Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အချစ်နဲ့ အမုန်းကိုခံစားခြင်း

$
0
0

                     လကွယ်တဲ့ အမှောင်ယံမှာ လရောက်လည်းမရှိတဲ့ အချိန်

                     မဟူရာကျောက်ရိုင်းတုံးကို အကဲခတ်ခိုင်းသလို့ 

                     ခက်ခဲ့ နက်ရှိုင်းတဲ့ အချစ်တွေက

                     ရင်ဘတ်ထဲကိုစူးနစ်ဝင်ရောက်ခဲ့ ပြီပေါ့.........။

 

  တကယ်တော့ နက်ရှိုင်းကြီးကျယ်တဲ့ အချစ်ကိုခံစားမိတယ်ဆိုရင်ပဲရင်ခွင်မှာ အရာမျိုးစုံရဲ့ 

ထိုးနှက်ချက်တွေဝင်ရောက်လာစမြဲပါ......။

            သာယာခြင်းပျော်ရွှင်ခြင်းတွေအပြင်ငိုကြွေးခြင်းလွမ်းဆွတ်တမ်းတခြင်းသတိရခြင်းတွေ

ပေါင်းစပ်ပါဝင်တဲ့ အချစ်က လူတိုင်းရင်မှာဖြစ်ပေါ်စေတတ်တယ်..။

                           ငါလည်းဒီလို့ ပဲ..။

 


                  မင်းအချစ်ကိုစတင်မြင်ချိန်မှာပဲ ငါဘ၀ကိုပျော်ရွှင်ခြင်းကိုသာယာခြင်းတွေနဲ့ 

မွှန်းမံခဲ့ တာပါပဲ.....။

                  ပျော်ရွှင်လိုက်တာများအတ္တမရှိတဲ့ ကောင်းကင်ကိုချစ်ခြင်းသင်္ကေတအပြာရောင်တွေ

 လွှမ်းမိုးထားသလို့ ပဲလေအဝှေ့ မှာကြွေလင့် စရာတောင်မရှိအောင်ကောင်းကင်ရဲ့ တမန်တော်ဖြစ်

   အပြာရောင်ကတည်ရှိနေခဲ့ တယ်.......။

 

                  မိုးသားတိမ်လိပ်တွေဘယ်သိုရွှေ့ ပျောက်လို့ နေမှန်းမသိအောင်မိုးမမြင်လေမမြင်ပျော်ရွှင်နေတာ

လျှောက်လှမ်းနေတဲ့ ခြေထောက်တောင်မြေသိုမကျလေမှာဝဲလို့ ပျံနေသလို့ စိတ်ထဲ ပေါ့ ပါးလွတ်လပ်ပြီး

အချစ်ရဲ့ ပျော်ရွှင်မှုအနှစ်သာရကိုအပြည့်အ၀သုံးဆောင်ဖူးတယ်.....။

 

                   နောက်ဆုံးတစ်နေ့ အရှုံးဘတ်သို့ ရွှေ့ ပြီဆိုတာနဲ့ အမုန်းဖက်ကိုဦးတည်တိုက်ခတ်လာတဲ့ 

လေညှင်းကမိုးသားတိမ်တိုက်တွေကိုခေါ်ဆောင်လာပြီး အပြာရောင်ဖုံလွှမ်းနေတဲ့ ကောင်းကင်ယံကို

တိမ်ညိုတွေအုပ်မိုးလို့ သိကြားမင်းနဲ့ အသူရကယ်တို့ စစ်ခင်းလို့ ကောင်းကင်ယံညိုမှိုင်းသွားစေပြီး

နှလုံးသွေးမျက်ရည်မိုးတွေသွန်းဖြိုးလို့ နေရာအနှံ့ ဖြန့် ကြဲလို့ စိုစွတ်စေခဲ့ မျက်ရည်နဲ့ အတူအမုန်းကိုခံစား

စေခဲ့ တယ်နော်.......။

 

                    အမုန်းကိုခံစားပြီဆိုတာနဲ့ မျက်ရည်မိုးတွေရွာသွန်းပြီးလွှမ်းဆွတ်တမ်းတခြင်းနမိတ်တွေကပ်

ပါလာစမြဲမို့ ငေးငိုင်မနေတွေဝေမအေးချမ်းလို့ ၇င်ခွင်မှာခံနိုင်ရည်ရှိအောင်အချစ်ကိုခံစားနေချိန်

အမုန်းကိုခံစားဖို့ လည်းအသင့် ပြင်ထားသင့်တယ်.....။

                        လူဘ၀မှာအချစ်ကောအမုန်းကောနှစ်ခုစလုံးကိုခံစားရစမြဲပဲမဟုတ်လား.။

  အချစ်ကိုခံစားနေချိန်မှာပျော်ရွှင်နေသလို့ အမုန်းကိုခံစားရရင်တော့ ငိုမျက်ရည်နဲ့ တွေဝေကာငေးမော

မနေပါနဲ့ ......။

                 အချစ်နဲ့ အမုန်းနှစ်ခုလုံး

                 ခံစားရမှာလူဘ၀ပါ.....။

                                    အားလုံးကိုလေးစားခင်မင်လျှက်

                                        သန့် ဇင်ဦး(နတ်ဆိုး)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>