မနေ့က...... ကောင်မလေးကို ချစ်သည်။ ဒီနေ့လဲ.... ကောင်မလေးကို ကျွန်တော်ချစ်သည်။ ဘယ် အတိုင်းအတာနှင့်
ဘယ်လောက်လဲ ကျွန်တော် မသိ၊ ကောင်းတာမှန်သမျှ.. ပေးဆပ်နိုင်တာ မှန်သမျှ အားလုံး ကောင်မလေးကို ပေးချင်နေသည်.... ဒီ စိတ်
ကူးက မနေ့ကစိတ်ကူးလေး.မနေ့က စိတ်ကူးလေးသည် တကယ်တော့ မနှစ်က စိတ်ကူးလေး ဖြစ်သွားသည်။ ဒီနှစ်လဲ ဆက်ပြီး စိတ်ကူး
နေဦးမည်..... ကောင်မလေးကို ချစ်သောအကြောင်းများ...........။
နှစ်သစ်၏ နံနက်ခင်းနေရောင်ကို မြင်သာသောကြောင့်... ဘူတာရုံနှင့် မလှမ်းမကမ်း သံလမ်းပေါ်တွင် ထိုင်နေမိသည်။
ရထားကြီးတစ်စီး ဆိုက်ရောက်လာသည်။ ခရီးသည်များ ဆင်းကြသည်။ တက်သောသူလဲ တက်ကြသည်။ ထိုင်နေသူတွေလဲ ဆက်ထိုင်နေ
သည်။ ကုန်များတင်ကြ၊ ချကြသည်။ ထို့နောက် ဤရထားကြီး ဆက်ထွက်သွားသည်။ နှစ်သစ်၏ ပထမဆုံးခရီးစဉ်ဖြစ်သည်ဟု ရိုးရိုးလေး
တွေးမိသည်။
တကယ်တမ်းရထားကြီးကို ကြည့်လိုက်တော့.... ဘ၀တစ်ခုနှင့်တူနေသည်ဟု ဆက်တွေးမိသည်.... ၀င်ရောက်ခဲ့သော
ဘူတာများသည် သက္ကရာဇ်များဖြစ်သွားသည်။ ကုန်စည်များသည် ဘ၀၏ လုပ်ဆောင်ချက်များ ဖြစ်သွားသည်။ ခရီးဆောင်အိတ်များ
ကတော့တန်ဘိုးရှိသော အတွေ့အကြုံနှင့် မှတ်သားဖွယ်ရာများ ဖြစ်သွားကြသည်။ လက်ကိုင်အိတ်များမှာတော့ ဘ၀၏ အောင်မြင်ခြင်း
ကျရှုံးခြင်းများအတွက် အမှတ်တရများ တန်ဘိုးရှိသည်များကို ကိုယ်နှင့်မကွာအောင် ဆောင်ထား၊ထည့်ထားသည်ဟု ခံစားမိသည်။
ကျွန်တော်လဲ ခရီးသွား တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော့်မှာလည်း..... ကုန်စည်များ ရှိသည်။ လက်ဆွဲအိတ်လဲ
ရှိသည်။ လက်ကိုင်အိတ်ထဲမှာတော့ ကောင်မလေး၏ ဓါတ်ပုံများ အများဆုံးထည့်ထားသည်။ ကျွန်တော်နှင့် ဘ၀အတွက်အရေးအကြီးဆုံး
ဖြစ်သဖြင့် အနီးဆုံးမှာ ထားသည်။ ထို့ထက် ပိုနီးသော နေရာလေးတစ်ခုရှိသေးသည်။ ကောင်မလေး၏ ဓါတ်ပုံလေးအား ပလပ်စတစ်
လောင်း၍ ဘယ်ဘက် အိပ်ထဲတွင်ထည့်ထားသည်။ နှလုံးသားဖြင့် နီးကပ်စေရန်ဖြစ်သည်။ စိတ်ညစ်သည့်အခါတိုင်း၊ စိတ်ရှုပ်ထွေးသော
အခါတိုင်းမှာ ထုတ်ကြည့်ဖြစ်သည်။ စိတ်အပန်းပြေခဲ့ပါသည်။
ကျွန်တော်၏ ဘ၀ကို ရထားတစ်စီးဖြင့် ခိုင်းနှိုင်းကြည့်သောအခါ ရထားကြီးသည်အိုမင်းရင့်ရော်နေသည်၊ သံထွေသံခဲ
များဖြင့် အခိုင်အမာတည်ဆောက်ထားသော ယခင်က ရထားအိုကြီးများသဖွယ်ခံစားရသည်။ ရိုးစင်းသည်ဟုတော့ဖြင့် ခံစားရသည်။
သက္ကရာဇ်ဘူတာများကို များစွား ဖြတ်သန်းခဲ့ပြီးပြီ...... ရထားလမ်းတလျှောက်ရှိ လေနုအေးလေးများကိုလည်း ခံစား
ဖူးခဲ့ပြီ၊ လှိုင်ခေါင်းများအတွင်း ဖြတ်သန်းစဉ် မှောင်မဲခြင်းတွေကိုလည်း ခံစားခဲ့ဖူးပြီ၊ တံတားကြီးများကိုလည်း ဖြတ်ကျော်ခဲ့ဖူးပြီ၊ တောင်
တက်လမ်းများကိုလဲ နောက်ဆုတ်ရှေ့တိုးဖြင့် အကြိမ်ကြိမ်တက်ရောက်ခဲ့ဖူးပြီ၊ လမ်းပျက်နေသောအချိန်များ တံတားပျက်နေသော အချိန်
များကိုလဲ ကြုံခဲ့ဖူးပြီ..... အချိန်လွဲသဖြင့် အစာစားချိန်ကျော်လွန်မှ ဘူတာကိုရောက်ခဲ့သဖြင့်လည်း ဆာလောင်ခြင်းများကို ခံစားခဲ့ဖူးပြီ
