မင်းကိုမြင်ဖူးတဲ့ နေ့ကစပြီး သိပ်ချစ်သွားတယ် ပြန်ချစ်နိုင်မလားဟင် !
♥♥ ပြန်ချစ်မယ်ဆိုရင် ဘာလုပ်မလဲ ?
ပြန်ချစ်ရင်ချစ်သူဘဝ လက်တွဲသွားတာပေါ့။
♥♥ ချစ်သူဘဝလက်တွဲရင်းနဲ့ အချိန်ကုန်သွားရင်ရော
ဒို့နှစ်ဦးလက်ထပ်ကြတာပေါ့။
♥♥ လက်ထပ်မယ်ချစ်မယ် ဆိုရင်သွေးစစ်ကြည့်ရမယ်နော်။
ဒို့ကမပွေမရှုပ်ပါဘူး မိကောင်းဖခင် သားတစ်ဦးပါ။
♥♥ မဆိုင်ဘူးလေ ၊ အလုပ်သဘောအရ သွေးစစ်ခံနိုင်မှချစ်မှာ
ရပါတယ်လေ ဒို့ကချစ်တဲ့သူကိုး။
♥♥ လက်ထပ်ပြီးရင် ရောရလာမဲ့ လခကိုဘယ်သူကိုင်ပိုင်ခွင့် ပေးမလဲ?
ဘယ်လိုမေးလိုက်တာလဲ ?
♥♥ မရခင်ကြိုတင်ပြင်ဆင်တာလေ။
ရတဲ့လခကို မင်းကိုပေးမယ်လခရဲ့ ၂ပုံကိုဒို့ကိုပေး ၂ပုံကိုမိဘပေးမယ် ၆ပုံကိုမင်းနဲ့ဒို့ဘဝ
အတွက်ရှေ့ရေးစုမယ်လေ။
♥♥ အပုံပုံတာအလျော့အတင်းလုပ်လို့ မရဘူးနော် ယောက်ျားစကားတည်စေမြဲစေ
မင်းလခရော ဘယ်လိုလုပ်မလဲ?
♥♥ ရှင့်ပုံစံအတိုင်း အချိုးချိုးမှာပေါ့…ဒါနဲ့ယူပြီးရင် နှစ်ယောက်ထဲ နေမှာလား….?
နှစ်ယောက်ထဲနေမှာပါ ဒို့မိဘလည်း မခေါ်ပါဘူး မင်းမိဘလည်း မခေါ်နဲ့လေ။
♥♥ ဟုတ်ပါပြီ ကျွန်မမိဘကလည်း သမက်အိမ်မနေပါဘူးတဲ့။
ဒါဆိုအိုကေတာပေါ့။
♥♥ မအိုကေနဲ့အုံး ခလေးစီမံကိန်း ပြောဦး
ဟင် ! ဒါလည်းပါသလား။
♥♥ ပါတာပေါ့…အခုရှုပ်တာရှင်းမှ နောင်အေးမှာ။
ခလေးကလက်ထပ်ပြီး သုံးနှစ်မှယူတာပေါ့။
♥♥ မရဘူး ကျွန်မမိဘတွေက အသက်ကြီးပြီ အငယ်ဆုံးကျွန်မ ခလေးကိုထိန်းချင်တာ
လက်ထပ် ပြီးကလေးနှစ်ယောက်လောက် ဆက်တိုက်ယူရမယ်တဲ့။
အေးလေ….ဒါဆိုလည်း မင်းသဘောပါ။
♥♥ မပြီးသေးဘူး !
ဘာ…ကျန်သေးလို့လဲကွာ?
♥♥ အလုပ်သွားအလုပ်ပြန် အချိန်မှန်ရမယ် ယောက်ျားလေးတွေက သူငယ်ချင်းဆို မယားထက်
ချစ်ကြတယ်။ သူငယ်ချင်းနဲ့သွားတာလာတာ ကျွန်မကမကြိုက်ဘူး။
ဒါဆိုလူမှုဆက်ဆံရေး ညံဖျင်းသွားမှာပေါ့။
♥♥ ကျွန်မလိုအပ်ချက်ကို အလုပ်သဘောအရအခုထဲက သဘောမတူရင် ကျွန်မကိုမချစ်လို့ ရတယ်နော်…။
သဘောတူပါတယ်ကွာ…သူငယ်ချင်းတွေလည်း ဖြတ်ပါ့မယ်။ အားလုံးပြီးပြီပေါ့နော်။
♥♥ မပြီးသေးဘူး။
ဘာကျန်သေးလို့တုန်းကွာ…?
♥♥ ရှင်အခုထဲက စိတ်တိုတတ်သလား?
