Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

“ ဖြူဖွေးရယ် ….. ကျေးဇူးတင်ပါတယ် ”

$
0
0

သူ့နာမည်ကဖြူဖွေး…နာမည်နဲ့လူနဲ့လိုက်အောင် စိတ်ထားကဖြူတယ်ထင်ပါရဲ့ ကျွန်မစတွေ့

တာကသူ့သူငယ်ချင်း ကိုယ်စားအလုပ်လာလုပ်တဲ့ အခါမှာစတင်တွေ့ရတာပါဘည်း။ အလုပ်

ထဲမှာမနက်ဖက်တွေ့ပြီဆိုရင် Morning လို့နှုတ်ဆက်စမြဲ ညဖက်ပြန်ရင် GoodNight လို့နှုတ်ဆက်စမြဲ

ကျွန်မအလုပ်တွေကိုလည်း အမြင်မတော်ရင်ဝင်ကူတတ်တဲ့ စိတ်ရှိတယ်။ ကျွန်မနဲ့အလုပ်လုပ်ရင်း

တစ်ခါတစ်ခါ စကားပြောဖြစ်တယ်…။

“ဖြူဖွေးရေ နင်အခုအလုပ်လုပ်တာ နင့်အမေ့ကအသွားအပြန် ကားခပေးသလား ထမင်းချိုင့်

ထည့်ပေးသလား။ လူစားခဏလုပ်တာ သိလား ” လို့မေးရင် သူကပြုံးပြုံးရွှင်ရွှင် ပြန်ပြောတယ် “သိတာပေါ့

၊ ကားခလည်းအမေပေးတယ်၊ ထမင်းဗူးလည်း အမေပြင်ပေးတာပါ။” အမေကအခက်အခဲဖြစ်လို့

လာပြောတဲ့သူငယ်ချင်းဘည်း ကူညီလိုက်ပါတဲ့။

“နင့်အမေက သဘောကောင်းတယ်နော် ဒီလိုနဲ့ခင်ခင်မင်မင် ရက်၂၀လောက် လုပ်သွားရှာ တယ်။

တစ်နေ့တော့ သူနဲ့ကျွန်မပြန်ပြီး လမ်းတစ်နေရာမှာဆုံတွေ့ဖြစ်တယ်။

“အမနေကောင်းလား”

“ဟယ် ! ဖြူဖွေးပါလား ” ဘာလုပ်နေလဲ အလုပ်ရပြီလား။

“ အလုပ်ရပြီအမ ဒီလိုပါဘည်း မပြေတစ်လှည့် ပြေတစ်လှည့်ပါဘည်း အမရယ် ”

“နင်ငါတို့ဆီမှာ အလုပ်လုပ်တာ နင့်အတွက် နင့်သူငယ်ချင်းက ရက်၂၀စာပေးသလား” ကျွန်မမေးတော့

