ကျွန်တော်တို့ အရပ်ထဲမှာ အသက်(၈၀)ကျော်တဲ့အငြိမ်စားကျောင်အုပ် ဆရာမကြီး တစ်ယောက်ရှိတယ်။ သူနာမည်ကဒေါ်မေကြည်တဲ့။ ကျွန်တော်တို့ တစ်ရပ်ကွတ်လုံးကသူကို အမေကြည်လို့ခေါ်ကြတယ်။ အမေကြည် သီချင်းဆိုကောင်းတယ် ။ပုံအပြောကောင်းတယ်။စကားအပြောလည်းကောင်းတယ်။ အပျိုကြီး တစ်ယောက်လည်းဖြစ်တယ် ။ပင်စင်ယူပြီးကတည်းက အရပ်ထဲမှာတော့ သိပ်မနေပါဘူး။ တစ်နှစ်ကို (၈) လလောက် တရားစခန်းဝင်နေတတ်တယ်။ အမေမကြည်က အရပ်ကိုပြန်ရောက်တဲ့ အခါမှာ ကျွန်တော့်အိမ်ကို အလည်လာတတ်တယ် ။အလည်လာရင်လည် မှတ်သားဖွယ်ရာ စကားတွေပြောတတ်တယ်။ ဟိုတစ်နေ့က အမေကြည်နဲ့ စကားပြောဖြစ်တယ်။
"အမေကြည် ဒီတခါ တရားစခန်ဝင်တာ တော်တော်ကြာတယ်နော်"
"အေးကွဲ့၊ မဟာစည်ရိပ်သာမှာပဲ ၀ါတွင်းတစ်တွင်းလုံး အမေနေခဲတယ်။ တရားလည်းအားထုတ် ၊ဝေယျာဝစ္စာလည်း လုပ်ရင်းပေါ့့ကွယ် ၊အချိန်တွေ ဘယ်လိုကုန်သွားမှန်းကိုမသိပါဘူးကွယ် ။အသက်တွေ ကြီးလာတော့ အချိန်ကုန်မြန်တယ်လို့ ခံစားရတယ်။ "
"ဟုတ်တယ် အမေကြည်ရဲ့ ။ငယ်ငယ်တုန်းကဆိုရင် နွေရာသီကျောင်းပိတ်ရက် ကို အကြာကြီးလို့ထင်ရတယ် နော် ။အရွယ်လေးလည်းရလာရော ကျောင်းပိတ်ရက်ဆိုတာ ခဏလေး ရယ်။"
"ဟုတ်တယ် သားရဲ့ ။ အချိန်ကုန် တွေ မြန်တယ်လို့သိလိုက်ရတဲ့အချိန်မှာ ကုန်သွားတဲ့အချိန် တွေအတွက် နှမြောမိတယ် ။ကိုယ့်အတွက်လည်း အကျိုးမရှိ ။အများအတွက်လည်းအကျိုးမရှိဘဲ ကုန်သွားတဲ့ အချိန်တွေအတွက် အမေကတော့ နောင်တရနေမိတယ်။"
"ကျွန်တော် ကတော့ အမေကြည်တို့ဆုံးမလို့ နည်းနည်းတော့ နားလည်သလိုရှိတယ်ဗျ"
"'ဒီလိုဆိုရင် သားကို အမေတစ်ခုမေးမယ် ။အမေမေး တဲမေးခွန်းရဲ အဖြေက မင်းရဲစိတ်သဘာဝနဲ့ဆိုင်တယ် မင်းရဲ စိတ်က နှိမ့်ချရင်အမေမေးတဲမေး ခွန်ကို ခပ်နိမ့်နိမ့်ပဲ တွေြး့ပီးဖြေမယ်။မင်းရဲစိတ်ကမြင့်ရင်တော့ အမေမေးတဲ့ မေးခွန်းရဲ အဖြေဟာအဓိပ်ပါယ်ရှိမှန်း မင်းသိလိမ့်မယ်။"
အမေကြည် ပြေားမယ့်စကားကို ကျွန်တော်က အရမ်းစိတ်ဝင်စားနေမိတယ်။
"ဘာများလည်းအမေကြည်ရယ်"
"ဒီမယ်သား မင်းလူဖြစ်ရကျိုးနပ်ချင်လား"
"အမေရယ် ဖြစ်ခြင်တာပေါ့"
"ဒါဆိုရင် လူဖြစ်ရကျိုးနပ်ချင်တယ်ပေါ့ ။ လူဖြစ်ရကျိုးနပ်ခြင်ရင် ခိုးရတယ် ၊ သားရဲ့ "
" အမေ၇ယ် ...ကြံကြံ ဖန်ဖန် မချမ်းသာလို့ ခိုးနေကြတာ မဟုတ်ဖူးလား ။ကျွန်တော်ကတော့ မခိုးရဲပါဘူး။"
