နှလုံးသားမြို့တော် ကဗျာ ပြိုင် ပွဲ မှ ဇကာတင်ကဗျာ ဆယ် ပုဒ်ကို ချစ် သူ့မြို့တော် ကဗျာဝါသနာ၇ှင်ကလောင် ၇ှင် များဖတ်၇ှုနိုင်၇န် တင်ပြ လိုက်ပါတယ်
*********************************************************************************
လောကသခင် ( ပြိုင်ပွဲဝင်ရန် )
အမိမွေးဖွား ဗလာနတ္ထိ
ခရုပုံနှိုင်း ပုရွက်လိုကျင့်
တရွေ့ရွေ့နှင့် တဖြေးဖြေးချင်း
ရက်ကိုလစား လကိုနှစ်ချုပ်
အရင်းပြုပြီး လိုရာခရီး
ပန်းတိုင်ဆီသို့ လှမ်းချီကာပြင်
လူသားလုံ့လ ဇွဲကိုရင်းတည်
ဝိရိယပိုက် ဆွဲကိုင်ပြုပြီး
မလျော့သောအား မာန်ကိုထားပြီး
တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့
အားသွန်ကုန်ခန်း ကြိုးစားလိုက်လျှင်
လူထဲကလူ တလူလူနဲ့
ဇဗ္ဗူတလွှား ဖြစ်ချင်နေတာ
ဖြစ်နေတာတွေ ဖြစ်နိုင်တာက
လူကစမို့ လူသည်သာလျှင်
မိုးမြေတခွင် ထက်အောက်ပြင်ဝယ်
လောကအနှံ့ တန်ဖိုးရှိဆုံး
တန်ခိုးရှင်မို့ လူဖြစ်ရကျိုး
မရှုံးလေအောင် စိတ်ကိုပြင်ထား
အသင်လူသား အားမငယ်နှင့်
လူကြံဆလျှင် အရာအားလုံး
သိမ့်သိမ့်တုန်အောင် ပြီးပြည့်စုံမို့
ငါတို့ဘုရား လူကစတင်
သန္ဓေတည်ပြီး ကျင့်ကြံခဲ့သည်
လူဖြစ်ရတာ ဂုဏ်အရှိဆုံး
မြင့်မြတ်ဆုံးမို့ စိတ်ထားလှလှ
ဂုဏ်ယူလိုက်ပါ လူသားလေးရာ
ကဗျာရေးသူ ( မိုးမခ - ရွှေမြို့တော် )
မည်သည့်ဆိုဒ်တွင်မှ မပါရှိသော ကိုယ်တိုင်ရေးကဗျာ ဖြစ်ပါသည်။
ေ၇းသားသူ မိုးမခ (ပြိုင်ပွဲဝင်၇န်ေ၇ာက်၇ှိလာသေကဗျာ)
**********************************************************************
လမ်းခွဲတာ ဝမ်းနည်းစရာ မဟုတ်ပါ… ( ပြိုင်ပွဲဝင် ကဗျာ)
ဘဝရေစက် ဆုံတွေဖို့ ခက်
တွေ့ ကြုံခဲ့ရ ဒီဘဝ။
မေတ္တာခက် သစ္စာပျက်
ငြိုးမုန်းရန်ထက် လက်စားချေလျှက်
သံသရာဝယ် မကုန်တယ်။
ချစ်ခင်ကြင်နာ မြတ်နိုးစွာသာ
အမုန်းမပွား မေတ္တာထား
ဆင်ခြင်ကာရယ် တွေးပါကွယ်။
တွေ့ ကြုံ ဆုံရ ဒီဘဝ
ကံအကြောင်းက ပါရတယ်။
ရေပြင်ထက် ဗေဒါရွက်
ပမာပြုလျှက်
ကံကြောင့် ကြုံဆုံ
ခွဲခွာရုံ
လမ်းခွဲဖို့ ကို ဝမ်းနည်းဖို့ မလို။
ခရေ
( ကြိုးစားပါအုံးမည်)
# # # # စံလွန်းတင် # # # #
***********************************************************************
. မင်းသားတော့မင်းသား
လောကဇာတ်ခုံ ဤလူ့ ဘုံဝယ်
ဇာတ်ဆရာခေသမျှ ကကြရသည့်
ကျနော်တို့ ရွှေများ ဇာတ်မင်းသားများ
အရွယ်မရောက်ခင် ရွာဇာတ်စင်မှာ
အကသင်အဆင့် ကိုအေးဂျင့်နှင့်
ဝါရင့်သရုပ်ဆောင် ပွဲစားမောင်တို့
မလာယုဇာတ်စင် ကဖို့ တင်ပြီ.......
