ချစ်သူဖတ်ဖို့
ရင်တွင်းစကား စာသားအဖြစ်
ပြောင်းလဲပစ်ရာ
ကဗျာလေးတွေဖြစ်လာတယ်
ကဗျာမမှီစာမညီလည်း
ဇွဲကလေးနဲ့ ရှာရင်းကာရန်
အဖန်ဖန်ညဥ့်နက်
အိပ်ပျက်ညတွေ စုခဲ့ရပြီ
စိတ်ပျက်စတွေပြုခဲ့ရပြီ
သို့သော်လည်းလေ သမုဆွေက
ကဗျာတွေ စာတွေ အလင်္ကာတွေသာ
ဘ၀အမောပြေ လျှော့စေတယ်လို့
ဆိုပါစို့
ဆက်ကာရေးမယ်
ချစ်သူဖတ်ဖို့
မင်းဖတ်ဖို့
သူငယ်ချင်းတို့ရေ ပန်းသီးလေးစားရင်း ကဗျာလေး အားပေးခဲ့အုံးနော်