ချစ် သူ့မြို့တော် ကဗျာ ၀ါသနာ၇ှင် အပေါင်းတို့ခင်ဗျာ
နှလုံးသားမြို့တော် ဆိုဒ်တွင် ကဗျာပြိုင် ပွဲကျင်းပလျှက်၇ှိပါသည်။နှလုံးသားမြို့တော်ကဗျာေ၇ွးချယ်ေ၇းအဖွဲ့မှနောက် ဆုံး ကဗျာငါးပုဒ်
ကိုအပြီးသတ်ေ၇ွး ချယ် လိုက်ပါ သည်။အောက်ပါကဗျာငါး ပုဒ်ထဲ၇ှိ ပထမ ဒုတိယ တတိယကဗျာများကိုေ၇ွးချယ် ၇န် လိုအပ် နေပါသည်
ထို့ကြောင့်ချစ်သူ့မြို့တော်သူမြို့တော်သားများမှ ပထမ ဒုတိယ တတိယကဗျာများေ၇ွးချယ်ပေးကြ ပါ၇န်နှလုံးသားမြို့တော်ေ၇ွးချယ်ေ၇း
အဖွဲ့ကိုယ်စားတောင်းဆိုအပ် ပါတယ် ခင်ဗျာ
ပြိုင်ပွဲဝင်နံပါတ် စဉ်တစ် ကဗျာ
ကိုယ်ဗလာနင့်လာ ကိုယ်ဗလာနင့်ခွာ
ကိုယ်ဗလာနင့်လာ ကိုယ်ဗလာနင့်ခွာ
ပူပင်ကင်းလှ ခလေးဘ၀မှ
ပူပင်ပြောပြ ထွေပေါသောက
လောဘရမက် မောဟရောယှက်
ဒေါသနောဖက် ဇောထမက်ဘက်
သက်ပြည့်ရွယ်ရောက် ဘ၀ကိုလျှောက်ကာ
အတ္တပရ မျှမျှတတ
လုပ်ကြသူလည်း မုချမလွဲ
ကိုယ်ဗလာနှင့် ၀င်လာသဘိ
ဘာအရာမျှမပါ ကိုယ်ဗလာနှင့်
ဇီဝိန်ချုပ်ငြိမ်း ဇာတ်သိမ်းရ၏။
ပြစ်မူသွယ်သွယ် ကျူးလွန်လွယ်လည်း
ဇီဝိန်ချုပ်ငြိမ်း ဇာတ်သိမ်းခါဝယ်
ဘာမျှမပါ ကိုယ်ဗလာသာ။
ကုသိုလ်အကုသိုလ် ထိုထိုသာလျှင်
အစဉ်ကပ်ကာ လိုက်ပါမည်သာ။(စာဂဘoင်)
ပြိုင်ပွဲဝင်နံပါတ် နှစ်ကဗျာ
မင်းသားတော့မင်းသား
လောကဇာတ်ခုံ ဤလူ့ ဘုံဝယ်
ဇာတ်ဆရာခေသမျှ ကကြရသည့်
ကျနော်တို့ ရွှေများ ဇာတ်မင်းသားများ
အရွယ်မရောက်ခင် ရွာဇာတ်စင်မှာ
အကသင်အဆင့် ကိုအေးဂျင့်နှင့်
ဝါရင့်သရုပ်ဆောင် ပွဲစားမောင်တို့
မလာယုဇာတ်စင် ကဖို့ တင်ပြီ.......
အစထဲက ဆင်းရဲသားအခန်း
တရကြမ်းကလာ ဒါကိုငါကွ
ဆိုနေကြပြန် အလုပ်ကမဟန်
ဒုက္ခခံပြီး မနက်ဟန်နီကယ်
ညအာမီရမ်နဲ့ မှန်မှန်မြိုကြ
ဇာတ်လမ်းအရတဲ့........
တချို့ တခန်းရပ် ယူအန်ကဒ်နဲ့
မွေးရပ်ကိုခွာ ဇာတ်မြှုတ်ရှာတယ်
မလာယုဇာတ်စင် နှစ်ပါးခွင်မှာ
ကိုရွှေမင်းသား အ,မများနဲ့
မိုးလေမမြင် ကကွတ်ထွင်ပြီ.....
