Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

(ဟာသ)3

$
0
0

           ကျွန်တော်တို့ သူငယ်ချင်းတစ်စု ခရီးထွက်ကျတယ်ဗျ။ သူငယ်ချင်းလေးယောက်ပေါ့ဗျာ။ ကျွန်တော်နာမည်အရင်းက ထွန်းအောင်ကြည် (စိုင်းသေးလေး)ပေါ့(ဟိဟိကြာ်ငြာလိုက်တာ)၊ တစ်ယောက်ကလှိုင်းဖြိုးသူ။ နောက်တစ်ယောက်က စိုးဇော်။ နောက်ဆုံးတစ်ယောက်ကတော့ သက်ဦးမောင်မောင်တဲ့။ ကျွန်တော်တို့ခရီးကဘယ်မှမဟုတ်ဘူး ကျွန်တော်တို့နေတဲ့ မန္တလေးနဲ့ မဝေးတဲ့ ပြင်ဦးလွင်မြိုံလေးကိုပါ။ ကျွန်တော်တို့ အဖွဲ့လေးက စုံတယ်ဗျ။ စုံတယ်ဆိုလို့ ဆိုးဆိုးသွမ်းသွမ်းကြီးလည်းမဟုတ်ဘူး ပေါပေါသွပ်သွပ် သမိန်းပေါသွပ်လိုလည်း မပေါဘူး။ ဟဲဟဲ ကိုယ်အဖွဲနဲ့ကို ပေါတာ။ ကွမ်းစားတတ်တယ် ဆေးလိပ်သောက်တတ်တယ် ဘီယာကတော့ နည်းနည်းပါးပါးပေါ့ တစ်လာမှာနှစ်ခါပါပဲ (တစ်ခါသောက်ရင် 15 ရက် ၊တစ်ခါတစ်လေရက်မလောက်လို့ ရှေလှကချေးရတယ်)။စတာပါနော် တစ်နှစ်မှာ2ခေါက် 3ခေါက်လောက်ပါပဲ။  အော်ပြောနေရင်း ဘယ်ရောက်လာမှန်းတောင် မသိတော့ဘူး ။ ကဲ့ကဲ့ ခုဏက ဘယ်ရောက်သွားပြီလည်း အော်ခရီးထွက်လာတာ လမ်းမှာကွမ်းလေးစားလိုက် ဆေးလိပ်သောက်လိုက် တစ်ယောက်နဲ့တစ်ယောက် စစနောက်နောက် နဲ့တက်လာကျတာ။ လမ်းမှာလည်းလေးယောက်ထဲနဲ့ ပွဲကျနေတာ သူများတွေကတော့ တော်တော်ပေါတယ်လို့ ပြောကျမှာပဲ။ လမ်းမှာကြုံခဲ့တဲ့ ဟာသလေးတွေပေါ့ သူငယ်ချင်းတွေကဆော့ကျတယ်ဗျ။ ဆော့တာကဒီလိုဗျ ဖြိုးသူ ထအော်တယ် ခေါင်းပေါလက်မတင်တဲ့ကောင်ကို ၀ိုင်းရိုတ်တဲ့ ။အဲ့အသံလည်းကြားရော ကျန်သုံးရောက်ကပြာပြာရာရာ လက်ကိုခေါင်းပေါတင်ကျတယ်။အဲ့ဒီအချိန်မှာပဲ စိုးဇော်က ထအော်တယ် ခြေထောက်တစ်ဖက်မမြောက်တဲ့ကောင် ၀ိုင်းရိုတ်တဲ့ ။အကုန်လုံးက လက်တစ်ဖက်ကို ခေါင်းပေါ်တင်ပြီးခြေတစ်ဖက်မြောက်ထားရတာပေါ့။ သက်ဦးမောင်မောင်ဆိုတဲ့ ကိုတော်ချောကလည်းထအော်တယ် လက်တစ်ဖက်မမြောက်တဲ့ကောင်ကို ၀ိုင်းရိုတ်တဲ့။အကုန်လုံးလက်တစ်ဖက်ပါ ဆက်မြောက်ထားရတယ်။ကျွန်တော်လည်း ပြန်အောင်လိုက်တယ် ကျွန်တော့ကိုခုလိုပုံဖြစ်အောင်လုပ်ခိုင်းတဲ့ကောင်ပြန်ရိုတ်လို့ အဲ့မှာပဲသုံးယောက်သား တစ်ယောက်နဲ့တစ်ယောက်လိုက်ရိုတ်နေကျတော့တယ်။ စဉ်းစားကြည့်ပါအုံးဗျာ ဘေးလူးတွေကကြည့်ကြည့်သွားတာ စိတ်ထဲကလည်းပြောသွားကျမှာ ဒီကောင်တွေ ဗိုလ်သင်တန်းက ခိုးထွက်လာတာ မိလို့နေမှာ ။ဒါမှမဟုတ်လည်း အမျိုးမျိုး တွေးသွားကြမှာပေါ့။ ဒါပေမယ့်လည်းမမှတ်သေးဘာ ဘူးတစ်လမ်းလုံး စလာကျတာပဲဗျ     ကဲ့ကျန်တာတွေကိုနောက်အပါတ်မှဆက်ရေးမယ်ဗျာ..............(ကျွန်တော့ပျော်ရွှယ်မှု အမှတ်တရလေးတွေပါ)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>