Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

စဥ့်ကိုင်မြို့၏ ရွှေရောင်နေ့ရက်များ နှင့် ထူးခြားသောအလင်းတန်းလေးများ

$
0
0

စဥ့်ကိုင်မြို့၏ရွှေရောင်နေ့ရက်များ

         

          နေ့တစ်နေ့၏အစဖြစ်သော အရှေ့အရပ်ဆီမှ ရောင်ခြည်ဦးများပေါ်ထွန်းလာခဲ့ပါပြီ။ု

သာမန်နေ့ရက်များလို နေ့တစ်နေ့ရဲ့ အစရောင်ခြည်ဦးပေါ်ထွက်လာသည်မှာ အဆန်းတကျယ်

မဟုတ်သော်လည်း ဒီနေ့ (22.9.2012) ရက်နေ့မှာပေါ်ထွက်လာသောရောင်ခြည်အလင်းကတော့

အရှိန်အဝါ တစ်ခုကိုလက်ခံသယ်ဆောင်ပြီး စဥ့်ကိုင်မြို့ကို ထူးခြားစွာလှပစေခဲ့ပါသည်။

          ကျွန်တော်နှင့်သူငယ်ချင်းတစ်ယောက် နံနက်ခင်း၏အလှကိုယောက်ျားလေးတို့လေ ကန်ရာ

လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း ဒီနေ့၏နေရောင်ခြည်အလင်းတန်း၏ထူးဆန်းဖွယ် အလှတရားကို

ခံစားမိကြရင်း ဆွေးနွေးမိကြပါသည်။

          (p)ငါမေးစရာရှိတယ်ဟေ့ရောင်..  (k)အွန်း…လုပ်လိုက်ပါအုံး (p)ဟေ့ရောင်..ဒီနေ့ငါတို့

စဥ့်ကိုင်မှာ ဘာထူးခြားနေလဲ….မင်းသိလား မင်းဝန်းကျင်မှာ မင်းဘယ်လောက်လေ့လာထားလည်း

ငါသိချင်တယ်ကွာ(k)ဟေ…မင်းကလည်းဖောက်လာပီ..ဒီနေ့ဘာထူးခြားလို့လဲ  မင်းကလည်းမနေ့

ကအတိုင်း ဒီနေရာမှာ အချိန်ဖြုန်းနေတယ် ဒါဘဲလေ..အရသာလေးခံပြီးသောက်ပါရစေကွာနော်..ဟီး

(p)ဒီနေ့ထူးခြားတယ်ကွ..မင်းကြည့်နေငါတို့မြို့လေးဟာတစ်နေ့ထက်တစ်နေ့အရမ်းလှပ လာလိမ့်

မယ်အခုတော့ဒီနေ့ရဲ့နေရောင်ခြည်ဦလေးအားယူနိုးထနေသလို မြို့လေးဟာလည်းလှပစွာအသက်

ဝင်လာလိမ့်မယ်ကွ..(K)ဟေ့ရောင် အချင်းချင်းတွေနော် သိပ်ညစ်မနေနဲ့ ပြောစရာရှိတာပြော (p)မင်း

ကြည့်လိုက် လမ်းပေါ်ကိုသတိပြုလိုက်….(k)ဟေ…အေးဟ မြတ်စွာဘုရား အေးငါသိပြီသဘောပေါက်

ပီ  ဟုပြောရင်း

          ကျွန်တော်ကောင်မှမြို့ရဲ့မိန်းလမ်းအတိုင်းလျှောက်လှမ်းလာသောကောင်မလေးငါးယောက်ခန့်

ကို မှင်တတ်အံ့သြစွာငေးမောနေပါတော့သည်။၎င်းကောင်မလေး တွေသည် လွယ်အိတ်များကိုစီဖြင့်

စာအုပ်လေးများကိုတစ်ယောက်စနှစ်ယောက်စ ကိုင်ကာ စဥ့်ကိုင်မြို့အနီးကျောက်ဆည်(ရွှေဆည်)

တက္ကသိုလ်တွင် အဝေးသင်ဘာသာရပ်ကို မေဂျာအသီးသီးဖြင့်လာရောက်လေ့လာသင်ယူနေသူများ

ဖြစ်ကြသည်တကား။

          လွန်ခဲ့သောတစ်ရက်နှစ်ရက်မှ စတင်ကာ နေပြည်တော်၊ လယ်ဝေး၊ ပျဉ်းမနား၊ ဝေဘာဂီ၊ သာ

ဝတ္တိ၊ မြစ်သား၊ ကျောက်ဆည်၊ နွားထိုးကြီး စသော မြို့များမှ နောင်အနာဂတ်တိုင်းပြည်တာဝန်ကိုတစ်

ထောင့်တစ်နေရာမှ တာဝန်ယူကြမည့် ကျောင်းသား/ကျောင်းသူများ မဟုတ်ပါလား။

          ဟေ့ရောင် ကောင်မလေးတွေ အရမ်းလန်းတယ်ကွနော် တိုပြီး တတ် လာတယ်ကွနော်

        မနှစ်က အလင်းရောင်လေးတွေထက် ဒီနှစ်က ပိုတောက်ပလာတယ်က

အေးငါတို့လည်းပိုကြိုးစားရမယ်ကွ၊ မနှစ်က တို့နှစ်ယောက်ညံ့ချက်ကတော့ကွာ တစ်ကောင်

မှအဖြစ်မရှိဘူးမို့လား ဒီနှစ်တော့ကွာ….

          ဝီရိယထား၊ လုံလစိုက်၊ ကြိုးစားရမှာ အမှန်အကန်

          နေ့မှာလိုက်ရှိုး၊ ညမှာဒိုး၊ အရှိန်လေးနဲ့ ဂစ်တာသံမှန်

          ကြုံတွေ့ပါများ၊ စဥ့်ကိုင်သား၊ ရင်းနှီးကြမှာ ရင်ခုန် သံညံ

          ဘုရားလျှောက်ဘူး၊ လိပ်ဥတူး၊ ပိုက်ပိုက်လေးများ အိတ်ကပ်မှာလျှံ

          ဟေ့ စိန်လား၊ ဟေ့မျောက်လား ဟေးလာမောင်တို့ ဝါးးးးးး

                   ဒီလိုနဲ့ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် အဆောင်ရှေ့ဂစ်တာတီးရင်းသီဆိုမည့်

သီချင်းများအားတိုင်ပင်ကာ  ကမ္ဘာဦးအစမှပေးအပ်ခဲ့သောတာဝန်ကိုကျေပွန်စွာထမ်းဆောင်ရန် ပေါ့

ပါးသွက်လတ်သောခြေလှမ်းများဖြင့် လက်ဖက်ရည်ဆိုင်မှထွက်ခဲ့ပါတော့သည်။

           ဟာ….အစ်ကို ပိုက်ဆံရှင်းသွားဦးလေ…သြော်အေး မင်းဆရာကိုပြောလိုက် ပုံမှန်အတိုင်း

မှတ်ကြီး လာသွားတယ်လို့…..

          နားပါဦးမည်….

 

 

 

          jungle boy

          Come to yin bat


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>