူးဆိုတာကို ကျွန်တော့အကြောင်း ဥပမာအနေနဲ့ ပြောပြချင်ပါတယ်။
အိမ်မှာအမေက စည်းကမ်းကြီးပေမယ့် အငယ်ဆုံး သားဖြစ်တော့ နည်းနည်းတော့ အလိုလိုက်ခံရပြီး လိုအပ်တဲ့ အရာတွေတော့ ၀ယ်ပေးခဲ့တာပေါ့။ မြင်ရင်လိုချင်တယ်၊ ရလာတော့လဲ မကျေနပ်နိုင်ဘူး၊ ထပ်ပြီး လိုအပ်တယ်၊ ထပ်ရပြီးလဲ စိတ်ထဲမှာ မပြည့်စုံနိုင်ဘူး။ အစတုန်းက ကိုယ့်စိတ်ထဲမှာ ဒါလေးရလိုက်ရင် ပြည့်စုံမှာပဲလို့ထင်ခဲ့တာ၊ တကယ်ရလာတော့ ဒီလောက်လည်း မဟုတ်ပြန်ဘူး၊ တစ်ခါတစ်လေ ကိုယ့်စိတ်က ဘာကို လိုချင်တာလဲလို့တောင် ရူးကြောင်ကြောင် ပြန်မေးရတဲ့ အထိပါပဲ၊ အခုလည်း ငါ့မှာ laptop လေးရှိရင် တော်တော် အဆင်ပြေမှာဘဲ အိမ်မှာဘဲနေပြီး သီချင်းတွေနားထောင်လို့ရတယ်၊ ဗီဒီယို ကြည့်လို့ရတယ်၊ စာတွေဖတ်ပြီး ၊ အင်တာနက်လဲ သုံးလို့ရတယ်ပေါ့။ ဒီလိုနဲ့ ၀ယ်ပြီးလို့ ရလာတော့လဲ မရခင်က မျှော်လင့်ထားသလောက် ကျေနပ်မှုမျိုး မဟုတ်ပြန်ဘူးလေ၊ ပိုဆိုးတာက ယခုလို အိုင်တီ ပစ္စည်းအသစ်တွေ အမျိုးမျိုးရှိကြတဲ့ထဲမှာ ရလေလိုလေ၊ လောဘမသတ်နိုင် ဖြစ်ပြီး မကျေနပ်နိုင်ဘူးလေ၊ ipad,iphone လေးများ ထပ်ရှိရင် ဘယ်လောက်ကောင်းမလဲပေါ့။ ကဲ…ဘယ်လိုလုပ်မှ စိတ်ရဲ့အလို ဆန္ဒအားလုံး ပြည့်စုံမလဲဆိုတာ မသိနိုင်တော့ပါဘူး။
အာသောကလို စစ်ဘုရင်ကြီးတောင် အရူးမတစ်ယောက်ရဲ့ စကားကြောင့် စိတ်ပိုင်း ရုပ်ပိုင်ဆိုင်ရာ ပြောင်းလဲပြုပြင်မှုတွေ ဖြစ်လာခဲ့ရတယ်။
“ ဟဲ့ … ဘုရင်ကောင်ရဲ့ ၊ နင်ဒီလောက် လောဘဇောတိုက်ပြီး တိုင်ပြည်တွေ တစ်ပြည်ပြီး တစ်ပြည် လိုက်တိုက်ခိုက် သိမ်းပိုက်နေရအောင် နင်က ခုတင်ဘယ်နှစ်လုံးနဲ့ အိပ်မှာမလို့လဲ၊ တစ်နေ့ ထမင်း ဘယ်နှစ်နှပ်စားမှာမလို့လဲ “ ဆိုတဲ့ အရူးစကားက အာသောက ဘုရင်နှလုံးသည်းပွတ်ကို ဆုပ်ညှစ်ခံလိုက်ရသလိုပါပဲ။
ဘယ်လောက်ရှာရှာ၊ ဘယ်လောက်စုစု ၊ဘယ်လောက်မွဲမွဲ ၊ ဘယ်လောက်ချမ်းသာ ချမ်းသာ၊ ဖြူဖြူ မည်းမည်း မွဲမွဲနူနူ သေတာတော့ အတူတူပါပဲ၊ သေရင် အားလုံးထားခဲ့ရတာချည်းပါပဲ။ ဘာမသိ ညာမသိ လိုချင်တပ်မက်တာ တစ်ခုနဲ့တင် အစွဲဖြစ်ပြီး ကံကို မျက်မှောက်ပြုတဲ့ ဒီရုပ် ဒီနာမ် ဖြစ်လာခဲ့တယ်။ အသက်ရှူနိုင်တဲ့ ခန္ဓာလေးဖြစ်ပြီး၊ တစ်ခါပြန်ပျက်၊ မိခင်ဝမ်းကြာတိုက်ကနေ ထွက်လာနိုင်တဲ့ ကလေးငယ်လေးဖြစ်လာပြီး၊ ဖ၀ါးလက်နှလုံး၊ ပခုံးလစ်နှစ်တစ်တဲ့လေ။ အခု ကျွန်တော်တို့ကို ကြည့်ပါအုန်း၊ ဘယ်မှာကတော့လို့လဲ။ ဒါတွေအားလုံးဟာ နေ့စဉ်နဲ့အမျှ ဖြစ်လိုက်ပျက်လိုက်နဲ့။ နောက်ဆုံး ဖြစ်စရာ မကျန်တော့တဲ့အထိ ဖြစ်ပြီး ပျက်သွားတဲ့ အချိန်ဟာ သေချိန်ပဲလေ။ သေတော့ရော ဒီရုပ်ခန္ဓာ ဘယ်မှာ ကြွင်းကျန်လို့လဲ။ တဖြည်းဖြည်း ပုပ်ရိပျက်စီးပြီး ပျောက်ပျက်ရတာပဲ ဆိုတော့ကာ ကျွန်တော့တို့ အသက်ရှင်ခွင့်ရနေတာဟာ ဖြစ်ခြင်း ပျက်ခြင်းရဲ့ ကြားက သိမှုသဘောလေးလောက်ပဲရှိတယ်ဆိုတာ မငြင်းနိုင်တော့ဘူးပေါ့။ ဒီသဘောလေးနဲ့များ လောဘတွေ ၊ ဒေါသတွေ၊ မာန်မာနတွေ မနိုင်မနင်း ပွေ့ထမ်းထားအုန်းမလားလို့ စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘု၇ားကို ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ နိုင်ငံမှာတော့ ကံကံဧ။် အကျိုးကျေးဇူးကို ရုံကြည်ကြတယ်။တစ်ချို့ကြတော့လဲ ကိုယ်လုပ်မှကိုယ်ရတာ၊ ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူးဆိုတဲ့ စကားကို လက်ကိုင်ထားကြပါတယ်။ လူလူချင်းတော့တူပါရဲ့ ကံချင်းမတူဘူးဆိုတာကိုတော့ကြားဖူးကြမှာပါ။ ချမ်းသာတဲ့သူရှိတယ်၊ဆင်းရဲတဲ့သူရှိမယ်၊ ရုပ်ချောတဲ့သူရှိတယ်၊ရုပ်ဆိုးတဲ့သူရှိမယ်။ကိုယ်ခန္ဓာ ပြည့်စုံကောင်းမွန်တဲ့သူတွေရှိတယ် ၊ကိုယ်ခန္ဓာ မပြည့်မစုံ ချို့ယွင်းတဲ့သူတွေလဲရှိကြတယ်။ ဘာလို့သူတို့တွေဒီလိုမျိုးဖြစ်ကြလဲဆိုတော့ ရှေးဘ၀က ပြုခဲ့တဲ့ ကုသိုလ်၊အကုသိုလ်၊မကောင်းမှုကောင်းမှူတွေက ယခုဘ၀မှာ အကျိုးပေးကြတာဘဲလေ။ “ ကံမရှိ ဥာဏ်ရှိတိုင်းမွဲ ” ဆိုသလို အတိတ်ကံ မကောင်းတဲ့သူတွေက တော့ဘယ်လောက်ကြိုးစားစား၊ ဘယ်လောက် အပင်ပန်းခံခံ အောင်မြင်ဖို့ ခက်ခက်ခဲခဲရုန်းကန်ရပါတယ်။ အတိတ်ကံ ကောင်းတဲ့သူများကတော့ သူတို့ဘ၀မှာ လုပ်ချင်တာတွေဖြစ်ချင်တာတွေကို ကြိုးစားရင် ကြိုးစားသလောက်ဖြစ်ကြတာမလို့ ” ကံကိုယုံပြီး ဆူးပုံမနင်းနဲ့ ” လို့တောင်ပြောကြပြီး ကံတရားကို သိပ်အယုံအကြည်မထားတတ်ကြပါဘူး။
