Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

'''' ယုံကြည်စွာရွက်ပါလေ အန္တရာယ်ကင်း သမ္ဗုဒ္ဓေ ''''

$
0
0
 
 
 
 
အန္တရာယ်ကင်း သမ္ဗုဒ္ဓေ ဂါထာတော်ကြီး


သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊

ဒွါဒသဉ္စ သဟဿကေ၊
...

ပဉ္စဿတ သဟဿာနိ၊

နမာမိ သိရသာမဟံ။

အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊

အနန္တာ နိဗ္ဗုတာ ဇိနာ၊

တေသံ ဓမ္မဉ္စ သံဃဉ္စ၊

အာဒရေန နမာမဟံ။

နမက္ကာရာ နုဘာဝေန၊

ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊

အနေက အန္တရာယာပိ၊

ဝိနဿန္တု အသေသတော။



အနက်အဓိပ္ပာယ် ဂါထာ အနက်

အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ ပဉ္စဿတ သဟဿာနိ-- အေ၇အတွက် ပမာဏ ငါးသိန်း တစ်သောင်း

နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈ ) အတိုင်းအရှည်ရှိကုန်သော၊ သမ္ဗုဒ္ဓေ စ

အဆူဆူ ပွင့်တော်မူပြီးသော ဘုရားရှင်တို့အား၊ အဟံ - ဘုရားတပည့်တော်သည်၊

သိရသာ - ဦးခေါင်းအင်္ဂါ မြတ်ရတနာဖြင့်၊ နမာမိ- ရိုသေမြတ်နိုး လက်စုံမိုး၍

ရှိခိုးပါ၏ အရှင်ဘုရား၊



ဂင်္ဂါ၊ - ဂင်္ဂါမြစ်ထဲ၌ ရှိကုန်သော၊ ၀ါဠုကာ - သဲပွင့်တို့သည်၊ အပ္ပကာ - နည်းသေး၏။

နိဗ္ဗုတာ - ပရိနိဗ္ဗာန် စံတော်မူပြီး၍ ငြိမ်းအေးတော်မူပြီးကုန်သော၊

ဇိနာ - ငါးမာန်အောင်မြင် ဘုရားရှင်တို့သည်၊ အနန္တာ - ဤ၍ ဤမျှ ဂဏန်းချ၍

ရေတွက်ခြင်းငှါ မစွမ်းနိုင်ပါပေ၊



အဟံ - ဘုရားတပည့်တော်သည်

တေသံ - ပရိနိဗ္ဗာန်စံတော်မူပြီးကုန်သော ဘုရားရှင်တို့၏ ၊

ဓမ္မဉ္စ - နှုတ်မြွက် ဟောဖော် တရားတော်ကို၎င်း၊

သံဃဉ္စ - တပည့်သား သံဃာတော်မြတ်ကို၎င်း၊

အာဒရေန - ရိုသေလေးမြတ်သောအားဖြင့်၊

နမာမိ - ရှစ်ခိုးပူဇော်ပါ၏ ။



နမက္ကာရာ နုဘာဝေန၊ - ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော

ကုသိုလ်ကံ စေတနာတို့ကြောင့်၊

သဗ္ဗေ - ခပ်သိမ်းကုန်သော၊

ဥပဒ္ဒဝေ - ဘေးရန် ဥပါဒ် မှန်သမျှတို့ကို၊

ဟိတွာ - ပယ်ဖြတ်၍၊



အနေက အန္တရာယာပိ၊ - တစ်ပါးမက များစွာကုန်သော အခြားသော အန္တရာယ် အားလုံး တို့သည်လည်း၊

အသေသတော - အကြွင်းအကြံမရှိသောအားဖြင့်၊( အကျိုးမပေးနိုင်သောအားဖြင့် )

ဝိနဿန္တု - ပြောက်ပျက်ပါစေကုန်သတည်း။



မြန်မာပြန်--

အေ၇အတွက် ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈ )

ကုန်သော ပွင့်တော်မူပြီးသား ဘုရားရှင်တို့အား ဘုရားတပည့်တော်ရဲ့ -

ဦးခေါင်း ရတနာဖြင့် ရှိခိုးပါ၏ အရှင်ဘုရား၊
 
 
 


