ငါးပါးသီလစောင့်ထိန်းခြင်းအကျိုး
မြတ်စွာဘုရားဟောခဲ့တဲ့..ငါးပါးသီလစောင့်ထိန်းခြင်းအကျိုးလေ…..
ငါးပါးသီလဆိုတာ
(၁)သူအသက်လည်း မသက်ပဲအမြဲရှောင်ကြဉ်ပါမည်။
(၂)သူဥစာ(စ)လည်းမခိုးပဲအမြဲရှောင်ကြဉ်ပါမည်။
(၃)မုသားစကားမဆိုပဲအမြဲရှောင်ကြဉ်ပါမည်။
(၄)သူ့သားမယားမပစ်မှားအမြဲရှောင်ကြဉ်ပါမည်။
(၅)သရေအရက်မသောက်ပဲအမြဲရှောင်ကြဉ်ပါမည်။
တို့ပဲဖြစ်တယ်။
အကျင့်စာရိတ(တ)ကောင်းမွန်တဲ့သူတွေက အကျင့်သီလကိုလုံအောင်စောင့်ထိန်းကျတယ် ။
အကျင့်သီလမကောင်းတဲ့သူတွေက သူတပါးအသက်ကိုမတော်မတရားသတ်ဖြတ်မယ်
သူတပါးပစ(စ)ည်းကို မတရားခိုးယူမယ် ၊ကာမဂုဏ်လိုက်စားဖေါက်ပြန်မယ်၊မဟုတ်မမှန်စကားတွေဆိုမယ်၊ အရက်သေစာမှီဝဲကျတယ် ။
သီလရှိသူတွေကတော့ သီလနဲ့ပြည်စုံအတွက် အသိသတိရှိတဲ့ အတွက်ဂုဏ်သတင်းကျော်စောတယ၊် ဘယ်နေရာမဆိုပွဲလယ်တင့်တယ် ၊သေလွန်နောက်လည်း ကောင်းရာဘ၀ရောက်နိုင်တယ် ၊
သီလမရှိသူတွေကတော့ အသိသတိမရှိတဲ့အတွက် မဖြစ်သင့်တာတွေဖြစ်တယ် ၊
ဆုံးရှုံးမူတွေကြုံရတတ်တယ်လူတကာအလယ်မှာမသွားရဲမလာရဲ ၊
လူတွေကလည်းသူကိုတွေ့ရင်ရှောင်သွားနိုင်တယ်။
သူတပါးအသက်သက်တဲ့အတွက် ကိုယ့်အသက်အန(တ)ရာယ်လည်းမလုံခြုံနိင်ဘူး
သူတပါးဥစာ(စ)ခိုးယူထားတဲ့အတွက်နောက်ကျောလည်းမလုံနိုင်ဘူး
"သူခိုး"လို့လည်းနာမည် ရတယ် ။
ကာမဂုဏ်လိုက်စားသူတွေကလည်းပြသာနာအမျိုးမျိုးနဲ့ကြုံရတယ်
လူအများတွေကလည်း "လူယုတ်မာ"ဆိုတဲ့ဂုဏ်ပုဒ်ရသွားတယ်
သူတပါးကိုလိမ်လည်စကားဆိုတဲ့အတွက်သူတပါးယုံကြည်မူမဲ့သွားနိုင်တယ်
လူအများကလည်း"လူလိမ်"ဆိုပြီး ရှောင်ရှားသွားကြတယ်။
အရက်သေစာသောက်စားတဲ့သူကလည်း မူးယစ်စေတတ်တဲ့အရာတွေကို
အလွန်သောက်သုံးမိလို့အသိတရား
ပျောက်ကွယ်ပြီးမမှားသင့်တာတွေမှားသွားနိုင်တယ် မဖွယ်မရာလုပ်မိနိုင်တယ်
အသိစိတ်မဲ့နေတဲ့အတွက် မလုပ်သင့်တာတွေလည်းလုပ်နိုင်တယ်
လူအများကလည်း "အရက်သမား"ခေါ်မယ်။
အဲဒီတော့အကျင့်သီလကောင်းမွန်တဲ့လူက ဘယ်အရာကိုမှလည်းကြောက်စရာမလိုဘူး
ဘယ်သူကိုမှအောက်ကျို့နေစရာမလိုဘူးအများအလည်မှမျက်နှာပွင့်လန်းနိုင်တယ်
သီလစင်ကြယ်မူရှိတဲ့အတွက် ဘ၀ခရီးလမ်းကိုဖြောင့်ဖြောင့်တန်းတန်းလျှောက်လှမ်းသွားနိုင်တယ်။
အကျင့်သီလမစင်ကြယ်တဲ့သူကတော့
လူအောက်ကျို့ရ၊လူတွေရှေ့မှာခေါင်းငုံ့နေရမယ်၊လူတောမတိုးနိုင်ဘ၀ခရီးလမ်းကို
အဆင်ပြေစွာမလျှောက်နိုင်ဘူး။
အဲလိုအကျင့်သီလစင်ကြယ်တာကောင်းသလား
မစင်ကြယ်တာကောင်းသလား ဆိုတာ အသိသတိဆုံဖြတ်ပြီး ကိုယ်ဘ၀ခရီးလမ်းကို ကောင်းမွန်စွာလျှောက်လှမ်းနိုင်ကြပါစေ ။
ငါးပါးသီလရဲ့ ပါဠိလိုအဓိပါ(ပ)ယ်ကိုပါဖေါ်ပြပေးလိုက်ပါတယ် ။
(၁)ပါဏာတိပါတာ ဝေရမဏိသိကာ(ခ)ပဒံသမာဒီယာမိ ။
(၂)အဒိနာ(န)ဒါနာ ဝေရမဏိသိကာ(ခ)ပဒံသမာဒီယာမိ ။
(၃)ကာမေသု မိစာ(ဆ)စာရာ ဝေရမဏိသိကာ(ခ)ပဒံသမာဒီယာမိ ။
(၄)မုသာဝါဒါ ဝေရမဏိသိကာ(ခ)ပဒံသမာဒီယာမိ ။
(၅)သုရာမေရယ မဇ(ဇ)ပမာဒဌာနာ ဝေရမဏိသိကာ(ခ)ပဒံသမာဒီယာမိ။
အားလုံးလည်းသိပြီးသားဖြစ်မှာပါ ဖတ်ရင်းအသိတခုတိုးပွားနိုင်ပါစေ
ရှင်းသိသလောက်လေးကိုချရေးလိုက်တာပါ
အကျင့်သီလလုံစွာထိန်းသိမ်းနိုင်ကြပါစေ
ကြိုးစားနေဆဲ
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
ရှင်းစက်ကပက်ဆင့်မရလိုအဆင်မပြေဖြစ်တောင်းပန်ပါတယ်နော်