အစထဲက ဆင်းရဲသားအခန်း
တရကြမ်းကလာ ဒါကိုငါကွ
ဆိုနေကြပြန် အလုပ်ကမဟန်
ဒုက္ခခံပြီး မနက်ဟန်နီကယ်
ညအာမီရမ်နဲ့ မှန်မှန်မြိုကြ
ဇာတ်လမ်းအရတဲ့........
တချို့ တခန်းရပ် ယူအန်ကဒ်နဲ့
မွေးရပ်ကိုခွာ ဇာတ်မြှုတ်ရှာတယ်
မလာယုဇာတ်စင် နှစ်ပါးခွင်မှာ
ကိုရွှေမင်းသား အ,မများနဲ့
မိုးလေမမြင် ကကွတ်ထွင်ပြီ.....
နှစ်ပါးသွားအပြီး ဇာတ်တော်ကြီးကို
ရွာပြန်ပြီးမှ ငိုချင်းချပေါ့
ရွာကပရိသတ် ဝေဖန်ချက်က
“မောင်လုပ်မောင်စား မောင်မင်းသားတဲ့......”.....။........။
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
ကိုယ်ဗလာနင့်လာ ကိုယ်ဗလာနင့်ခွာ
ကိုယ်ဗလာနင့်လာ ကိုယ်ဗလာနင့်ခွာ
ပူပင်ကင်းလှ ခလေးဘ၀မှ
ပူပင်ပြောပြ ထွေပေါသောက
လောဘရမက် မောဟရောယှက်
ဒေါသနောဖက် ဇောထမက်ဘက်
သက်ပြည့်ရွယ်ရောက် ဘ၀ကိုလျှောက်ကာ
အတ္တပရ မျှမျှတတ
လုပ်ကြသူလည်း မုချမလွဲ
ကိုယ်ဗလာနှင့် ၀င်လာသဘိ
ဘာအရာမျှမပါ ကိုယ်ဗလာနှင့်
ဇီဝိန်ချုပ်ငြိမ်း ဇာတ်သိမ်းရ၏။
ပြစ်မူသွယ်သွယ် ကျူးလွန်လွယ်လည်း
ဇီဝိန်ချုပ်ငြိမ်း ဇာတ်သိမ်းခါဝယ်
ဘာမျှမပါ ကိုယ်ဗလာသာ။
ကုသိုလ်အကုသိုလ် ထိုထိုသာလျှင်
အစဉ်ကပ်ကာ လိုက်ပါမည်သာ။(စာဂဘoင်)
********************************************************************
"ညဥ့်ငှက်တစ်ကောင်ရဲ့မိုင်ထောင်ချီခရီးကြမ်း"
ကြည်သာချိုအေး လေနုထွေးလည်း
မအေးသူ့ရင် ပူမြဲသာပင်
ခရီးနှင်ရ မရွှင်ပြနိုင်
မပိုင်ကိုယ့်ကိုယ် ညဥ့်တေးဆိုလို့
နေညိုချိန်ဆို သူငိုပြီ။
သမုဒ္ဒရာ ၀မ်းတစ်ထွာတွက်
အစာအိမ်ပိုး လှုပ်နိုးခံရ
ပူလောင်လှသော ဘ၀များစွာ
ကိုယ်ချင်းစာလျှက် သူပေးဆပ်သည်
မအပ်သည်လည်း သူအသိ။
သို့သော်လည်းလေ ကံ၏စေရာ
မနေသာ၍ ကျရာအခန်း
မနွဲ့တမ်းပင် ဖြတ်သန်းရှာခဲ့
ညဥ့်နက်များစွာ ဝေဒနာနှင့်
မပါစိတ်ထဲ ရှိချေလဲ။