" သားပတ်ဝန်းကျင်ကို ကြည်လိုက်စမ်း ။ ခိုးတဲလူတွေ ချမ်းသာနေကြတယ်လေ "
" အမေ ဘာတွေလျှောက်ပြေားနေတာတုံး"
" အမေလျှောက် မပြေားဘူး။မင်းအတွေးတော်တော်နိမ့်တာပဲ ။ ခိုးလို့မှမချမ်းသာရင် လုရတယ်သားရဲ ။”
" အမေကလည်းဗျာ ။ ကျွန်တော်က အဟုတ်မှတ်လို့နာထောင်နေတာ။"
'အမေ့စကားအမှန်ပဲသားရဲ့  ။ လုနိုင်တဲ သူတွေလည်း ချမ်းသာနေကြတာပဲလ။ မဟုတ်ဖူးလား ။"
အမေက ခပ်တည်တည်နဲ စကားတွေပြေားနေတယ် ။ အမေကြည်တစ်ခါတလေ ရွှတ်တတ်နောက်တတ် တဲ့ သူဆိုတော့ ကျွန်တော့်ကို စနေတယ်လို့ပဲထင်နေတယ် ။အမေကြည်ကစက်ပြောတယ်။
" ခိုး လို့၊ လုလို့မှ မချမ်းသာရင် သတ်ရတယ်သားရဲ"
"တော်ပါပြီ အမေကြည်ရယ် ။ခိုးမှ လုမှ သတ်မှ ချမ်းသာရမယ်ဆိုရင် ကျွန်တော် ဒီစည်းစိမ်မျိုး ကို မလိုခြင်ပါဘူး။ဗျာ "
' "မင်းက တကယ်မချမ်းသာချင်ဘူးလား ၊ တကယ်လူဖြစ်ရကျိုး မနပ် ချင်ဘူးလား"
"အမေကြည်က ခိုးဖို့ လုဖို့ သတ်ဖို့ ပြောနေတဲ့ ဥစ္စာ။အဲဒါလူဖြစ်ရကျိုးနပ်တဲ့ ကိစ္စမှမဟုတ်တာ"
" မင်းကတော်တော် ခက်တဲ့ကလေးပဲ ။မင်းကမင်းရဲနိမ့်ကျတဲစိတ်နဲ့ စဉ်းစားနေတာကိုး၊ အမေပြောတာကို သေချာ နားထောင်ဦး"
အမေကြည်က အထက်တန်းပြ ဆရာမတစ်ယောက် ဖြစ်ခဲ့တယ်။မြန်မာစာ ပြတယ် ။ဆံပင်တွေလည်း တစ်ခေါင်းလုံး မှာဖွေးလို့ ဖြူလို့ ပိန်ပန်ပါးပါး အသားကတော့ ခပ်လတ်လတ် နဲ့ ။အ၇ပ်ကတော့ နည်းနည်းရှုည်တယ် ။ခါးကတော့မကုန်းသေးဘူး ။ကျန်မာေ၇းက အလွန်ကောင်းတယ် ။ အမေကြည်ရဲ မျက်လုံး တွေက အမြဲတမ်းပဲ အရောင်တွေတောက်နေတယ် လို့ထင်ရတယ် ။ဒါပေမဲအမေကြည်က ပါးစပ် နဲနဲပြဲတယ် ။ သွားတွေကတော့ ကောင်းတုန်းပါပဲ။
" ဒီမယ်သားရဲ သေချာနာထောင် အမေပြေားပြမယ်"
အမေကြည် ရေတစ်ခွက်သောက်လိုက် တယ် ။ဒါဆီု၇င် အမေကြည် တစ်ယောက်တော့ စကားတွေ အများကြီးပြေားတောမည်။
"ခိုတယ် ဆိုတာ သူတပါးပစ္စည်းကို ခိုးခိုင်းတာမဟုတ်ဖူး မနက်အိပ်ရာထ ၊အိပ်ရာဝင်တိုင်းဘုရားရှိခိုး ရမယ်လို့ ပြောတာ။ ဘုရားကိုမမေ့နဲ့ ။တ၇ားကိုမမေ့နဲ့ သံဃာကို မမေ့နဲ ။ရတနာ သုံးပါကိုမမေ့နဲ ။အမိ အဖ ဆရာသမား
ကို မမေ့နဲ အမြဲတမ်း ရှိခိုးပြီးအိပ်ရမယ်။ ရှိခိုးပြီးမှ အိပ်ရာထရမယ်။ ကျေးဇူးကြီးသူတွေကို ရိုသေသူတိုင်း ၊ ရှိခိုးသူတိုင်း ကြီးပွားချမ်းသာကြတယ် ။ ခင်မွန်းကြီ (၁၀)ပါး ကို မမေ့သူတိုင်းလူဖြစ်ရကျိုးနပ်တယ်သားရဲ ”
