မြန်မာ့လွတ်လပ်ရေး မီးရှူးတန်းဆောင် ဆရာတော်ဦးဥတ္တနေ့ အခမ်းအနားကို နေရာအနှံ့ ကျင်းပ
September 9th, 2012 | Add a Comment
ရက္ခိုင်ပြည်သား(လေးဝတီ)။ ။ရ၃ နှစ်မြောက် မြန်မာ့လွတ်လပ်ရေး မီးရှူးတန်းဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို နိုင်ငံတကာရောက် ရက္ခိုင်အမျိုးသားများ အပါအ၀င် ရန်ကုန်မြို့ နှင့် ရက္ခိုင်ပြည်တ၀န်းမှာ စက်တင်ဘာလ ၉ ရက်နေ့က စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်း ရရှိပါသည်။
စစ်တွေမြို့က ဆရာတော် ဦးဥတ္တမနေ့  အခမ်းအနားကို ရက္ခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဦးဆောင်ပြီး ဆရာတော် သံဃာတော်များကို ပင့်ဖိတ်ကာ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနဲ့ ဦးဥတ္တမ ပန်းခြံထဲက ဆရာတော်ရုပ်ထုရှေ့မှာ ဆီမီး အမွှေးးတိုင်များကို ပူဇော်ထွန်းညှိခဲ့သည့် အပြင် လွမ်းသူ့ပန်းခွေလည်း လာရောက်ချပေးခဲ့ကြတယ်လို့ သိရပါသည်။
ထိုအခမ်းအနားကို ရက္ခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရက္ခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ AUSSAR နန့် ရက္ခိုင်ကျောင်းသားသမဂ္ဂ အပါအ၀င် လေညင်းသာမိသားစု၊ အရှိဘက်စေတီဂေါပကအဖွဲ့၊ ဝေသာလီမိသားစု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ တက်ရောက် ပူဇော်ခဲ့ကြတယ်လို့ သိရပါသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ရက္ခိုင်ကွန်မြူနတီက ဦးဆောင်ပြီး ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပခဲ့ပြီး အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီး ပညာသင်ကြားနေသော ရဟန်းသံဃာများ စုပေါင်းပြီး ဘီဟာပြည်နယ် နာလန္ဒာ တရုတ်ကျောင်းတိုက်နန့် ဗုဒ္ဓဂါယာရှိ မာဂဓတက္ကသိုလ်တွင် အခုနှစ်တွင် ပထမဆုံး အကြိမ် ကျင်းပခဲ့တယ်လို့ သိရပါသည်။
ထိုအခမ်းအနားဖြစ်မြောက်ရေး ကော်မတီဝင် စာသင်သား ရက္ခိုင်ရဟန်းတော်တပါးက “ဦးပဉ္ဇင်းတို့ အနေနှင့် မြန်မာ့လွတ်လပ်ရေး မီးရှုးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားကျင်းပရလို့ အရမ်း ဝမ်းသာပါတယ်။ နောက်တခုက ဖ-ဆ-ပ-လ ခေတ်ကတည်းက အစိုးရဟာ စက်တင်ဘာလ ၉ ရက်နေ့ ကို ဆရာတော် ဦးဥတ္တမနေ့အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သော်လည်း နောက်ပိုင်းမှာ အကြောင်း အမျိုးမျိုးကြောင့် ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ ခုနှစ်မှာ လက်ရှိ မြန်မာအစိုးရက ဆရာတော် ဦးဥတ္တမနေ့ကို တရားဝင် ကျင်းပခွင့်ပြုတဲ့အတွက်လည်း ဦးပဉ္ဇင်းတို့ အနေနဲ့ ဆရာတော် ဦးဥတ္တမ၏ ဘဝနောက်ခံ သမိုင်းကြောင်တွေ မပျောက်ကွယ် မပပျောက် သွားရအောင်၊ မျိုးဆက်သစ် လူငယ်တွေကလည်း အတုယူ ကြိုးစားချင်စိတ်တွေ ပေါ်ပေါက်လာအောင် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားကို အခုလို ကျင်းပရလို့ အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်” လို့ လေးဝတီကို ပြောပြခဲ့ပါသည်။