ကိုယ်စိတ်ကြည်နူး အရုဏ်ဦးလည်း
မစူးသူ့ရင် မှောင်လျှက်ပင်ရှိ
ရင်မချိစွာ အထိနာသော
သည်ဇာတ်မျောထဲ တ၀ဲဝဲလည်
မစဲရင်တွင်း မျက်ရည်မင်း။
နေရောင်ထိန်လင်း နံနက်ခင်းပျောက်
လမင်းသော်တာ ငွေစန္ဒာအောက်
ဆူးလမ်းလျှောက်ခါ မပေါက်ခရီး
နှင်မပြီးသော သွေးစုပ်တောလယ်
လွင့်မျောတွယ်ကပ် ခရီးဆက်။
မိုင်ထောင်ချီကျော် ခရီးပေါ်ဝယ်
အဖော်မဲ့ကင်း ရင်တွင်းဖိုလှိုက်
သောကစိုက်ဝင် လောင်မြိုက်ထပ်ထပ်
ရုံးဖို့ခဲခက် ရွှံ့နွံထက်မှ
ညဥ့်ငှက်ငယ်၏ ခရီးကြမ်း။
လင်းလက်။
ပြိုင်ပွဲဝင်ရန်ပေးပို့သူ ဆိုဒ်တွင်အသုံးပြုသောနာမည် လင်းလက်
************************************************************************
ကြိုးစားက ဘုရားဖြစ်
ပုရွက်ဆိတ်ကလေး၊ ပေါ့သေးသေး၊
မနှေးလုံ့လစိုက်ပါတယ်။
နေ့နေ့ညည၊ ဥစ္စာရဖို့၊ လုံ့လစိုက်ထုတ်တယ်။
ပုစွန်ဆိတ်ငယ်ငယ်၊ သေးသွယ်သွယ်
ပင်လယ်ကူးတတ်တယ်။
ဇွဲနှင့်အားမာန်၊ စိတ်အားသန်၊ မြန်ဆန်လှပါတယ်။
ပိုးစုန်းကြူဟာ၊ ညအခါ၊ ရောင်ဝါကို ထွန်းတယ်၊
အမှောင်ကိုခွန်း၊ အမိုက်ရှင်း၊ အလင်းကိုဆောင်တယ်။
ပန်းရန်ဆရာ၊ နကျယ်မှာ၊ တိုက်တာဆောက်လုပ်တယ်။
သူ့သိုက်ထဲမှာ၊ သားများစွာ၊ လုံစွာစောင့်ရှောက်တယ်။
သူတို့မှာကား၊ ပိုးမွှားများ၊ မြန်အားနည်းလှတယ်။
ငါ့မှာလူသား၊ လွန်ကြိုးစားက၊ ဘုရားဖြစ်နိုင်တယ်။
ဇွဲနှင့် အားမာန်၊ စိတ်အားသန်၊ စိတ်ကြံတိုင်းအောင်မယ်။
သတိ+ လုံ့လ မလျှော့မှ၊ လိုတရလိမ့်မယ်။
သတိ+ ပညာ တွဲမှသာ၊ လိုရာရလိမ့်မယ်။
ငါကားလူသား၊ လွန်ကြိုးစားက၊ ဘုရားဧကန်ဖြစ်နိုင်တယ်။
စနိုးဖြူ
ဆိုဒ်တွင်အသုံးပြုသောနာမည် သက်တန့်မေ
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
ရှောင်ကာမရ၊ဘဝလူဘုံ
ကြုံရဆုံရ၊မျိုးစုံဒုက္ခ
ပူဆွေးမနေ၊သောကရေပူ
လေပြင်းထန်လဲ၊နောက်မဆုတ်တမ်း
ရှောက်ခါလှမ်းမယ်၊ပန်းတိုင်ဆီကွယ်....
