Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မမနွယ်သိစေချင်ရဲ့

$
0
0
မမနွယ် ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်မရလို့ ချစ်သူကိုအပြစ်တင်တတ်တဲ့ စိတ်ထားတွေ ကျွန်တော့် နှလုံးသားမှာ
ဘယ်တုန်းကမှ မရှိခဲ့ပါဘူးမမနွယ် ... မမရဲ့မျက်ဝန်းပြာလဲ့လဲ့မှာ တွဲလဲခိုနေတဲ့
မျက်ရည်စတွေကို ချွန်မြနေသောမာယာ မြှားတစ်စင်းလို့လည်း ဘယ်တုန်းကမှမထင်ခဲ့ပါဘူးမမ ..
မမနွယ်နဲ့ဝေးခဲ့ရတဲ့ သံသရာခရီးတစ်လျှောက်ကျွန်တော်ရဲ့ဘဝက အကြင်နာတွေလည်းခမ်းခြောက်နေပြီ
မမရယ် ...
ကံကျမ္မာကျီစယ်လို့ တကယ်ဝေးရပြီဆိုမှတော့ ငိုမနေပါနဲ့တော့မမနွယ်...နုပျိုဆဲချစ်ခြင်းမေတ္တာတွေကလွဲရင်
ကျွန်တော်တို့နှစ်ဦးသားက တစ်လွဲဖူးစာပါခဲ့ကြသူတွေပဲ...မမနွယ်..ရယ်
အချေနေကွာခြားမှုက နှစ်ဦးကြားကအိပ်မက်တွေကို ပြိုပျက်စေခဲ့တယ်ဆိုရင် ကောင်းကင်(မိုဃ်း)နဲ့မြေကြီး ရဲ့အကွာဝေးကို မိုးရေ
စက်လေးတွေက အေးချမ်းခြင်းတွေ့ဖြန်ကျက် နီးစပ်ထိတွေ့နိုင်စေပေမယ့် ကျွန်တော်တို့နှစ်ဦးသားရဲ့သတိရခြင်းအငွေ့သက်
တွေ မျက်ရည်စတွေက ကျွန်တော်တို့ရဲ့ဘဝတွေကိုပူဆွေးသောကတွေနဲ့ပိုပြီးဝေးစေတယ်ဆို တာ ရွှေမြို့တော်ရဲ့ဘလော့ပို(စ်)
စာမျက်နှာမှတစ်ဆင် အဝေးဆုံးမှာရောက်နေတဲ့မမနွယ်ကိုသိစေချင်ရဲ့.....ဖြစ်နိုင်မယ်ဆိုရင်ပေါ့...။

မမနွယ်..
ကွယ်ရာမှာရှိနေကြပေမယ့်
တွယ်တာမိတဲ့စိတ်ကိုတော့ ဖြောလျော့မရခဲ့ဘူး
လျော့တိလျော့ရဲနိုင်တဲ့ သံသရာခရီးကြမ်းမှာ
မော့ကြည့်ခွင့်မရနိုင်တော့တဲ့ချစ်သူမျက်နှာအတွက်
ငါ့အိပ်မက်တွေကို အာရုဏ်တတ်ပြီးမှသေဆုံးခွင့်ပေးပါ..
ရှင်သန်ခွင့်ရသွားတဲ့နံနက်ခင်းတွေကတော့
ရောင်နီခြယ်တဲ့အပြုံးတစ်ဝက်နဲ့
ငါ့ ကိုပြက်ရယ်ပြုနေကြလိမ့်မယ်...။
virusboy25

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>