ဂင်္ဂါမြစ်ထဲမှာ ရှိနေတဲ့ သဲတွေက နည်းပါးနေပါသေးတယ်၊

ပရိနိဗ္ဗာန် စံတော်မူပြီးတဲ့ ဘုရားရှင်တွေကတော့ ဤ၍ ဤမျှ ဂဏန်းချ၍

ရေတွက်ခြင်းငှါ မစွမ်းနိုင်ပါ။



ဘုရားတပည့်တော်သည် ထိုဘုရားရှင်တွေရဲ့ တရားတော် အရိယာသံဃာ သမ္မုတိ သံဃာတော်တွေ

အားလည်း ရိုသေလေးမြတ်စွာ ရှစ်ခိုးပါ၏ ။



ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကုသိုလ်ကံ

စေတနာတို့ကြောင့်၊ ဘေးရန် ဥပါဒ် အလုံးစုံကို ပယ်ဖြတ်ပြီး သကာလ အခြားသော

အန္တရာယ် အားလုံးတို့သည်လည်း၊အကြွင်းအကျံ မရှိသော

အားဖြင့် ပျောက်ပျက် လွင့်ပြယ် ပါစေကုန်သတည်း။



               ခရေ ကိုယ်တွေ့  သမ္ဗုဒ္ဓေ ဂါထာလေး အကြောင်းကို ပြောပြချင်လို့ ပါ။။ ခရေ ကိုယ်တွေ့ ထက် ခရေ မေမေပြန်ပြေပြတဲ့  ကိုယ့်တွေ့ လေးပါ။
 
                  ခရေ ကို မေကြီးတို့ ကပြောကြတယ်။ မရဏဘွားတဲ့ ။ ခရေ ငယ်ငယ်လေးကတည်း က သေမလို သုံးကြိမ်ဖြစ်ခဲ့တယ်တဲ့လေ။ မွေးမွေးချင်း အသားဝါဖြစ်တော့ ၂ရက်အတွင် စစ်ဆေးရုံတင်ရတယ်။
 
                    နောက် ခရေ ၃ နှစ် သမီး ရောက်တော့ သွေးလွန်တုတ်ကွေး ဖြစ်တယ်။ သွေးလွန်တုတ်ကွေးက သူများတွေ ပြသလို လင်္က္ခဏာ မပြဘူး။ မအန်ဘူး။ ပြီးတော့ ကလေးက မှိန်းပဲနေတာတဲ့လေ။ ချက်ချင်း ဒေါက်တာဆီရောက်တော့ ဒေါက်တာဆေးရုံတင်ခိုင်းတယ်လေ။
 
                      အရင်ဆုံး အမှတ် ( ၂ ) စစ်ဆေးရုံတင်တယ်။ အဒိကနေ ကလေးက ဘာမှမထူးခြားလာဘူး။ ဒီတော့ အမှတ်(၁ ) ကိုပို့ တယ်။ ခရေ ကို သွေးသွင်းရမယ်။ သွေးသွင်းဖို့  သွေးက အဆင့်သင့်ပါပဲ။ ဖြစ်နေတာက သွေးကြော ရှာမရဘူးလေ။ ပုံမှန်ကြည့်လိုက်ရင် ခရေတို့  လက်ဖျံလေးမှာ သွေးကြောတွေ စိမ်းနေတာက ရှာမရတော့ဘူး။
 
                           အဒိ အချိန် မေကြီးရော. အဒေါ် အပျိုကြီးရော ဘာလုပ်ရမှန်း မသိဘူး။ အရမ်းစိတ်ပူနေပြီ။ သွေးလွန်တုတ်ကွေးက သေလွယ်တယ်လေ။ ဆေးရုံကနေ ဘာမှမစာနိုင် မအိပ်နိုင် ကလေးကို ကြည့်ပြီးလဲ စိတ်မကောင်းဖြစ်။
 
               ဘေးနားက ကုတင်က ကလေးတွေကလဲ တအောင့်နေ တခါသေ တဖျုတ်ဖျုတ်နဲ့  သေသွားကြတာ ။ ခရေလို သွေးလွန်တုတ်ကွေး ရောဂါကြောင့်ပဲလေ။ အဒိတော့ မေကြီးရော မကြီးရော စိတ်ပိုပူလာတာပေါ့။
 
