ငါ ချစ်သလို ချစ်ပေးပါ......မနက်လင်းတိုင်း မမေ့ခဲ့တာ ငါ့မျက်နှာလေးပါ။ မျက်နှာသစ်တယ် သွားတိုက်တယ် သနပ်ခါးလိမ်းတယ်
တနေ့တော့ ငါ့မျက်နှာမှာဝက်ခြံတွေပေါက်လာတယ် တခါတခါ သွားတွေလည်းနာလာတယ် ငါ့မှာတော့ ကြင်နာလိုက်၇တာပြုစုလိုက်၇တာ
အစားအသောက်တွေလည်း နေ့တိုင်းစားနေ၇တယ် အ၀တ်အစားတွေလည်း တမျိုးပြီးတမျိုးပေါ့ ငါ့ကိုယ်မှာ ချွေးတွေထွက်လာတယ် အနံ့တွေထွက်လာတယ် ငါေ၇ချိုး၇တော့မယ် နေ့စဉ်နေ့တိုင်း ငါ့ကိုယ်ကို ပြုစုနေ၇ပေမဲ့ သူကတော့ငါ့ ကို မချစ်ပါဘူး။ တနေ့ပြီးတနေ့ ငါ့ကို သေမင်းဆီပဲခေါ်သွားနေတယ်။ငါချစ်သလိုချစ်နေပေးပါလို့ပြောပေမဲ့ ငါ့ကိုမချစ်ပါဘူး။သူလုပ်စ၇ာ၇ှိတာပဲ သူလုပ်နေတယ်။ မွေးတုန်းကနဲ့မတူတော့တဲ့ ငါ့ကို အိုမင်းလာအောင် သူကြိုးစားနေတယ်။ငါလည်း မနိုင်ပါဘူး။ သူလုပ်သမျှပေါ့။တနေ့တော့ သူ့ ငါ့ကို ချစ်လာအောင်ကြိုးစား၇အုံးမယ်။ငါ့ချစ်သလို ချစ်နေပေးပါလို့ ငါမပြောပဲ သူချစ်လာ၇မယ်။ ငါမသေတော့တဲ့ချိန်ပေါ့။