နှစ်ပါးသွားအပြီး ဇာတ်တော်ကြီးကို
ရွာပြန်ပြီးမှ ငိုချင်းချပေါ့
ရွာကပရိသတ် ဝေဖန်ချက်က
“မောင်လုပ်မောင်စား မောင်မင်းသားတဲ့......”.....။........။
# # # # စံလွန်းတင် # # # #
ပြိုင်ပွဲဝင် နံပါတ်သုံးကဗျာ
"ညဥ့်ငှက်တစ်ကောင်ရဲ့မိုင်ထောင်ချီခရီးကြမ်း"
ကြည်သာချိုအေး လေနုထွေးလည်း
မအေးသူ့ရင် ပူမြဲသာပင်
ခရီးနှင်ရ မရွှင်ပြနိုင်
မပိုင်ကိုယ့်ကိုယ် ညဥ့်တေးဆိုလို့
နေညိုချိန်ဆို သူငိုပြီ။
သမုဒ္ဒရာ ၀မ်းတစ်ထွာတွက်
အစာအိမ်ပိုး လှုပ်နိုးခံရ
ပူလောင်လှသော ဘ၀များစွာ
ကိုယ်ချင်းစာလျှက် သူပေးဆပ်သည်
မအပ်သည်လည်း သူအသိ။
သို့သော်လည်းလေ ကံ၏စေရာ
မနေသာ၍ ကျရာအခန်း
မနွဲ့တမ်းပင် ဖြတ်သန်းရှာခဲ့
ညဥ့်နက်များစွာ ဝေဒနာနှင့်
မပါစိတ်ထဲ ရှိချေလဲ။
ကိုယ်စိတ်ကြည်နူး အရုဏ်ဦးလည်း
မစူးသူ့ရင် မှောင်လျှက်ပင်ရှိ
ရင်မချိစွာ အထိနာသော
သည်ဇာတ်မျောထဲ တ၀ဲဝဲလည်
မစဲရင်တွင်း မျက်ရည်မင်း။
နေရောင်ထိန်လင်း နံနက်ခင်းပျောက်
လမင်းသော်တာ ငွေစန္ဒာအောက်
ဆူးလမ်းလျှောက်ခါ မပေါက်ခရီး
နှင်မပြီးသော သွေးစုပ်တောလယ်
လွင့်မျောတွယ်ကပ် ခရီးဆက်။
မိုင်ထောင်ချီကျော် ခရီးပေါ်ဝယ်
အဖော်မဲ့ကင်း ရင်တွင်းဖိုလှိုက်
သောကစိုက်ဝင် လောင်မြိုက်ထပ်ထပ်
ရုံးဖို့ခဲခက် ရွှံ့နွံထက်မှ
ညဥ့်ငှက်ငယ်၏ ခရီးကြမ်း။
လင်းလက်။
ပြိုင်ပွဲဝင် နံပါတ်လေးကဗျာ
စံထားပြုငြားအို…….လူသားတို့ ( ပြိုင်ပွဲဝင်ရန် )
လှိုင်းရိုက်ပုတ်ခတ်
အရိုင်းမိုက်တို့
ခိုက်ရန်ပြုလာ
ရန်မှုလာလည်း
တုကာလျှောက်လှမ်း
ခရီးကြမ်းတွင်
မမောပန်းခဲ့ခရုငယ်……..
ဘ၀အလယ်
သုညနယ်တွင်
အပြေးနူန်းက
အနှေးဆုံးခရီးနှင်သူလို့
ကမ္မည်းတင်လူ
အက္ခရာကိုအံတု
အောင်လံတလူလူ
လွှင့်ထူခဲ့ပြီးလေ…………..