                             အဒိအချိန်မှာ ရတဲ့ ဘုရားစာတွေ ရွတ်ခဲ့တယ်။ ရတာကလဲ သမ္ဗုဒ္ဓေ ဂါထာပဲရတယ်တဲ့ ။ ညီအမ နှစ်ယောက် မနားမနေ ရွတ်တယ်တဲ့လေ။ တခြားသုတ်တွေလဲ မရကြဘူးတဲ့ ။  ဒေါက်တာတွေ ရောက်လာလိုက် ကလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်။
 
                                  မေကြိးနဲ့ မကြီး ( အဒေါ် အပျိုကြီးအားခေါ်ချင်းပါ)  ဆို တာ တညနဲ့ တနေ့  သမ္ဗုဒ္ဓေ ဂါထာပဲရွက်နေတာတဲ့လေ။ နောက်နေ့ ညနေလောက်ရောက်တော့ ဆရာဝန်ကြီးကိုယ် တိုင် လာကြည့်ပြီး အော်ပရေးရှင်း လုပ်ဖို့ ပြောခဲ့တယ်။ ခရေ ဘယ်ခြေထောက် ခြေမျက်စိနားကို ခွဲပြီး သွေးကြောကို ရှာယူခဲ့တယ်။ အဒိကနေ မှ သွေးသွင်းပြီး ခရေ အသက်ကို ကယ်ခဲ့တယ်လေ။
 
                             မေကြီး နဲ့ မကြီးကဆို ပြောလို့ မဆုံးပါဘူး။ ခရေ အသက်ကို ကယ်တာ သမ္ဗုဒ္ဓေ ဂါထာရဲ့ အကျိုးကျေးဇူးကြောင့်တဲ့ ။ ဘာဘုရားစာ မှ မရပဲ သမ္ဗုဒ္ဓေ ဂါထာကိုသာ ရွက်ပြီး အသက်ရှင်အောင် အသက်ကယ်လို့ ရအောင် ဆုတောင်းခဲ့တယ်တဲ့လေ။
 
                          ခရေ ငယ်ငယ်တဲ့က မကြီးက ဘုရားစာလေးတွေ သင်ပေးခဲ့တယ်။ သမ္ဗုဒ္ဓေ ဂါထာကတော့ အတတ်ပိုလွယ်ခဲ့တယ်။ အမြဲရွက်ဖြစ်ခဲ့တယ်။ ဒီနေ့ ချိန်ထိလဲ ရွက်နေဆဲပါပဲ။ နောက် တခုက ခရေ တခုခုကို တောင့်တတယ် ဖြစ်ချင်တယ်ဆို သမ္ဗုဒ္ဓေ ဂါထာစောင့်ရှောက်တဲ့ အစောင့်အရှောက်တွေကို တိုင်တည် မေတ္တာပို့ ပြီး ဆုတောင်းရင် ခရေ ဖြစ်စေချင်တဲ့ အတိုင်းဖြစ်ခဲ့ပါတယ်။
 
                              ခရေ ကိုယ်တွေ့ လေးတွေပါ။ ရွှေမြို့တော်ကြီးထဲက ညီအကိုမောင်နှမ များအားလုံးလဲ အခက်အခဲကြုံလာခဲ့ရင် မည်သည့် ဘုရားစာမဆို အန္တရယ်က ကာကွယ်ပေးပါတယ်။ ယုံယုံကြည်ကြည်ရွက်ဆိုရင် ကိုယ့်ကို ကာကွယ်ပေးပါတယ်။
 
                    သမ္ဗုဒ္ဓေ ဂါထာတော်ကတော့ လူတိုင်းလဲသိ ကိုယ်တွေလဲ ကြုံ ယုံကြည်ခဲ့တော့ ကုသိုလ်အနေနဲ့  မျှဝေလိုက်ပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေနော်..
 
                                                                                                  ခရေ
                                                                                            (ကြိုးစားပါအုံးမည်)
 
 

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>