ရှုပ်ထွေးလွန်းတဲ့လောကကြီးမှာ
မင်းနဲ့ငါ စတွေ့ခဲ့ကြတာက ရိုးရိုးလေးပါပဲ
ဘာအရောင်မှ မဆိုးခဲ့ဘဲ
အဖြူရောင်ဆိုတဲ့ သံယောဇဉ်လေးကို
အစပျိုးခဲ့ပြီး..
ငါတို့ နှစ်ယောက် ချစ်သူတွေဖြစ်ခဲ့တယ်
မင်းနဲ့ စကားပြောနေရတဲ့ အချိန်တွေဆို ငါပျော်နေမိတယ်
အချိန်တွေဆိုတာ ကုန်လို့ကုန်မှန်းမသိပေါ့
ငါ့ရဲ့ ကိုယ်ပိုင် ကမ္ဘာလေးထဲမှာ
မင်းဟာ ချိုမြိန်တဲ့ သံစင်လေးတစ်ခုပေါ့