“တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း
ကျွေးမွေးခြင်းထက်၊ မယွင်းစင်စစ်၊ နိုတစ်ညစ်စာ
ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊
ဘုရားမြတ်စွာ မိန့်ခွန်းတည်း။”
တတ်နိုင်သူ တစ်ဦးက ထမင်းအိုးတစ်ရာဖြင့်
နံနက်၊ နေ့၊ ည၊ သုံးကြိမ်အလှူကြီးပေးလှူ၏။
ထိုမျှ မတတ်နိုင်သူတစ်ဦးက “စကြာဝဠာအနန္တ
သတ္တ၀ါအနန္တကျန်းမာပါစေ၊ ချမ်းသာပါစေ”ဟု
နွားနို့တစ်ညစ်စာမျှ နံနက်၊ နေ့၊ ည၊ သုံးကြိမ်
မေတ္တာပို့၏။မေတ္တာဘာဝနာပွားများ၏၊
ဒါနသမားထက်၊ မေတ္တာသမားကပို၍ ကုသိုလ်ရသည်။
(နိဒါန၀ဂ္ဂသံယုတ်၊သြက္ခာသုတ်)
မေတ္တာပွားများသူသည်
ချမ်းချမ်းသာသာ အိပ်စက်ရ၏။
ချမ်းချမ်းသာသာ နိုးထရ၏။
အိမ်မက်လှလှ မြင်မက်ရ၏။
လူအများ ချစ်ခင်နှစ်သက်၏။
မီး၊ အဆိပ်၊ လက်နက်
စသည့် ရန် ကင်းဝေး၏။
စိတ် တည်ကြည်၏။
မျက်နှာအဆင်းကြည်လင်၏။
သတိ၊ သတ္တိနှင့်သေမင်းကို ရင်ဆိုင်၏။
နောင်တမလွန် ဗြဟ္မာပြည်လားရောက်နိုင်၏။