ကျွန်တော်နှင့်ရုံးဝန်ထမ်းတစ်ယောက် ရန်ကုန်ကနေ မန္တလေးကို ကုမ္ပဏီက ခိုင်းလိုက်တဲ့အလုပ်ကိစ္စနဲ့ ထွက်လာခဲ့တယ် ရန်ကုန်ကနေ နေ့လယ် ၁၂ နာရီအမြန်ယာဉ်ကားနဲ့ ထွက်လာခဲ့တာ နေ၀င်ရီတယောဖြစ်လာပါပြီ။ ကျွန်တော်တစ်ယောက်ထဲ ညနေဆီးဆာအလှကိုကြည့်ပြီး ပြုံးမိနေတယ်….
ဒီအချိန်မှာပဲ ကျွန်တော်နဲ့အတူပါလာသော ဆက်မောင်က
“ ဟိတ်ကောင် အောင်အောင် မင်းဘာတွေစဉ်းစားပြီး ပြုံးနေတာလဲ “
“သြော်..ငါကောင်မလေးတစ်ယောက်အကြောင်းစဉ်းစားမိလို့ပါ “
“ဘာလဲဗျပြောပြစမ်းပါအုန်း “
“ ဒီလိုကွ……….”
ဆိုပြီးငယ်ငယ်တုန်းကအကြောင်းကို ပြန်မြင်ယောင်ရင်း
“ ဟိတ်ကောင် ဟိုမှာ မင်းကြိုက်နေတဲ့ကောင်မလေးအတန်းကနေထွက်လာပီ”
“ အေးဟုတ်တယ် ငါလိုက်ပြောရမလား”
“ အေးလေကွာလိုက်ပြောမှ ရမှာပေါ့ကွ သွားသွား”
“ ပိုပို …”
“ ပိုပို ငါနင့်ကိုပြောစရာစရာရှိတယ်”
“ ဘာလဲပြော..ငါနင့်စကားကိုနားထောင်ချင်လို့တော့မထင်နဲ့နော် နင်ဆက်လိုက်လာရင် ငါ့အိမ်က သိသွားမှာဆိုးလို့”
“ အေးပါဟ.. ငါလေ..နင့်ကို ချစ်တယ်”
“ အေး ငါကတော့နင်မချစ်နိုင်ဘူး နင်ကရုပ်ဆိုးပြီး စာမကြိုးစားတဲ့သူကို လုံးဝမစဉ်းစားဘူး”
“ ဟိတ်ကောင် သူငယ်ချင်း သူကငါ့ကိုပြန်မကြိုက်နိုင်ဘူးတဲ့ကွာ ငါကရုပ်ဆိုးလို့တဲ့ စာမကြိုးစားတာကတော့ကွာ ငါကြိုးစားနိုင်ပါတယ်ကွာ ခုဟာက….”
“ မင်းကလည်းကွာ အဲ့လောက်လည်းစိတ်မပျက်ပါနဲ့ သူပြောတဲ့အထဲမှာ စာမကြိုးစားလို့လို့ပါတယ်လေ ဒါကလည်းမင်းအတွက် မျှော်လင့်ချက်တစ်ခုပဲလေ မင်းစာကြိုးစားလိုက်ကွာ”
ဒီလိုနဲ့ စာလည်းကြိုးစားခဲ့တယ် သူ့ဆီကို နေ့တိုင်းသွားခဲ့တယ်လေ စာမေးပွဲအောင်စာရင်းထွက်တဲ့နေ့မှာ သူလည်းအောင်တယ် ကျွန်တော်လည်းအောင်တာကို တွေ့ခဲ့တယ် ကျွန်တော် တော်တော်ပျော်သွားခဲ့တယ်…ဒါပေမဲ့လည်း ကျွန်တော်ချစ်တဲ့ကောင်းမလေးရဲ့ အချစ်ကိုမျှော်နေမိတယ်…အဲ့လိုတွေးရင်းလမ်းလျှောက်လာတဲ့အချိန်မှာဘဲ သူကလည်းသူ့သူငယ်ချင်းတွေနဲ့ ဘယ်ကပြန်လာမှန်းမသိ လမ်းမှာဆုံတယ်….
“ ပိုပို ငါနင့်ကိုပြောစရာရှိလို့ပါ ခဏလေးပါဟာ…..
“ ပိုပို နင်ကငါ့ကို ပြန်မချစ်နိုင်ဘူးလားဟာ..…
“ အင်းလေ နင်ကငါ့ကိုဘယ်ချစ်နိုင်မလဲ နင်ကချောတယ်
ငါက ရုပ်ဆိုးတယ် ပြီးတော့ နင်တို့က ချမ်းသာတယ် ငါတို့ ငမွဲပဲလေ…..
ဘယ်ချစ်နိုင်မလဲ ငါကသာ နင့်ကို……” ပြောပြီးထွက်လာခဲ့တယ် နောက်ရက်တွေမှာလည်းမဆုံဖြစ်တော့ဘူး
“ ဟိတ်ကောင်အောင်အောင် ဆက်ပြောလေကွာ နောက်တော့ ဘာဖြစ်လဲ မင်းသူ့အချစ်ကို မရလိုက်ဘူးပေါ့ဟုတ်လား”
“ မဟုတ်ဘူး..ကွ ရလိုက်တယ်”
“ သူနဲ့…..”
မဆုံဖြစ်တော့ဘူးလို့ထင်ထားပေမယ့် သူက သူ့ရဲ့ အသက်(၂၀)ပြည့်မွေးနေ့မှာ ဖိတ်ခဲ့တယ်
ကျွန်တော်သွားခဲ့တယ် မွေးနေ့ပွဲအပြီးသူငယ်ချင်းတွေလည်းအကုန်ပြန်သွားတဲ့အချိန်မှာ ကျွန်တော်က
မပြန်သေးဘဲ သူနဲ့စကားပြောနေခဲ့တယ်……
“ ပိုပိုနင်ငါ့ကို ပြန်မချစ်နိုင်ဘူးလားဟာ…”
“ ငါလား”
“ အေးလေဟာ…”
“ ငါလေ နင်ကို”
“ သနားချစ်လေးချစ်နေမိပြီ”
“ တကယ်..နင်တကယ်ပြောတာလား..ငါဝမ်းသာလိုက်တာဟာ…”
“ အဲ့ဒါပဲကွ ဆက်မောင်ရ”
“ ဒါဆို အခုအဲ့ဒီကောင်မလေးကရော”
“ အဲ့ဒီကောင်မလေးက အခုငါမိန်းမပဲလေကွာ…ဟားးးးးး”
“ ဟုတ်လား ဘယ်လိုလက်ထပ်ဖြစ်လိုက်တာလဲပြောပါအုန်း”
“ သနားချစ်လေးချစ်မိပြီ မို့တဲ့ ငါခိုးတဲ့နောက်ကိုလိုက်ခဲ့တဲ့ငါဇနီးချောလေးပေါ့ကွာ…..”
“ ဟားးးးးးးးးးးးးးဟားးးးးးးးးးးးးးးးးးးးးးဟားးးးးးးးးးးး”
နှစ်ယောက်သားရယ်လိုက်ကြရင်း……………………………………..
(စာဖတ်သူငယ်ချင်းအားလုံး စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ...လို့ ဆုတောင်လျှက်)
April