မဟုတ်ပါဘူး ပြောပါ။
♥♥ အရေးကြီးတာ မင်္ဂလာဆောင်ရင် ရှင်ဘယ်လိုဆောင်ပေးမှာလည်း ကျွန်မကဆီဒိုးနား မှကြိုက်တာ။
ဝတ်စုံလည်း နှစ်စုံလောက်လဲရမှ ၊ ဘုတ်ထောင်ရင်လဲ ဓာတ်ပုံကြီးကြီး ကြိုက်တာ ၊ ဖိတ်စာကြီးကြီးမှ
အဆိုတော် ကောင်းကောင်းမှ ဒါတွေအားလုံး ရှင်ခံရမယ်နော် ရတာတွေကို နှစ်ဦးနာမည်နဲ့
ရင်းနှီးအလုပ်လုပ်မှာ။
မဟုတ်ဘူးလေ… ဒို့မိဘအကုန်ခံတာဆိုတော့ ရတဲ့လက်ဖွဲ့တွေ မိဘပြန်ပေးရမှာပေါ့။
♥♥ ဒါဆိုရင်ရှင့်မိဘက ဘာလက်ဖွဲ့မှာလဲ
အိမ်ရယ် ၊ ခန်းဝင်ပစ္စည်းရယ် လက်ဖွဲ့မှာ။ မင်းမိဘက ရောဘာပေးမှာတုန်း
♥♥ ကားရယ် ၊ ကျွန်မဝတ်ဖို့ ရတနာမျိုးစုံကို သူတို့ချစ်တဲ့ သမီးလေး ကျွန်မကို လက်ဖွဲ့မှာလေ…။
အားလုံးပြည့်စုံမှတော့ လက်ဖွဲ့တွေမယူပါနဲ့ကွာ။
♥♥ ယူမှဖြစ်မှာ…ဒါဟာအရင်းအနှီးဘည်း။
ကိုယ့်တို့ကိုယ့်အားကိုယ်ကိုး ကြတာပေါ့ကွာ။
♥♥ ဒါဆိုကျွန်မ ရှင့်ကိုစဉ်းစားအုံးမယ်။
ဒို့လည်း ဘာလုပ်ရမလဲ မသိပါဘူး နောက်နေ့မှ ဆက်ပြောရအောင်နော်။
♥♥ ဒီလိုနဲ့ကျွန်မနဲ့ ကျွန်မကိုချစ်ရေးဆိုတဲ့ သူနဲ့ချစ်ကြောင်း ကြိုက်ကြောင်း ပြန်ချစ်နိုင်ကြောင်း
မချစ်နိုင်ကြောင်း ပြောမပြနိုင်ဘည်း ကျွန်မဖြစ်ချင်တာတွေ ၊
ကျွန်မလိုအပ်ချက်တွေကိုသာ မေးဖြစ်ခဲ့ပါတယ်။ သိပ်မကြာပါဘူး နှစ်ပတ်လောက်နေတော့ ကျွန်မG.mail
ထဲသူရဲ့စာလေး တစ်စောင်ရောက်လာပါတယ်။ စာလေးထဲမှာ သူရေးလိုက်ပုံကတော့ …..
ချစ်ဖို့ရည်ရွယ်ပြီး ချစ်မယ်လို့ ဆုံးဖြတ်ကာ တူတူနေချင်မိခဲ့တဲ့ ကောင်မလေးရေ ဒို့သေသေ
ချာချာစဉ်းစားပြီးပြီ တစ်နေ့နှစ်နေ့နဲ့ နှစ်ပတ်ရှိခဲ့ပါပြီ။ အခုထဲကအမျိုးမျိုး မေးခွန်းတွေထုတ် နေမှတော့
ယူပြီးရင်မင်းမေးမဲ့ မေးခွန်းတွေက ပိုများလာနိုင်လို့ မင်းရဲ့မေးခွန်းဒဏ်မခံနိုင်လို့ မင်းကိုချစ်မိတာ
မှားသွားပြီမို့ ခွင့်လွှတ်ပါ ကောင်မလေးရယ်။ မင်းကိုနမူနာယူပြီး ဒို့လေရည်း
စားထားရမှာတောင် ကြောက်သွားပါပြီ။ မတွေးထားတဲ့ အတွေးတွေက မင်းဆီကနေ သင်္ခန်း စာရခဲ့ပါပြီး
ဒါကြောင့်ဒီဘဝမှာ မင်းကိုဒို့နှုတ်ဆက်ခဲ့ပါတယ်ကွယ်။ စိတ်မဆိုးပါနဲ့ ။
♥♥ ကျွန်မကတော့ သူ့စာလေး ဖတ်ပြီးရယ်ရမလား ငိုရမလား မသိပါဘူး။ လောကဓံကို မစသေး
ခင်ကျွန်မမေးခွန်းဒဏ်ကို သူမခံနိုင်ဘူးတဲ့ သူနဲ့များယူပြီးလို့
ကျွန်မကျန်းမာရေးကြောင့် အောက်ပိုင်းလေဖြတ်သွားရင် သူထားပစ်ခဲ့မှာပါ
ဒါကြောင့်ကျွန်မ တွေးပြီးတွေးရင်းနဲ့ အပျိုကြီး ဘည်းလုပ်ပါတော့မယ်ရှင်။ အပျိုကြီးဆိုတာ ကိုယ့်ကိုကိုယ်
အချစ်ဆုံးမဟုတ်လား။ ကိုယ့် အချစ်ကို တစ်စိမ်းယောက်ျားလေး မပေးချင်လို့ အပျိုကြီးဖြစ်နေတာလေ။
သိမ်းလက်စနဲ့ ကျွန်မအချစ်ကို တွန့်တိုစွာ နောင်ဘဝအထိ သယ်ဆောင်ပြီး အပျိုကြီးဘဝနဲ့ အရိုးထုပ်သွား
ပါတော့မယ်ရှင်။ အပျိုကြီးမလုပ်စေချင်သူများ ကျွန်မကဲ့သို့ အမေးအမြန်း မထူစေချင်၍
ကျွန်မကိုနမူနာယူပြီး လက်တွဲဖော်နဲ့ သေတပန်သက်တဆုံး ဘယ်လိုပေါင်းသင်း နေထိုင်
သွားမလဲ သေချာစဉ်းစားကြနော်။ နှစ်ဖက်အသိုင်းအဝိုင်း ဆိုတာသေချာ စဉ်းစားရမယ် နှစ်ဦး
ချစ်နှစ်ဖက်ပေါင်းမို့ နှစ်သက်စွာ စဉ်းစားကြပါနော်…..။