ခြသေ့င်္ဟာ သူ့ကိုမြှားနဲ့ ပစ်ရင် မြှားနောက်သို့ မလိုက်ဘဲ ပစ်တဲ့သူကိုပဲ လိုက်ပါတယ်… ခွေးဆိုလျှင် ခဲနဲ့ပစ်ပါက ခဲနောက်ကို လိုက်ပါတယ်… ခြသေ့င်္နဲ့ မတူပါ… ဒါကြောင့် ခြသေ့င်္ဟာ အကြောင်းကို လိုက်တယ်လို့ ပမာပြုပါတယ်…
ဒီလိုပဲ ဗုဒ္ဓတရားတွင် ပဋိစ္စသမုပ္ပါဒ် တရားသည် အကျိုးတရားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ်မလာအောင် ချုပ်ငြိမ်းအောင် ပစ္စုပ္ပန် မှာရှိတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀ တို့မဖြစ်အောင် အပြီးသတ်ပါတယ်… အကြောင်းတရားများ မရှိပါက အကျိုးတရား ခန္ဓာ (ဒုက္ခသစ္စာ)သည် ထပ်ဖြစ်မလာတော့ပါ။ အကျိုးတရားတို့သည် ပုံမှန်အတိုင်း ဖြစ်နေတာပါပဲ။ သူတို့ကို တိုက်ရိုက်ချည်း မဖြစ်အောင် လုပ်ရိုးမရှိပါ… လုပ်လို့လည်းမရပါ… ခန္ဓာဟူသော ဒုက္ခသစ္စာဆိုတဲ့ အကျိုးရှိနေ၍ ဝေဒနာ ဆိုသည်မှာ ထိုအကျိုးတရားနှင့် တခါတည်း ပါလာ၍ ခံစားရမှာပါပဲ… ထိုဝေဒနာ အကျိုးတွေကို တိုက်ရိုက်ချည်း ဖယ်နေ၍လည်း အပြီး ပျောက်သွားမည် မဟုတ်ပါ… မည်သည့်ပုဂ္ဂိုလ်မဆို ဝေဒနာ၊ ဇာရာ၊ မရဏ ဟူသော အကျိုးတို့ မလွဲမသွေ ခံစားရမှာပါပဲ… ထိုအကျိုးတရားများသည် အကြောင်း ရှိနေသမျှ ဖြစ်နေဦးမှာပါပဲ… ထို့ကြောင့် ဆိုင်ရာ အကြောင်းတရားများကို ဖယ်ခွာမှသာလျှင် ထိုအကျိုးတရားများ ထပ်ဖြစ်မလာတော့ပါ။ ဒါကြောင့် ဘုရားရှင်တို့မည်သည် အကြောင်းကိုသာ ကျင့်ပါတယ်။ အကျိုးကို မကျင့်ဘူးလို့ ဆိုလိုပါတယ်… ဒီသဘောကိုပဲ ခြသေ့င်္နဲ့ ပမာပြုထားတာပါ။ ဒီသဘောတွေနဲ့ ပက်သက်ပြီးသာ စေတီပုထိုးများရှေ့မှာ ခြသေ့င်္ရုပ်ကြီးများ ထားတာပါ…
ဟီး ဘုန်းကြီးသံပေါက်လာဘီ...