လုံးလမရင်း၊ဥာဏ်ကဖျင်းနေ
ပျင်းရိနေမူ၊ဝေးနေသုခ
ယခုဘဝ၊မလှမပ
မျက်ရည်စီးချင်း
ခရီးပြင်းပြင်း
ဖြိုခွင်းရမည်...
** *စံလွန်းတင်**
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
စံထားပြုငြားအို…….လူသားတို့ ( ပြိုင်ပွဲဝင်ရန် )
လှိုင်းရိုက်ပုတ်ခတ်
အရိုင်းမိုက်တို့
ခိုက်ရန်ပြုလာ
ရန်မှုလာလည်း
တုကာလျှောက်လှမ်း
ခရီးကြမ်းတွင်
မမောပန်းခဲ့ခရုငယ်……..
ဘ၀အလယ်
သုညနယ်တွင်
အပြေးနူန်းက
အနှေးဆုံးခရီးနှင်သူလို့
ကမ္မည်းတင်လူ
အက္ခရာကိုအံတု
အောင်လံတလူလူ
လွှင့်ထူခဲ့ပြီးလေ…………..
ငါတို့လူသား
အိုလူသားတို့
လောကရွှေပြည်
အောင်ပွဲဆီသို့
ချီရာတက်ရာ
လျှောက်လှမ်းရာတွင်
အောင်လံဖြူဝင့်
အလှတင့်ရန်
ဇွဲမာန်ဝင့်ကြွား
ခရုမွှားအား
စံထားပြုငြား
အိုလူသားတို့………
ကိုအောင်အောင် ပခုက္ကူ
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
စေတနာ ဆန္ဒ
ကြွယ်ဝ ချမ်းသာ ၊ လူများစွာတို့။
ပစ္စည်း ဥစ္စာ၊ ရှိနေ ပါလည်း၊
ဆက်ကာ ရှာဆဲ၊ လိုချင် ဆဲသည်၊
တစ်ထွာ စာမျှ၊ ထို ဒုက္ခ အတွက်။
ဆင်းရဲ နုံချာ၊ လူများ စွာတို့။
နေပူ ဆင်းရဲ၊ ဖျားကာ နေလည်း။
ပစ္စည်း ဥစ္စာ၊ ရှာရ မြဲသည်။
တစ်ထွာ စာမျှ၊ ထို ဒုက္ခ အတွက်။
လူ့ဘုံ လူရွာ၊ လူ့ ရာဇာတို့၊
ပြောတိုင်း ဖြစ်ဘိ၊ အာဏာ ရှိလည်း၊
ခိုင်းမြဲ ရမြဲ၊ လိုချင် မြဲသည်၊
တစ်ထွာ စာမျှ၊ ထို ဒုက္ခ အတွက်။
လူ့ဘုံ လူ့ရွာ၊ လူ့နောက်ပါ တို့။
အာဏာ မရှိ၊ လုပ်နေ မိလည်း၊
ဆက်ကာ လုပ်ဆဲ၊ လုပ်ရ မြဲသည်၊
တစ်ထွာ စာမျှ၊ ထို ဒုက္ခ အတွက်။
တောမှာ နေကြ ၊ သမဏ တို့၊
တရား မှတ်ကြ၊ ငြိမ်းအေးကြ လည်း၊
သပိတ်ကို ဆွဲ၊ ဆွမ်းခံ မြဲသည်။
တစ်ထွာ စာမျှ၊ ထို ဒုက္ခ အတွက်။
ခန္ဓာ ရလာ၊ သတ္တ၀ါ တို့ ၊
ဘယ်သူ ဘယ်ဝါ၊ ဂုဏ်ကွာ နေလည်း၊
လှုပ်ကာ ရှားကာ၊ လုပ်နေ ပါသည်၊
တစ်ထွာ စာမျှ၊ ထို ဒုက္ခအတွက်။
ကိုယ် စိတ် နှစ်ဖြာ၊ ဆင်းရဲ နေရ၊
ရှာရ ဖွေရ ၊ ထို ဒုက္ခကို၊
ချုပ်ကြ ပိုင်ပိုင်၊ တန့်ထားနိုင်မှ၊
အေးငြိမ်းကြ မည်၊
တရား ကိုယ်စီ၊ ရှိစေတည်း။
ထိုဒုက္ခမှ လွတ်စေတည်း။
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း
(ချစ်သူ မြို့တော် မန်ဘာတစ်ဦး)
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
*ရွက်လွင့်ကြစို့...သူငယ်ချင်းသို့..*(ပြိုင်ပွဲဝင်ရန်)
ဟေ့သူငယ်ချင်း..လက်ပင်းဖက်ကာ..
