Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

" အိမ်ဝေးသူ အိမ်းလွမ်းသူများထံမှပေးစာများ.."ပေးပို့သူ မမလေး

$
0
0

“ အိမ်ဝေးသူအိမ်လွမ်းသူတို့၏ပေးစာများ..” အတွက်ရောက်ရှိလာသော

ပထမဆုံးစာဖြစ်ပါသည်။နိုင်ငံရပ်ခြားအိမ်ဝေးသူများတွက်သာရည်ရွယ်ခဲ့သော်လည်း

မမလေး၏ ယခုအိမ်ဝေးအိမ်လွမ်းပုံလေးမှာ..တစ်မျိုးတစ်ဘာသာလေးမို့

အကဲဖြတ်ပေးကြစေချင်ပါသည်…။

…………………………………………………………………………………………………..

ချစ်ဖေဖေ၊ ချစ်မေမေနှင့်မောင်လေးသို့…

အင်းစိန်ဘ၀တက္ကသိုလ်ရဲ့နံရံလေးဖက်ကြားက..အခန်းငယ်လေးတစ်ခုအတွင်းမှာ..

အိမ်ဝေးအိမ်လွမ်းနေတဲ့သမီးတစ်ယောက်အတွက်စိတ်သောကရောက်နေမယ်

ဆိုတာ..သမီးသိနေလျက်ပါ..။

သမီးမမလေးကိုအကျဉ်းချထားပေမဲ့..မမလေးရဲ့စိတ်၊မမလေးရဲ့ယုံကြည်ချက်ကိုတော့

ဘယ်အုတ်နံရံ..ဘယ်သံတိုင်များကမှချုပ်နှောင်ထာနိုင်စွမ်းမရှိကြပါရှင့်..

ဒီနေ့ညဟာလပြည့်ညပေမဲ့..သမီးနေနေတဲ့အခန်းလေးထဲမှာတော့စင်္ကြန်လမ်းရဲ့မုံပြပြ

လေးဆယ်ဝပ်မီးသီးလေးတစ်လုံးရဲ့အလင်းရောင်လေးပဲရှိလေရဲ့..။အလင်းရောင်တိုင်းဟာ

ဘ၀ရဲ့အားမာန်လို့သမီးမှတ်ယူထားပါတယ်..။

“ တရားသဖြင့်ကိုမတရားသဖြင့်ကအနိုင်မယူနိုင်ပါဘူးသမီးရယ်.”ဆိုတဲ့ဖေဖေရဲ့

သွန်သင်ချက်ဟာသမီးရဲ့နှလုံးသားအနက်ရှိုင်းဆုံးနေရာလေးမှာ..

“ အရာရာကို စိတ်ရှည်သီးခံနိုင်ရမယ်..သမီး..” ဆိုတဲ့မေမေဆုံးမစကား

သမီးနှလုံးသားမှာစွဲမြဲလျက်ပါ..။

 

သမီးမုန်းတီးလှတဲ့..ဒီအင်းစိန်ဘ၀တက္ကသိုလ်ကြီးဟာ..အရုပ်ဆိုးအကြည်းတန်လှပေမဲ့

သင်ခန်းစာတွေကတော့ပြည့်နှက်လို့ပါ..တတ်နိုင်သမျှသင်ယူလျက်ပါ..

လူတစ်ယောက်ရဲ့လွတ်လပ်ခွင့်တန်ဘိုးဆိုတာတွေ..လူ့အခွင့်အရေးဆုံးရှုံးမှုတွေ..

ယုံကြည်ချက်အတွက်..အလံမြေမကျစေရဆိုသူတွေရဲ့လေးစားဖွယ်သတ္တိတွေ..

ဆင်းရဲမွဲတေမှုရဲ့သားကောင်ဇာတ်လမ်းတွေ..

သိုးယောင်ဆောင်ထာတဲ့မြေခွေးတွေ..ကျားငစင်းလဲတွေ စုံလို့ပါ..။

 

ဖေဖေနဲ့မေမေရှင့်..

အမှောင်ထဲမှာ..ဘ၀ရဲ့အလင်းကိုသမီးအတတ်နိုင်ဆုံးရှာဖွေနေတတ်ပြီမို့

တင်းတိမ်ရောင့်ရဲခြင်းဟာ..သမီးရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်နေပြီမို့

သမီးမမလေးတစ်ယောက်..ဒီတက္ကသိုလ်ကြီးကကျောင်းဆင်းလာရင်

ဘ၀ကို ပိုပြီးဒဿနဆန်ဆန်ရင်ဆိုင်တတ်လာမှာပါ..

သမီးအတွက်..စိတ်ချနေပေးကြပါ..

 

အိမ်ဝေးအိမ်လွမ်းနေသော..

မမလေး(အင်းစိန်ဘ၀တက္ကသိုလ်)

 

…………………………………………………………………………………

ယုံကြည်ချက်ကြောင့်အင်းစိန်ဘ၀တက္ကသိုလ်သို့တက်ရောက်ခွင့်

ရရှိခဲ့ရသောနေ့ရက်များသို့..အမှတ်တရ..တမ်းတမှု..။

………………………………………………………………………………….


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>