“ဒီနှစ်မှာ ကျင်းပရတဲ့အကြောင်းက နှစ်ချက်ရှိပါတယ်။ နံပါတ်တစ် အချက်က မြန်မာအစိုးရကလည်း ဆရာတော် ဦးဥတ္တမနေ့ကို တရားဝင် ကျင်းပခွင့်ပေးတဲ့အတွက်ကြောင့်၊ နောက် ဒုတိယအချက်က မကြာခင်က ရက္ခိုင်ပြည်မှာ ပြဿနာ အမျိုးမျိုးကြောင့် မြန်မာတိုင်းရင်းသား ရက္ခိုင်သူ၊ ရက္ခိုင်သားများ သေဆုံးသူ ဒုက္ခ ရောက်သူများနှင့် အခက်အခဲ မျိုးစုံကို ခံစားနေကြရပါတယ်။ သူတို့တွေအတွက် မေတ္တပို့ ဆုတောင်းပေးချင်တာလဲပါတယ်။ ထို့ကြောင့် ဆရာတော် ဦဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ဒီနှစ်မှာ ကျင်းပရခြင်း ဖြစ်ပါတယ်” လို့ ယင်းရဟန်းတော်က ဆက်လက်မိန့်ကြားခဲ့ပါသည်။
အမေရိကန်ကိုရောက်ရှိနေသော ရက္ခိုင်အမျိုးသားများကလည်း ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားများကို နေရာအနှံ့ ကျင်းပပြီး အိုင်အိုးဝါးပြည်နယ်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားကို တက်ရောက်လာသော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ကိုမောင်စိုးဝင်းက “ကျနော် ဒီအခမ်းအနားကို တက်ရောက်လာရတဲ့အကြောင်းရင်းကတော့ခါ ကိုယ့်ရက္ခိုင်သားတိဟာ ဘယ်နေရာကိုဘဲ ရောက်ရောက် ငါတို့ ရက္ခိုင်သားဆိုတဲ့ အသိကြောင့် အခုလို အမေရိကန်နိုင်ငံမှာ အခုကဲ့သို့် အခမ်းအနားတက်ခွင့်ရတာကို ကျနော် အရမ်း ဂုဏ်ယူပါတယ်။ ၀မ်းလည်း ၀မ်းသာပါတယ်။ ကိုယ့်ရက္ခိုင်ပြည်ကလူတွေ သိခဲ့ရင် ဘယ်လောက်ပျော်ရွင်ကြမလဲလို့် ခံစားမိပါတယ်။ ဆရာတော်ဦးဥတ္တမနေ့ကို အယင်ကဆိုရင် ကျင်းပခွင့်မရပါ။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ဆိုရင် ဆရာတော်ဦးဥတ္တမနေ့ကို ရက္ခိုင်ပြည်မှာ လုပ်ဖို့ တော်တ်ာခက်ခဲပါတယ်။ စစ်တွေမှာ ဆိုရင် လွန်ခဲ့တဲ့နှစ်ကဆိုရင် ဆရာတော်ဦးဥတ္တမရုပ်ထုရှေ့မှာ ပန်းခွေမချရ ထိုမလုပ်ရ ဒီဟာ မလုပ်ရ အခုအခါ ဘယ်လောက်ပဲဆိုဆို အနည်းအကျဉ်းလုပ်ခွင့်ရတဲ့ အများကြီးမဟုက်ခဲ့သည့်တိုင်အောင်လည်း နည်းနည်း လုပ်ခွင့်ရလာပါတယ်။ အခု အမေရိကနိုင်ငံမှာ ရခိုင်သားတွေသတ်သတ် မဟုတ်ပဲနဲ့ တခြားတိုင်းရင်းသားတွေပ ဖိတ်ကြားခဲ့တဲ့အတွက် တခြားလူမျိုးများလဲ ၀မ်းသာကြတယ်လို့ သိရပါတယ်” လို့ လေးဝတီကို ပြောကြားခဲ့ပါသည်။
ဦးဥတ္တမနေ့အခမ်းအနားကို အယင်က ပြည်တွင်းထဲမှာ စစ်အစိုးရက ကျင်းပ ပြုလုပ်ခွင့် ဟောပြောခွင့်တွေ မပေးခဲ့သော်လည်း အခု အစိုးရ လက်ထက် ၂၀၁၁ က စတင်ပြီး ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို လွတ်လပ်စွာ ကျင်းပခွင့် ပြုလာခဲ့ခြင်း ဖြစ်ပါသည်။
ရခိုင်ပြည်တ၀န်းလုံးက လူမှုအဖွဲ့အစည်းများကလည်း ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားကို နေရာအနှံ့အပြားမှာ ကျင်းပပြုလုပ်ခဲ့တဲ့အပြင် ဘင်္ဂလားဒေရှ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ၊ အမေရိကန်နန့် တခြား ဥရောပနိုင်ငံတချို့မှာလည်း ပြည်ပရောက် ရက္ခိုင်သားအမျိုးသားများက ကျင်းပခဲ့ကြတယ်လို သိရပါသည်။
လေးဝတီသတင်းဌာနမှ ကူးယူဖော်ပြထားပါသည်
သွားရောက်ကြည့်ရူလိုသူများ arakanlaywaddy.com တွင်ကြည့်ရှူနိုင်ပါသည်။