မြောက်ပြန်လေတိုက်လာပြီ….. ဆောင်းဝင်တော့မည်…. ဆောင်းရောက်ရင် သဇင်ပန်းများပွင့်ပေတော့မည်…..
နှင်းများလည်းကျတော့မည်။ မနက်ခင်းတိုင်းအေးမြနေပေတော့မည်….မဆုံနိုင်သေးသည့် ချစ်သူဘ၀တွေ မေ့ထားချင်လျှက်က
မေ့ရန်ခက်ခဲ့ပါသည်….ရှောင်နိုင်လျှက်ကလည်း.. ရှောင်ရန်ခက်သည်…… ဘာဘဲဖြစ်ဖြစ် ဆောင်းရောက်တော့မည်…......အေးမြခြင်း
တွေကိုတော့ ခံစားရဦးမှာပါ၊ ချစ်သူနဲ့ အတူ ဆောင်းမနက်ရဲ့ အေးမြခြင်းတွေကို ပျော်ရွှင်စွာ ဖြတ်သန်းချင်လှပြီ...... အပြင်မှာ အေးမြ
နေခြင်းထက် နှလုံးသားလေးကိုပဲ အေးချမ်းနေစေချင်ပါသည်…… ကြိုးစားနေရဆဲ ဘ၀မှာတော့………ချစ်သူနှစ်ဦးဝေးကွာနေဆဲပဲ...
နှင်းတွေ ဝေတဲ့အချိန်မှာ ပွင့်လန်းလာမဲ့ သဇင်ပန်းလေး တစ်ခက်ကိုလဲ ချစ်သူပန်ဆင်ပေးမူကိုလိုချင်နေမိတယ်
အလွမ်းများ ရစ်ဝိုင်းလျှက်ပေါ့……..တာဝန်တွေကိုယ်စီနဲ့...အဝေးတမြေစီမှာ..နေနေတဲ့ချစ်သူနှစ်ဦးဘ၀...
သစ္စာတွေ ကတိတွေ မျှော်လင့်ချက်တွေ အချစ်တွေ ပျော်ရွှင်မူတွေ ယုံကြည်မူတွေအထပ်ထပ်ထားရင်းပေါ့...
ချစ်သူကိုကိုကိုမေလေးစောင့်မျှော်နေရင်း ...ချစ်သူကိုကိုကတော့.. တိုးတက်မှုချင်းကွာဟနေ.. ခေတ်မီခြင်းတွေပြီးပြည့်စုံတဲ့
နိုင်ငံရက်ခြားမှာဘယ်လိုများနေပါလိမ့်
ကိုကိုဖုန်းဆက်တိုင်းပြောတဲ့စကားအရ၊
ယဉ်ကျေးမှုခြင်းကတော့ မိုးနဲ့မြေလောက်ကွာခြားတယ်မေ..
ကိုကို့ကိုလွမ်းနေတုန်းသတိရနေတုန်းမှာပဲ..ကိုကိုဆီကအလွမ်းစာလေးပါလိုက်တယ်
ကိုကိုချစ်တဲ့မေလေးရေ
ကိုကိုလေကြည့်လေရာရာမှာ မေ့အရိပ်ပါပဲကိုကိုမနက်နိုးထလာရင်လည်း မေနဲ့တူတူ ကြည့်ခဲ့ရတဲ့
မနက်ခင်းအလှကိုတမ်းတတယ်မေကိုကိုညနေအလုပ်ဆင်းလည်း မေနဲ့အတူကြည့်ခဲ့ရတဲ့ညနေခင်းဆည်းဆာကိုတမ်းတတယ်မေ
မြန်မာပြည်ကိုလွမ်းတယ်မေ မြန်မာအလှ၊မြန်မာသဘာဝနဲ့မြန်မာဆန်ဆန်လှတဲ့သဘာဝအတိုင်း လှနေတဲ့ ချစ်သူရယ်
ရှိနေတယ်လေ…. ဒီလို နေညိုချိန်လေးမှာတော့ မေကောကိုကို့ကို လွမ်းနေမလား…မေရေ .