အမေကြည်ပြောတောလည်း ဟုတ်သားပဲ ။ ကျွန်တော်တို့က ဘုရားရှိခိုးဖို့တောင်မေ့နေတယ် ။
အမေကြည်ကသူ့စကားကို စက်ပြောတယ်။
"ဒီလိုပဲ လုရတယ်ဆိုတာ သူတပါ ဥစ္စာပစ္စည်းကို လုရမယ် ။ ယက်ရမယ်လို့ ပြေားတာ မဟုတ်ဖူး ။ဝိပဿနာ တရားကို အချိန်လုပြီ လုပ်၇မယ် ။ငါမအားလို အလုပ်ရှုပ်နေလို့ဆိုပြီး ၀ိပဿ နာ ကမ္မဋ္ဌာန်တရားကို အားမထုတ်ဘဲ မနေရဘူး။အချိန်လုပြီးမနက်အိပ်ရာထတစ်ကြိမ် ညအိပ်ရာသ၀င်တစ်ကြိမ် ၊နာရိဝက်လောက်
တော့ လုပ်၇မယ်သားရဲ ။အဲ့ဒီလို အာနာပါနကမ္မဋ္ဌာန်း တ၇ားကို အားထုတ်သူတိုင် စိတ်ချမ်းသာကြတယ် ။
ဝိပဿနာတ၇ားဆိုတာ ကိုယ့်ရဲစိတ်ကို ကိုယ်ပြန်ကြည့်တဲ လေ့ကျင့်ခန်းပဲကွဲ့"
ဟုတ်ပါတယ်လေ ကျွန်တော်ုက အလုပ်ထဲမှာ ပဲ အချိန်တွေကုန်နေတယ် ငွေနောက်ကိုလိုက်နေတယ် .။
အောင်မြင်မှု့နောက်ကိုလိုက်နေတယ် တစ်နှစ်မှာ တစ်ခါလောက် သာတရားစခန်းသွားတာကိုပဲ လူတော်ကြီး ။ လူလိမ်မာကြီး လူသူတော်ကောင်းကြီး အယောင်ဆောင်နေတယ်။
"'ဒီမယ်သားရဲ သတ်ရမယ်ဆိုတာကိုရေားသိလား သူများအသက်ကို သတ်ခိုင်းတာမဟုတ်ဖူး ။ ကိုယ့်ရင်ထဲက ဖြစ်နေတဲ့ လောဘစိတ်ကို သတ်၇မယ် ။ဒေါသစိတ်ကို သတ်ရမယ် ။ အတ္တနဲ မာနကို သတ်ရမယ် ။ကိုယ်ထက်သာလို့ မနာလိုတဲ့စိတ်တွေ ၊ဣဿာ ၊မစ္ဆရိယစိတ်တွေကို ပယ်သတ်ပြစ်ရမယ် ။ဒါမှစိတ်ချမ်းသာ
မှာပေါ့နော် ၊ သိမ်ပိုက်လိုတဲ့ စိတ်နဲ ရှင်သန်နေထိုင်ခြင်းဟာ လူဖြစ်ရကျိုးမနပ်ဖူး ။အဲ့ဒီစိတ်တွေဟာ ကိုယ့်ကိုယ်
ကိုယ် မီးရှို့နေတဲ့ စိတ်တွေပဲ ။ကိုယ်စိတ်ထဲမှာအစဉ်အမြဲဖြစ်နေတဲ့ လောဘ ဒေါသ ၊မောဟ၊မာန အတ္တစိတ်တွေကို သတိဆိုတဲ့လက်နှက်နဲ့သတ်ပြစ်ရမယ်သားရဲ့  ။ဒါမှစိတ်ချမ်းသာမှာ အဲဒါကို အမေပြောတာ "
အမေကြည်စကားမှတ်သား စရာကောင်းလိုက်တာ အစကတော့ ဘာလိုလိုကြီးထင်နေတာ ။
"ကဲ...အမေပြန်မယ် သာရေ ၊မင်းလည်းလူဖြစ်ရကျိုးနပ်ပြီလားစဉ်စားဦး ခိုးသင့်တာခိုရမယ် မခိုးသင့်တာမခိုးရဘူး
ဒီလိုပဲလုသင့်တဲ့ ကိစ္စလုရမယ် ၊မလုသင့်တဲကိစ္စ မလုရဘူး ၊သတ်သင့်တဲကိစ္စလဲ သတ်ပေါ့ကွယ် ဒါမှစိတ်ချမ်းသာမှာကွဲ့  "
'အမေသွားတောမယ်သားရေ "
အမေကြည်ရဲ့ခြေ လှမ်းတွေက တည်ငြိမ်နေတယ် ။ အပြုံး တွေကလန်းဆန်းနေတယ် ၊ အတွေးတွေက လတ်ဆက်နေတယ်၊စိတ်ဓါတ်တွေက ရှင်းသန့်နေတယ် ၊ နှလုံးသာကကြည်လင်နေတယ်၊
ဦဘုန်း(ဓာတု) မန္တလေး အတွေးရသစာစု မှ ကောက်နှုတ်တင်ပြပါသည်။.