သူကပြုံးနေတယ် မပေးပါဘူးအမရယ် ၄ရက်စာဘည်း ပေးတယ်။

ဟယ် ! ဒါဆို၁၆ရက်စာ နင်လုပ်အားခမရဘူးပေါ့ ဟုတ်လား။ နင့်အမေကဘာမှ

မပြောဘူးလား ပြောတယ်အမ ၊ အလုပ်သွားအလုပ်ပြန် အမေပေးတဲ့ကားခကိုသုံး အမေပေးတဲ့

ထမင်းချိုင့်စား သူ့အလုပ်အဆင်ပြေဖို့ လုပ်ပေးတာတောင် နင့်သူငယ်ချင်းက မသိတတ်တာ

နင်ကံဆိုးတယ်တဲ့ ငယ်ငယ်ရွယ်ရွှယ်နဲ့ သူငယ်ချင်းသင်္ခန်းစာ ရသလိုတစ်ခါစား သူငယ်ချင်း

ဆိုတာနင်သိပြီလားတဲ့ ၊ တစ်ခါစားလူတွေကို သတိထားပေါ့သားရယ်တဲ့။

အေးဟယ် နင့်အမေက သဘောထားကြီးတယ်။ တရားသဘောနဲ့ဆို နင့်လုပ်အားခ ခေါင်းပုံဖြတ်သွားတဲ့

တစ်ခါစားငွေကို သူ့တစ်သက်စာ ထင်လို့နေမှာပေါ့ဟာ သူများလုပ်အား ခကိုမတရားယူရင်

သူမတရားခံရမှာပါ။ ဝဋ်ဆိုတာ မသေခင်လည်တယ် ဖြူဖွေး။

ကျွန်တော်ကတော့ ဘယ်လိုမှသဘောမထားပါဘူး အမရယ်။ ကောင်းတဲ့စိတ်နဲ့ဘည်း မြင်လိုက်ပါတယ်။

အေးအေးဖြူဖွေးဆိုတဲ့အတိုင်း စိတ်ထားဖြူပါပေတယ်။ နင်ရောနင့်အမေရော လူဆင်းရဲပေမဲ့

စိတ်ထားမဆင်းရဲတာ ဝမ်းသာပါတယ်။ အမသွားတော့မယ်နော်။                        ဟုတ်ကဲ့အမ

လိုအပ်တာရှိ ရင်ခိုင်းပါနော်။ အမအကြောင်းအမေ့ကို ပြောပြထားတယ်။ ကျွန်တော်ကျွမ်းတဲ့ ကိစ္စဆိုကူညီပါ့

မယ်အမရယ်။

အေးအေးကောင်းကောင်းသွား အမသွားပြီ….။ သူနဲ့ကျွန်မလမ်းခွဲပြီး ကျွန်မအိမ်ပြန်ခဲ့ပါတယ်။

ညရောက်တော့ ဖြူဖွေးရဲ့ စကားထဲကတစ်ခါစား စိတ်ဓာတ်ဆိုတဲ့

စကားလုံးလေးကို သေချာစဉ်းစား နေမိပါတယ်။ ဟုတ်ပါတယ်… တစ်ခါတစ်ရံ လူတွေဟာ

စားလောက်တယ် ထင်ပြီးတခဏစာကို တစ်ဘဝစာဟုထင်ကာ တစ်ခါစားလုပ်ကြပါတယ်။ တစ်ခါစားဆိုတဲ့

စိတ်ဓာတ်ဟာ ချမ်းသာတဲ့သူမှာလည်း ရှိသလိုဆင်းရဲတဲ့ သူများလည်း ရှိပါတယ်။

ခံယူတဲ့သူ ပေါ်မှာမူတည်ပါတယ်။ ချမ်းသာပေမဲ့ တစ်ခါစားစိတ်မွေးတဲ့သူ ရှိသလို ဆင်းရဲပေမဲ့ တစ်ခါစား

စိတ်မရှိတဲ့ ဖြူဖွေးတို့လို လူတွေလည်း အများကြီးပါဘည်း။ ဗီဇမကောင်းတဲ့ သူဟာချမ်းသာမှ

ဆင်းရဲမှမဟုတ်ပါဘူး။ သူ့ရဲ့စိတ်ကိုက မကောင်းတဲ့ ဗီဇပါလာတာပါ။ သူနဲ့ရွယ်တူဖြူဖွေး

၊ ဖြူဖွေးအမေဟာ ဆင်းရဲပေမဲ့ တစ်ခါစား လုပ်ကြံခြင်းကို သိသိကြီးနဲ့ ခွင့်လွတ်တတ်တာကို

ကျွန်မမြင်ရပါတယ်။ တစ်ဖက်မှာလည်း တစ်ခါစားငွေကို သုံးတဲ့ဖြူဖွေးသူငယ်ချင်းနဲ့ ဖြူဖွေး သူငယ်ချင်းရဲ့