ငါတို့လူသား
အိုလူသားတို့
လောကရွှေပြည်
အောင်ပွဲဆီသို့
ချီရာတက်ရာ
လျှောက်လှမ်းရာတွင်
အောင်လံဖြူဝင့်
အလှတင့်ရန်
ဇွဲမာန်ဝင့်ကြွား
ခရုမွှားအား
စံထားပြုငြား
အိုလူသားတို့………
ကိုအောင်အောင် ပခုက္ကူ
ပြိုင်ပွဲဝင်နံပါတ် ငါး ကဗျာ
စေတနာ ဆန္ဒ
ကြွယ်ဝ ချမ်းသာ ၊ လူများစွာတို့။
ပစ္စည်း ဥစ္စာ၊ ရှိနေ ပါလည်း၊
ဆက်ကာ ရှာဆဲ၊ လိုချင် ဆဲသည်၊
တစ်ထွာ စာမျှ၊ ထို ဒုက္ခ အတွက်။
ဆင်းရဲ နုံချာ၊ လူများ စွာတို့။
နေပူ ဆင်းရဲ၊ ဖျားကာ နေလည်း။
ပစ္စည်း ဥစ္စာ၊ ရှာရ မြဲသည်။
တစ်ထွာ စာမျှ၊ ထို ဒုက္ခ အတွက်။
လူ့ဘုံ လူရွာ၊ လူ့ ရာဇာတို့၊
ပြောတိုင်း ဖြစ်ဘိ၊ အာဏာ ရှိလည်း၊
ခိုင်းမြဲ ရမြဲ၊ လိုချင် မြဲသည်၊
တစ်ထွာ စာမျှ၊ ထို ဒုက္ခ အတွက်။
လူ့ဘုံ လူ့ရွာ၊ လူ့နောက်ပါ တို့။
အာဏာ မရှိ၊ လုပ်နေ မိလည်း၊
ဆက်ကာ လုပ်ဆဲ၊ လုပ်ရ မြဲသည်၊
တစ်ထွာ စာမျှ၊ ထို ဒုက္ခ အတွက်။
တောမှာ နေကြ ၊ သမဏ တို့၊
တရား မှတ်ကြ၊ ငြိမ်းအေးကြ လည်း၊
သပိတ်ကို ဆွဲ၊ ဆွမ်းခံ မြဲသည်။
တစ်ထွာ စာမျှ၊ ထို ဒုက္ခ အတွက်။
ခန္ဓာ ရလာ၊ သတ္တ၀ါ တို့ ၊
ဘယ်သူ ဘယ်ဝါ၊ ဂုဏ်ကွာ နေလည်း၊
လှုပ်ကာ ရှားကာ၊ လုပ်နေ ပါသည်၊
တစ်ထွာ စာမျှ၊ ထို ဒုက္ခအတွက်။
ကိုယ် စိတ် နှစ်ဖြာ၊ ဆင်းရဲ နေရ၊
ရှာရ ဖွေရ ၊ ထို ဒုက္ခကို၊
ချုပ်ကြ ပိုင်ပိုင်၊ တန့်ထားနိုင်မှ၊
အေးငြိမ်းကြ မည်၊
တရား ကိုယ်စီ၊ ရှိစေတည်း။
ထိုဒုက္ခမှ လွတ်စေတည်း။
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း
(ချစ်သူ မြို့တော် မန်ဘာတစ်ဦး)
မိမိတို့ကြိုက် နှစ်သက်၇ာကဗျာ နံပါတ် စဉ် သုံးခု ကို
ပထမ ဒုတိယ တတိယ
ေ၇ွးပေးကြပါ၇န်
ဤဘလော့မှတ် ချက် များအများဆုံး၇သည့်ကဗျာများကိုဆု၇
ကဗျာများအဖြစ်ေ၇ွးချယ်သွားပါမည်။
မှတ် ချက်ပေး၇န်နောက်ဆုံးအချိန် မှာ
15.10.2012၇က်
နေ့လည် 12 နာ၇ီအထိဖြစ်ပါသည်။
ပါဝင်ယှဉ်ပြိုင် ကြပါသောကလောင်၇ှင်များ ဖတ်၇ှုအားပေးကြပါသောအဖွဲ့ဝင်များ
ထပ်မံပြီးပြိုင်ပွဲဝင်ဇကာတင်ကဗျာ (၁၀)စာမူများကိုလည်းနှလုံးသားမြို့တော် စီစစ်ေ၇ွချယ်ေ၇းကော်မတီမှ