ရထားပြတင်းပေါက်မှ တဆင့် မိုးများ ပက်သည်ကိုလဲ အကြိမ်ကြိမ် ခံစားခဲ့ဖူးသည်။ အများအားဖြင့်တော့ ရထားပေါ်တွင် အိပ်စက်ရင်း
ငြိမ်းချမ်းစွာ လိုက်ပါခဲ့သည်ကသာ များခဲ့ပါသည်။
အခုလဲ ထိုင်နေရင်း၊ ဘူတာရုံမှ ရထားကြီးကို ကြည့်နေရင်း နှစ်သစ်နှင့် နှစ်ဟောင်းများကို ကျော်ဖြတ်နေကြသော
ဘ၀များအကြောင်းတွေးဖြစ်သည်။ ဘ၀အကြောင်းတွေးလျှင် ကောင်မလေးကို ချန်လှပ်ထား၍မရခဲ့....... ကောင်မလေးသည် အနာဂတ်
ဘ၀၊ အနာဂတ်ဘ၀တွင် ကောင်မလေးက ၀င်ရောက်နေရာယူထားသည်....... ကျွန်တော့်ဘ၀၏ ဘူတာတစ်ခုတွင် ကောင်မလေးစောင့်
နေလိမ့်မည်။ တစ်နေ့နေ့တွင် ဒီရထားကြီးပေါ်သို့ သူတက်ရောက်လာလိမ့်မည်။ ကျွန်တော်၏ ၀န်စည်စလယ် များတွင် ဘ၀၏ ဖြတ်သန်း
ရာ ခရီးတစ်လျှောက်၏ မှတ်တမ်းများ ပါရှိသည်။ ဘူတာရုံတိုင်း တစ်နည်းအားဖြင့် သက္ကရာဇ်တိုင်း၏ ရက်စွဲများ.......
ကောင်မလေး ကျွန်တော်၏ ဘ၀ရထားကြီးပေါ်သို့ တက်ရောက်လာပါက ကျွန်တော် စုဆောင်းထားသော အိပ်ယာ
ခင်းလေးဖြင့် သူ နွေးထွေးစွာ အိပ်စက်နိုင်ပါလိမ့်မည်။ ကျွန်တော် ချက်ပြုတ်ထားသော အဟာရပြည့်ဝသည့် အစားအစာများကို သူ စား
သောက်နိုင်ပါလိမ့်မည်........ တစ်ခုပဲ သူ့အတွက် အားနာမိသည်...... ကျွန်တော်ဆိုသည်မှာ သက္ကရာဇ် ဘူတာများကို ဖြတ်သန်းနေသော
ရထားအဟောင်းကြီး တစ်စင်းဖြစ်နေခြင်းပါပဲ...... တကယ်တော့ ကောင်မလေးက ကျည်ဆံရထားနှင့် လျှပ်စစ်ရထားကို စီးချင်နေပါလျှင်
ငြိုငြင်စရာ ဖြစ်လာနိုင်ပါသည်။ သေချာတာကတော့ ရထားအဟောင်းကြီးသည် သံများဖြင့် ပြုလုပ်ထားသော ရှေးဟောင်းလက်ရာ ဖြစ်နေ
ခြင်းကြောင့် ခိုင်ခန့်နေမည်ကို ကောင်မလေး သိစေချင်လှပါသည်။ ကျွန်တော်.. ကောင်မလေးကို ခေတ်ဟောင်းမှ စိတ်ထားဖြင့် ခိုင်ခိုင်
မာမာ ချစ်နေသည်လေ........ ။
ကျွန်တော်၏ ရထားကြီးသည် ကောင်မလေး ရပ်စောင့်နေသော ဘူတာသို့ ဆက်လက် ထွက်ခွါနေဦးမည်... ဤသို့
ဆက်လက်ထွက်ခွါနေစဉ် ကြည်နူးစရာ ချစ်သူစုံတွဲများကိုတော့ တွေ့ရနည်းပါလိမ့်မည်............... ကျွန်တော်၏ စိတ်ထားက ဟောင်းနွမ်း
နေသော ရထားအဟောင်းကြီးနှင့် တူနေလို့လေ..... သို့သော် ပန်းခင်းများကို ဖြတ်သန်းနေသည့် အချိန်များတွင် ပန်းလေးများ၏ မွှေးရနံ့
နှင့် လှပခြင်းများကို သူ တစ်ဝကြီးခံစားရလိမ့်မည်။ ကျည်ဆံရထားနှင့် လျှပ်စစ်ရထားများကို စီးနေလျှင်တော့ ရွေ့လျားမှု မြန်ဆန်ခြင်း
ကြောင့်ဤသို့ခံစားရလိမ့်မည်မဟုတ်ဟု ကျွန်တော် တွေးဖြစ်သည်။ တကယ်တော့ ချစ်ခြင်းတရားသည် မွှေးမြနေသည်ဟု သတ်မှတ်ခဲ့ပါ
က ကျွန်တော် စိတ်ပူရန် ဘာမျှမရှိပါ...... ကျွန်တော်၏ ရထားကြီးကြောင့် နူးညံ့ခြင်းများနှင့် သာယာခြင်းများကို ကောင်မလေး ခံစားရရှိ
ပါလိမ့်မည်။ မဖြစ်မနေသွားနေရသော်လည်း ပန်းခင်းများကိုဖြတ်သန်းသည့်အခါ ကျွန်တော် အရှိန်လျှော့၍ မောင်းနှင်ပါမည်.... သူ့ကို
မွှေးမြစေချင်လို့လေ.....