အမေကိုလည်း မြင်ရပါတယ်။ ကျွန်မအတွေးထဲမှာ ကျွန်မလည် တစ်ခါစားမဖြစ် ရန်ကြိုးစားရပါမယ်။

ကျွန်မအနာဂတ်ခရီးမှာ လိပ်ပြာသန့်သန့် နာမည်ကောင်းကောင်း ၊ တစ်ခါစားစိတ်ဓာတ်

မမွေးမြူဖို့ ဖြူဖွေးကိုအတုခိုး ရပါမယ်။ ကျွန်မထက်အသက်ငယ် ကျွန်မ လောက်မပြည့်စုံပေမဲ့

ကျွန်မကိုတစ်ခါစား စိတ်ဓာတ်မထာရန် ဖြူဖွေးကမြင်ဆရာ အဖြစ်သင် ပေးခဲ့ပါတယ်။

                ထိုညကကျွန်မအတွေးတွေ ရှည်လျားခဲ့ရပါတော့သည်။ သူငယ်ချင်း အချင်းချင်း

လျင်သူစားစတမ်း ဆိုတဲ့စိတ်မမွေးဖို့ သူငယ်ချင်းအချင်းချင်း ဆိုးတူကောင်းဘက် တစ်ဦး

အခက်အခဲတစ်ဦး ကယ်တင်လို့ ချစ်ချစ်ခင်ခင် နေသင့်ပါသည်။ သူငယ်ချင်းချစ်ခြင်း ဖြူစင် ခြင်းကိုတန်ဘိုး

ထားသင့်ပါတယ်။ သူငယ်ချင်းတွင် ချမ်းသာဆင်းရဲ မရှိပါ။ ကြီးသည်ငယ်သည် မရှိပါ။ ပညာတတ် ၊

ပညာမဲ့မရှိပါ။ ရုပ်ဆိုး ၊ ရုပ်ချောမရှိပါ။ တစ်ပြေးတည်း ၊ တစ်တန်းတည်း အယုတ် ၊ အလတ် ၊ အမြတ်

မရွေးခင်ခြင်းကို သူငယ်ချင်းဟု ခေါ်ပါသည်။

                    ဖြူဖွေးကိုနမူနာယူပြီး ကျွန်မကိုယ်တိုင်လည်း တစ်ခါစား

စိတ်ဓာတ်မရှိရန်ပြု ပြင်တည်ဆောက် အုတ်မြစ်ချရပါမည်။ အနာဂတ်အတွက် စိတ်ထားမှန် ၊

စိတ်ထားမြတ်သော သူဖြစ်အောင် ကျွန်မကိုယ်တိုင် ကြိုးစားရပါမည်။ ဘဝတွင်ခဏတာ တွေ့သောသူများ

အားလုံး တစ်ခါစားစိတ်ဓာတ် ပပျောက်၍ စိတ်ဓာတ်ရေးရာ မှန်ကန်ုကြပါစေလို့ ဆုမွန်ပြုလိုက်ပါ သည်။

စိတ်အဓိက ၊ စိတ်ပထမ

ရိုးရိုးကျင့်၍ ၊ မြင့်မြင့်ကြံကာ

တစ်ခါစားစိတ် ၊ ဝေးဝေးဖယ်ရှား

စိတ်မြင့်မြင့်မြတ် ၊ စိတ်သန့်သန့်ထား

စိတ်နှလုံးလှ ၊ စိတ်သဘောပြု

လူနတ်သတ္တဝါ ၊ ချစ်ကြည်ဖြူပြီး

ကိုယ်သွားရာလမ်း ၊ မနွမ်းခရီး

ပန်းခင်းသောလမ်း ၊ ပန်းရနံ့မွှေး

ပန်းဥယျာဉ်လယ် ၊ အစဉ်အမြဲ

ထာဝရမခွဲ ၊ ရောက်မည်မလွဲ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>