ဘတ်(စ်)ကားပေါ်မှ ဆင်းဆင်းချင်း သတိထားလိုက်မိတယ်။သွားပြီ.......
ခါးပိုက်နှိုက်သမား ရဲ့လက်ချက်ပဲ ကျွန်မရဲ့ ပိုက်ဆံအိတ်လေးပါသွားပြီ...စိတ်ဓါတ်ကဟိုး.....အောက်ဆုံးကို ပြုတ်ကျသွားတယ်။
သူများအတွက် ဘာမှမဟုတ်တဲ့ပမာဏ ပိုက်ဆံလေးနှစ်သောင်းရယ်၊မေမေ့ကို ပို့ဖို့ ရေးထားတဲ့စာလေးတစ်စောင်ရယ်ပါ။
အဲဒီစာထဲမှာက ကျွန်မအလုပ်လက်မဲ့ဖြစ်သွားတဲ့အကြောင်းဒါကြောင့်
ဒီတစ်လ ပိုက်ဆံ မပို့နိုင်တော့တဲ့အကြောင်း ရေးထားမိတာပါ။ဒါပေမဲ့...
ဒီစာကို ဖတ်လို့ ပူပန်နေမှာ၊ စိတ်ညစ်နေမှာစိုးလို့ မပို့ရက်သေးဘဲ ဒီအတိုင်း
စိတ်ညစ်နေမှာစိုးလို့ မပို့ရက်သေးဘဲ ဒီအတိုင်းသိမ်းထားမိတာပါ။
ပိုက်ဆံလေးနှစ်သောင်းဆိုတာက သူများအတွက် စကပ်တစ်ထည်စာတောင်မရှိပေမဲ့ ကျွန်မအတွက် ဒီတစ်လကို ကျော်ဖြတ်ရမဲ့ လက်ကျန်ငွေလေးပါရှင်
သုံးရက်ခန့်အကြာ မှာ... စာလေးတစ်စောင်ရောက်လာတယ်။
ကြည့်လိုက်တော့ မေမေ့ဆီက စာ။
ကျွန်မမဖတ်ရဲဘူး... စာထဲမှာ ဒီလအတွက် ပိုက်ဆံပို့ပေးဖို့ များလား????
ဖတ်ကြည့်လိုက်တော့ "သမီးရေ... ကျေးဇူးတင်တယ်နော်...
ဒီလ သုံးသောင်း တောင်ပို့လိုက်တာလား?ခါတိုင်းထက်များလို့အံ့သြနေတာ၊
ဒီလောက်ပို့တော့ သမီးသုံးဖို့ကော ကျန်သေးရဲ့လား? "
ဘယ်သူများ မေမေ့ဆီကို ပိုက်ဆံပို့ပေးတာပါလိမ့် စဉ်းစားလို့ မရပါဘူး...
ရက်အနည်းငယ် အကြာမှာတော့ မေမေ့ စာထပ်ရောက်လာပြန်တယ်။
"သမီးရေ... ဘယ်ကစာတစ်စောင်လဲ မသိဘူး မေမေ့ဆီ ရောက်လာတယ်...စာလုံးလေးတွေက သေးသေး၊ လက်ရေးက စုတ်ပြတ်နေတာကြောင့် မေမေ
မဖတ်နိုင်ဘူး...အဲဒါ သမီးဆီကို ပို့လိုက်တယ်နော်"
စိတ်ဝင်တစားနဲ့ အဲဒီစာကို ဖတ်ကြည့်လိုက်တော့
" မင်းရဲ့ မေမေဆီကို နင့်ရဲ့ ပိုက်ဆံ နှစ်သောင်းရယ်၊ငါ့ဆီက တစ်သောင်း
ရယ်ဖြည့်ပြီးတော့ ပို့ပေးလိုက်ပါတယ်။ငယ်စဉ်ကတည်းက မင်းကိုကျွေးမွေး
ပြုစုခဲ့တဲ့ အမေကို ငတ်မွတ်ခြင်း မကြုံပါစေနဲ့။
အလုပ်ကို ပြန်ကြိုးစားရှာပြီးပြန်ထောက်ပံ့ပါ...............မင်းရဲ့ ခါးပိုက်နှိုက်"
မည်မျှ သေးငယ်သော အလုပ်ကို လုပ်ကိုင်သူဖြစ်ဖြစ်
မေမေ့ကို ချစ်သော သားသမီးများပင် ဖြစ်ကြပေ၏။
(ရင်ထဲသို့ တိုးဝင်လာသော စာစုလေးအား ဘာသာပြန်သည်)
ဆူးနစ်စံ{ Shar myintmo facebook.com }