ဒါ့ကြောင့် ယခုဘ၀မှာ အတိတ်ကံမကောင်းတဲ့သူတွေကလဲ စိတ်မပျက်၊စိတ်ဓာတ်မကျ၊ အားမလျော့ဘဲ ကောင်းမှုကုသိုလ်တွေလုပ်ရင်း ကံကောင်းလာအောင် ကြိုးစားပါ၊ ကိုယ်ပြုသော ကံ ကိုယ့်ထံပြန်လာမှာပါ။ အတိတ်ကံ ကောင်းတဲ့သူများကလဲ ငါလုပ်ချင်တာ ဘာမဆိုဖြစ်တယ် ဘာကိုမှ ဂရုစိုက်စရာမလိုဘူးဟု ပေါ့ပေါ့စစ သဘောမထားဘဲ ဒီထက်ပိုပြီး ကံကောင်းအောင် ကြိုးစားကြပါလို့ အကြံပြုချင်ပါတယ်။
ဘ၀အဆင့်အတန်း အနိမ့်အမြင့် ဆိုတာ တောင်တက်နေတဲ့ တောင်တက်သမားနဲ့တူပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ကတောင်အလယ်မှာရောက်နေတယ်ဆိုပါစို့၊ ကိုယ့်အထက် တောင်ထိပ်ပေါ်မှာလဲ ရောက်နေတဲ့သူတွေအများကြီး ရှိနေကြသလို ၊ ကိုယ့်အောက် တောင်ခြေမှာလဲ အခုမှစတက်ဖို့ကြိုးစားနေတဲ့ သူတွေလဲရှိနေကြသေးတယ်လေ။ ပြောချင်တာကတော့ ကိုယ်ရောက်နေတဲ့ နေရာမှာ ကျေနပ်ပြီး လောဘမကြီးဘဲ တင်းတိမ် ရောင်ရဲနိုင်ဖို့ဘဲလိုအပ်ပါတယ်။
လူ့ဘ၀ဆိုတာ သူ့အခက်အခဲနဲ့သူ စိတ်ညစ်စ၇ာကိုယ်စီ အသီးသီးရှိနေကြတာကြီးပါဘဲ။တကယ်လို့များ ဘ၀မှာ စိတ်ညစ်စရာတွေ၊ အခက်အခဲတွေနဲ့ ကြုံတွေ့လာခဲ့ရင် ၊ ကိုယ့်ကို ကို အပင်ပန်းခံပြီး စိတ်ညစ် ၀မ်းနည်းမနေပါနဲ့၊ “ ငါ့ အတိတ်ကံ မကောင်းလို့ ဒီလိုဖြစ်ရတာ၊ စိတ်ညစ်နေလိုရော ဘာထူးမှာမို့လို့လဲ၊ ဖြစ်လာသမျှကို အပြုံးမပျက်ဘဲ ရင်ဆိုင်ကြည့်မယ်လို့ ” အားတင်းပြီး အားမွေးထားလိုက်ပါ။ ( “ မှန်ကင်း တစ်လှည့်၊ ထင်း တစ်လှည့် ” ၊ “ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ ” ) ဆိုသလို ကံကောင်းလာမည့် နေ့တွေလဲ သင့်ထံ မကြာမှီ မလွဲမသွေ ရောက်ရှိလာမှာပါ။

တရားပေါက်သွားတဲ့သူလဲမဟုတ်ပါဘူး၊ ဆရာကြီးလုပ်ပြီး ရေးထားတာလဲမဟုတ်ပါဘူး၊ ကြားခဲ့ဖူးသော၊ ဖတ်ခဲ့ဖူးသော စာအုပ်တွေထဲမှ ကိုးကားပြီး၊ ကိုယ်ပိုင် အလင်းရောင် မရှိသေးပေမယ့် စာဖတ်သူမိတ်ဆွေ၊သူငယ်ချင်းများကို အလင်းရောင်များ ရရှိစေရန် စေတနာဇောဖြင့် ရေးသားလိုက်ခြင်းဖြစ်ပါတယ်။ (စကားပြော ကြီးကြယ်သွားရင် ခွင့်လွတ်ပေးကြပါ။)

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>