ကြီးပျင်းလာတာ..မဟုတ်ပါလည်း..
လူ့ရွာလောက..ခဏလေးမှာ..
တွေ့ကြဆုံကြ..ခင်ခဲ့ကြတယ်..
ဘယ်မှာသွေးချင်း..မစပ်လျဉ်းခဲ့..
ထို့ပြင်ကိစ္စ..ကြုံကြိုက်ကမူ..
ဘ၀င်တစ်ဆူ..မာန်မူမထား..
ကိုယ့်သားကိုယ့်သွေး..လေးလေးနက်နက်..
လက်ချင်းယှက်ကာ..ဒို့ပြည်ရွာကို..
ဒို့သွေးဆက်ကာ..ကာကွယ်သွားမည်..
သွေးနီနီတည်း..
ဘိုးဘွားစဉ်လာ..မှာထားခဲ့ကြ..
ဘ၀စည်းကမ်း..မှန်တန်းလေးပေါ်..
မတိမ်းချော်ပဲ..ပိန်းကြာဖက်ပေါ်..
ရေမပျော်သို့..ဘေးဘယာတွေ..
ဝေးကွာရအောင်..သွေးဆောင်ရာသို့..
မလွင့်ပါပဲ..သင့်လျော်ရာဖြစ်..
သမိုင်းသစ်ကို..သွေးကညစ်နဲ့..
ရေးဆစ်လိုက်မယ်..သူဌေးဖြစ်တဲ့..
ဒို့မြန်ပြည်က..အဘိုတန်ပြီပေါ့..
ကံဥာဏ်လုံ့လ..အသုံးချလင့်..
ပြုံးရမည်ကွယ့်..ဒီကမ္ဘာမှာ..
ဂုဏ်မငြိုးတာ..ပြည်မြန်မာပါ..
ကမ္ဘာတလွှား..ကျော်ထင်ရှားအောင်..
လုံ့လဆောင်ကာ..ဥာဏ်ကိုလွင့်လျက်..
မြင့်သထက်မြင့်..ထက်ဆင့်ရောက်အောင်..
ရွက်လွင့်ကြစို့..သူငယ်ချင်းသို့...
အားလုံးကိုလေးစားလျက်..လွမ်းသစ္စာ၊
..........စံလွန်းတင်.......
လွမ်းသစ္စာ
********************************************************************
အထက်ပါကဗျာစာမူ၇ှင်များအနေဖြင့်
မိမိတို့၏နေ၇ပ် လိပ်စာ
ဆက် သွယ်၇န် ဖုန်းနံပါတ်
G-Mailလိပ်စာများ
ကိုပေးပို့ကြပါ၇န်
သို့
ဤဘလော့တွင်မှတ် ချက်ေ၇းသားပေးပို့ကြပါ၇န်
မ၇ှင်း လင်းသည်များ၇ှိပါက
ayechannyu@gmail.comသို့လည်းကောင်း
လည်းကောင်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်
စိတ် ၏ချမ်းသာခြင်း ကိုယ် ၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံကြပါစေ