" လက်ဝှေ့ထိုးတိုင်း လူကြမ်းဖြစ်ရောလား "(၁)
စည်းကမ်းဆိုတာ လူ့လောက ၊ လူ့ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ လူ့အဖွဲ့စည်းတိုင်းမှာရှိကြပါတယ် ။
သံဃာအဖွဲ့အစည်း ၊ ကျောင်းသားအဖွဲ့အစည်း ၊ နိုင်ငံရေးအဖွဲ့အစည်း ၊အနုပညာအဖွဲ့အစည်း ၊လူမှုအဖွဲ့အစည်း
အစရှိတဲ့ အဖွဲ့အစည်းတိုင်းမှာ သူ့နေရာနှင့်သူ စည်းကမ်းဆိုတာ ရှိကြပါတယ် ။ ဒီဆောင်းပါးမှာ ကျွန်တော်ပြောချင်တဲ့
အကြောင်းအရာကတော့ အားကစားလောက အထူးသဖြင့် မြန်မာ့လက်ဝှေ့သမားများလိုက်နာရတဲ့စည်းကမ်းများနှင့်
၎င်းတို့၏ ဘ၀ တစိပ်တစ်ဒေသ အကြောင်းပဲဖြစ်ပါတယ် ။
ကမ္ဘာနှင့်အ၀ှမ်း နိုင်ငံတိုင်းလိုလိုမှာ သူ့ရိုးရာအလိုက် လက်ဝှေ့ထိုးသတ်နည်းများ ၊ စည်းကမ်းဥပဒေပေါင်း
များစွာရှိကြသလို ကျွန်တော်တို့နိုင်ငံမှာလဲ မြန်မာရိုးရာလက်ဝှေ့ထိုးသတ်တဲ့ စည်းကမ်း နည်းလမ်းပေါင်းများစွာရှိကြ
ပါတယ် ။ လက်ဝှေ့ထိုးသတ်တဲ့ ပညာမှာ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းရှိကြပေမဲ့လည်း ထိုးသတ်တဲ့နေ
ရာမှာ စောင့်ထိမ်းရတဲ့ စည်းကမ်းများကတော့အားလုံးတူညီကြပါတယ် ။
သာမန်ယောင်္ကျားတိုင်း မစွမ်းနိုင်တဲ့ မြန်မာ့လက်ဝှေ့ထိုးသတ်သူအများစုဟာ ခန္ဓာကိုယ်ကြံ့ခိုင်ဖွံ့ဖြိုးယုံမှ
မဟုတ်ပဲ စိတ်ဓါတ် ပါခိုင်မာကြရပါတယ် ။ ထိုသို့ စိတ်ဓါတ်ရော ခန္ဓာကိုယ်ပါ ကြံ့ခိုင်သန်မာဘို့ရာ လေ့ကျင့်ခန်းများ
လုပ်ကြရပါတယ် ၊ စိတ်ရောကိုယ်ပါလေ့ကျင့်ခန်းများလုပ်ကြတဲ့အခါ အချိန်များစွာလိုအပ်ပါတယ် ။ မြန်မာ့လက်ဝှေ့သ
မားတယောက်ကို မွေးမြူပျိုးထောင်တော့မယ်ဆိုရင် ၄င်း၏ ကျန်းမာရေး၊ လူမှုရေး ၊ ဘာသာရေး ၊ စားဝတ်နေရေး အစ
ရှိတဲ့ အရေးလေးပါးကို အရင်ဆုံးဆောင်ရွက်ရပါတယ် ။
(၁) ကျန်းမာရေး
ကျမ်းမာရေး ဆိုရာတွင် ကာယိကသုခ၊ စေတသိကသုခ (စိတ်ကျမ်းမာခြင်း ၊ ကိုယ်ကျမ်းမာခြင်း) အနေဖြင့်
နှစ်မျိုးရှိလိမ့်မည် ။ ထိုနှစ်မျိုးတွင် ကိုယ်ကျန်းမာနိုင်ရေးအတွက် စိတ်ကျန်းမာရေးကို အလျှင်ဦးစွာ ပြုလုပ်ပေးရသည် ။
စိတ်ကျန်းမာရေးအတွက် အထက်ဖော်ပြပြီးသော လူမှုရေး ၊ ဘာသာရေး ၊ စားဝတ်နေရေး အစရှိသော အရေးသုံးပါးကို
ဆောင်ရွက်ပေးရပြန်သည် ။စိတ်ကျမ်းမာပါက ကိုယ်လည်းချမ်းသာလိမ့်မည်ဖြစ်သည် ၊ကစားသမားတယောက်
အတွက် ကျန်းမာရေးသည် အရေးကြီးလှသည် ။ ကစားသမားတယောက်၏ကျမ်းမာရေးသည် ယ္ခုတင်ပြသည်ထက် အ
ကြောင်းအချက်ခိုင်လုံသောလိုအပ်ချက်များ ရှိပါသည် ၊ သို့သော် ဤဆောင်းပါးသည် ကျန်းမာရေးဆောင်းပါးမဟုတ်သည့်
အတွက်သဘောမျှလောက်ရေးလျှင် လုံလောက်ပြီထင်သည် ။
(၂) လူမှုရေး
ကစားသမားတယောက်ပျိုးထောင်ရာတွင်လည်း ၄င်း၏လူမှုရေးနယ်ပယ်ကို မျက်ကွယ်ပြု၍မရပါ ၊ လူမှုရေး
ဟူ၍ သိမ်းကျုံးခေါ်သော်လဲ တကယ်တန်းတွင် ကိုယ်ရေးကိုယ်တာအရေးကိစ္စ ၊ မိသားစုအရေးကိစ္စ ၊ ပတ်ဝန်းကျင်ပေါင်း
သင်းဆက်ဆံရေးအရေးကိစ္စများဟူ၍ ခေါင်းစဉ်များကွဲပြားနိုင်သေးသည် ။ ထိုအရေးကိစ္စများသည် လူမှုပတ်ဝန်းကျင်နေရာ
တိုင်းတွင်ထိတွေ့နေရသောအရေးကိစ္စများ ဖြစ်နေသည့်အတွက် အထူးရှင်းရန်မလိုဟုထင်ပါသည် ။
(၃) ဘာသာရေး
လူတိုင်းတွင် ကိုယ်ယုံကြည်ရာ ဘာသာကိုးကွယ်ဆည်းကပ်နိုင်သည့် အခွင့်အရေးများရှိသည့်အလျှောက် ကစား
သမားတယောက်အားပျိုးထောင်ရာတွင်လည်း ၄င်းယုံကြည်ကိုးကွယ်သော ဘာသာတရားကို ထည့်သွင်းစဉ်းစားပေးရသည် ။
ထိုသို့ထည့်သွင်း စဉ်းစားပေးရသည်မှာ မြန်မာ့ရိုးရာလက်ဝှေ့၏ အစဉ်အလာကြီးမားပုံနှင့် ရတနာသုံးပါးအပြင် ရိုးရာနတ်၊
လမိုင်းအစရှိသော လုပ်ထုံးလုပ်နည်း အစဉ်အလာများ ရှိနေသေးသောကြောင့်တည်း ။ ၄င်းအစဉ်အလာများအား ရှေးလာမည့်
ဆောင်းပါးအခန်းဆက်များတွင် အလျင်းသင့်သလိုဖော်ပြပေးသွားပါမည် ။ ထိုသို့ အစဉ်အလာ များရှိနေသည့်အတွက် ရိုးရာလက်ဝှေ့
သမားတယောက်ပျိုးထောင်ရာတွင် ဘာသာရေးကိုလဲ ထည့်သွင်းစဉ်းစားပေးရပါသည် ။
(၄) စားဝတ်နေရေး
အာဟာရကြောင့် ရုပ်ကိုဖြစ်စေ၏ဟူု၍ အဘိဓမ္မာတရားတော်တွင် မြတ်စွာဘုရားဟောတော်မူသည့်အတိုင်း ၊
လိုအပ်သောအစာအာဟာရပြည့်စုံမှုရှိမှသာ သန်စွမ်းကြံ့ခိုင်သော ကစားသမားတယောက်ဖြစ်လာမည်မှာ မလွဲပါ ။ ဘောဇန
သပ္ပာယ ၊ ဥတုသပ္ပာယ ဟူ၍ ရှိသည့်အတိုင်း အစားအသောက် ပြည့်စုံသော်လည်း သင့်တော်သောဝတ်စားဆင်ယင်မှု ရှိရပေမည်
ရာသီဥတုနှင့်လိုက်လျောညီစွာ နေထိုင်စားသောက်ရေးသည် ကစားသမားမှမဟုတ် လူတိုင်းတွင်အရေးကြီးသည်မှာ လူတိုင်းလက်ခံ
ကြပါလိမ့်မည် ။
ဤ ဆောင်းပါသည် မြန်မာ့လက်ဝှေ့သမားတယောက်၏ လက်ဝှေ့ထိုးသတ်သည့်အကြောင်းအရာများကို ဦးတည်ရ
မည့်အစား၊ ဘာသာရေးဆန်ဆန် ကျန်းမာရေးဆန်ဆန် အယူဝါဒများကိုအတိုချုံ့ပြောနေရသည်မှာ ၊ လက်ဝှေ့ ထိုးသတ်နေကြသော
လက်ဝှေ့သမားတိုင်းတွင် လူပီသသောစရိုက် လူပီသသောအတွေးအခေါ် ရှိနေကြသည့်အပြင် သူလိုကိုယ်လို စိတ်ခံစားမှုများ
လူတိုင်းလိုရှိနေကြသည်ကို သိစေလိုသည့်အပြင်၊ ဤ ဆောင်းပါးရေးရခြင်း၏ အဓိကအကြောင်းရင်းလည်းဖြစ်သည် ။
ဆက်လက်ဖော်ပြပါမည်.....။
ညီသုတ(ပြည်)
26/9/2012
Views: 71
Tags: ဆောင်းပါး