ပေးဖို့ အတွက်ယူပါ...ယူဖို့အတွက် မပေးပါနဲ့၊ ယူတာမှန်သမျှ ပေးနိုင်ရင် စိတ်မဆင်းရဲဘူး..
ပေးတာမှန်သမျှ ယူနေရင် ဘယ်တော့မှ မပြည့်နိုင်လို့ စိတ်ဆင်းရဲတယ်။
ပေးတာဟာ ပါရမီဖြည့်တာပါ..ပါရမီဆိုတာလည်း ပေးနိုင်အောင်ကြိုးစားမှုဆိုတဲ့ မြင့်မြတ်တဲ့အလုပါတစ်ခုပါ....။
ယူဖို့အတွက် ပေးတာဆိုရင် မြင့်မြတ်တဲ့ ပါရမီ မဖြစ်နိုင်တော့ဘူး..စီးပွားရေးဖြစ်သွားလိမ့်မယ်.. ပါရမီဖြည့်တာဟာ..စီးပွားလုပ်တာမဟုတ်ပါဘူး..ဒါကြောင့် ယူဖို့အတွက် ဘယ်တော့မှ မပေးပါနဲ့..ပေးဖို့အတွက်သာ ..ယူပါ။။