.ဒီမှာညနေခင်းဆည်းဆာမှာရောင်စုံခြယ်သတဲ့ ချစ်သူစုံတွဲတွေ.. နောက်ပြီး နိုင်ငံတကာကအလှလေးတွေကို မြင်ရတော့လဲ
ရောင်စုံခြယ်သမှုတွေ ကင်းပြီး ကြည်လင်တဲ့ အေးမြတဲ့အလှပိုင်ရှင်... မြန်မာဆန်ဆန်သနပ်ခါးလေးနဲ့လှရက်သူ
ကိုကို့ကိုချစ်သူမေလေးကိုလွမ်းလိုက်တာမေရယ်
ဘ၀ပေးအခြေအနေအရ...မပြီးပြည်စုံသေးလို့...အလုပ်အခြေအနေအရ...တိုင်းတစ်ပါးမှာနေနေပေမယ့်...
ကိုကိုတို့မြန်မာသွေး၊မြန်မာရေမြေမှာ၊မြန်မာ့ယဉ်ကျေးမူအနေအထားအရ. ...ဟိရိသြတပ္ပတရားတွေနဲ့... ရှင်သန်ကြီးပြင်းလာခဲ့တဲ့
မြန်မာတစ်ယောက် အနေနဲ့မျက်နှာမထားတတ်လောက်အောင်...တိုင်းတစ်ပါးမှာယဉ်ကျေးမူတွေက.
..လွတ်လပ်နေခဲ့တာကိုတွေ့ခဲ့ရတယ်မေ…။
. ကိုယ့်လူမျိုးတွေ ကိုယ့်နိုင်ငံသားတွေအများကြီးရှိနေတော့လဲ.. အလွမ်းလေးတွေဖြေရင်း…...
အတွေ့အကြုံလေးတွေဝေရင်း...… တတ်စွမ်းသမျှ မြန်မာမှုလေးတွေ ပြုရင်း
အမိမြေနဲ့ ဆွေမျိုးများ ယဉ်ကျေးမှုပွဲတော်လေးများကို တမ်းတနေခဲ့ကြတာပါပဲမေရယ်..
..ကိုကိုလည်း သူများတစ်စိမ်းနေရာမှာ၊ . ရသမျှလေး ချွေတာ စုဆောင်းရင်း... ဒီနှစ်တော့လဲမေဆီ ပြန်ဖြစ်အောင်ပြန်လာခဲ့မယ်.
.မေနဲ့မခွဲတော့ဘူးမေရယ်....
တမ်းတတဲ့ အချိန်တွေမြန်မြန်ကုန်လွန်ပါစေတော့ဆုတောင်းရင်း မေရေ ကိုယ်အရောက်ပြန်ခဲ့တောမယ်…
ပြန်ရတော့မယ်အချိန်နီးကပ်လာလေလေ ..မေကိုလွမ်းလေပါပဲမေရယ်...မေကိုကိုယ်ရင်ခွင်ထဲကမလွတ်တော့ဘူး..
မေနှစ်သက်တဲ့သဇင်တခက်ကိုလည်း မေ့ကေသာဦးမှာကိုကိုပန်ဆင်ပေးပါမယ့်မေရေ..စိတ်ကူးနဲ့ကြည်နူးနေရင်း.
..မေသနပ်ခါးနံ့လေးနဲ့...မေရှက်အားဖိုမျက်နှာလေးကိုစိတ်ကူးတမ်းတရင်း..မေရေ အလွမ်းစာလေးပါးလိုက်တယ်
မေ..ကိုကိုမရောက်ခင်ဒီစာလေးနဲ့အလွမ်းပြေလိုက်နော်....မဝေးတော့မယ့်တနေ့....ကိုကိုအရောက်ပြန်လာခဲ့မယ် ။
မေချစ်တဲ့ကိုကို
အဝေးကချစ်သူကိုတမ်းတရင်းစာတွေရေးနေတဲ့
မေလေး
အားလုံးပျော်ရွှင်ပါစေ
လေးစားလျှက်
မေ၀တီ