"ကျက်ကုန်းဆိုတာက....အင်း....ဒီမှာပြောလို့တော့ မကောင်းပေဘူး...အာလုံးရွာကို လိုက်ခဲ့ကြပါ။..ကျုပ် အိမ်မှာပဲ တည်းလိုက်ကြ။မနက်ကျ မှ ခရီးဆက်ကြပေါ.။ဘယ်လိုလဲ...မိတ်ဆွေတို့....။"
ထိုလူကြီး ၏ဖိတ်ခေါ်မှုကို လိုက်သင့် မလိုက်သင့်ကားတစ်ဦးတစ်ယောက်ထဲ ဆုံးဖြတ်လို့မရပေ....။သံချောင်း၊ဖိုးထောင် တို့ကိုထည့်တွက်စရာ မလို ။ သူတို့က တောထဲ တောင်ထဲ ကြီးပြင်းလာကြသူများသာ။ဆရာလေးမှာကား မြို့သားလည်းဖြစ်ပြန် လူပုံကလည်း မောပန်းနွမ်းလျှနေသည်မှာ အသိသာ။သူ့စိတ် အမှန်တိုင်းဆိုတော့ မလိုက်လိုလှပေ...။ငြင်းပြန်လျှင်လည်း ...........။
"ဟူး.........................." မုဆိုကြီး သက်ပြင်းကို လေးတွဲစွာ ချလိုက်သည်။ အားလုံး ကလည်း နားချင်နေပုံပင်......။မုဆိုးကြီးကဆရာလေးကို..
" ဆရာလေး...ဘယ်လို သဘောရလဲ..."
"အင်း...အမှန်ပြောရ ရင်တော့ နားချင်လှပြီ....။လူလည်း တော်တော် နူံးနေပြီ .."
ဆရာလေး၏ စကားကို ဖိုးထောင်နှင့် သံချောင်းက လိုက်ထောက်ခံစွာဖြင့်...
"ဟုတ်တယ် ဘထွေးရာ....လူလည်း မျော့ နေပြီဗျ....ဒီလောက်ချမ်းနေတာ နွေးနွေးထွေးထွေးလေး အိပ်ပစ်လိုက်ချင်တယ်..."
"ဟုတ်ပါ့ ဘထွေးကို ကြောက်လို့သာ...မနည်း ဆက်လျှောက်နေရတာ..အိပ်ချင်လှပြီ..."
"ကဲ...ဒါဆိုလဲကောင်းပြီ..။လိုက်သွားကြတာပေါ့။"
သည်လိုနှင့် သူတို့ လေးယောက်သား ဦးဘအေး ခေါ်ဆောင်ရာနောက်သို့လိုက်လာခဲ့ကြပေတော့သည်။သိပ်တော့ကြာကြာ မသွားလိုက်ရ..။ဆိုင်းသံ၊ ဗုံသံ သဲ့သဲ့ ကြားလိုက်ရသည် နှင့် တစ်ပြိုင်နက် ရွာပတ်လည်တွင် သစ်သားများဖြင့် ခိုင်မာစွာစည်းရိုး ကာထားသော ရွာလေးတစ်ရွာကို ရှေ့တွင်လှမ်းတွေ့လိုက် ရသည်။ ရွာစည်းရိုးတံခါး(ရွာတံခါး)နားရောက်တော့ ဦးဘအေးက .....
"ဟေ့.....တံခါး ဖွင့်စမ်း အာဂန္ဒု (ဧည့်သည်)တွေပါလာတယ်..."
ဟုပြောလိုက်သည်နှင့် ရွာတံခါး ပွင့်လာပြီး လူနှစ်ယောက် ထွက်၍ လာကြို၏။ကြည့်ရတာ ရွာလုံခြုံရေး အတွက် ကင်းချထားသော ၇ွာသားများဖြစ်ဟန်တူ ၏။။တစ်ရွားလုံးကား အိမ်တွေမှာရော လမ်းတွေမှာပါကညင် ဆီမီးတိုင်တို့ ထွန်းညှိထား သောကြောင့်နေ့နှင့်ည မှားလောက်ပေသည်။ထို့နောက် သူကြီး ဦးဘအေးဦးဆောင်မှုဖြင့် သူ၏ အိမ်သို့ခေါ်ဆောင်းသွားလေ၏။ ဦးဘအေး အိမ်လာရာလမ်းတစ်လျှောက် ရွာလယ် လမ်းမတစ်လျှောက်တွင် ဝတ်ကောင်းစားလှ များဝတ်၍ ဟိုဟို ဒီဒီလျှောက် နေကြသည်။ကြည့်ရတာ ဦးဘအေးပြောသော ပွဲဈေး သို့ သွားသူသွား ပြန်သူပြန်နှင့် ဖြစ်နေကြဟန်တူ၏။တစ်ရွာ လုံးလည်း ပွဲရှိ၍ မအိပ်ကြဟန်။ကလေးများ ကား ဟိုဟိုသည်သည် ပြေးလွှားဆော့ ကစားနေ ကာ အမျိုးသမီး အချို့မှာ ဆန်ဖွတ်သူ ဖွတ် မောင်းထောင်းသူထောင်း ရေခပ်သူခပ်နှင့် အလုပ်ရှုပ်သူတို့ကတော့ အလုပ်ရှုပ်လျှက်။အချို့ယောက်ကျားကြီးများမှာကားနွားတွေကို အစာကျွေးသူကျွေး နှင့် ရှိကြပေသည်.....။ထိုအရာကို မြင်သောအခါ သံချောင်းက မုဆိုးကြီးကို.....
" ဘထွေး ....."
" ဘာလဲကွာ..."
" ဒီရွာသားတွေက တစ်မျိုးပဲနော်...ညဖက်ကြီး ဆန်ဖွက်၊မောင်းထောင်း၊နွားစာကျွေး လုပ်နေကြတယ်...ကျနော်တို့ ရွာတွေကတော့
ဒီလို အလုပ်တွေကို ..နေ့ခင်းကျ မှ လုပ်ကြတာလေ...."
သံချောင်း၏ အမေးကို အလိုမကျဟန်ဖြင့်...
" မင်း....နဲ့ဘာဆိုင်တုံး..သူတို့ဖာသာ ဘယ်အချိန် လုပ်လုပ်..မင့် အပူလား...."
" မသိလို့မေးတာပါ...ဗျာ.....ဘထွေးကလဲ ဒေါသကြီးပဲ"
" ဟေ့ကောင်....သံချောင်း ပါးစပ် မသရမ်းနဲ့...."
ဆရာလေးကတော့ မြို့သားပီပီ တောဓလေ့ကို မမြင်းဖူး ၍ထင့် ဟိုဟို သည်သည် လိုက်ငေးနေပေ ၏။သူတို့ပြောနေသည်ကို ဦးဘအေး ကြားသွားဟန်တူ၏...။လမ်းလျှောက်ရင်း သူတို့ဘက်သို့ လှည့်ကာ ........
"'ဒီလို ရှိတယ် မောင်ရင်ရ....ကျုပ်တို့ရွာမှာက တစ်နှစ်တစ်ခါ ရွာဦးစေတီ ဘုရားပွဲ ကျင်းပလေ့ ရှိတယ်။ဘုရားပွဲ ရှိတဲ့ နေတွေဆိုရင်
တစ်ရွာလုံး မအိပ်ကြဘူးလေ....။ဒါကြောင့် နေ့ခင်းက မပြတ်တဲ့ အလုပ်တွေကို ...ညဖက်လုပ်ကြသူလဲ ရှိကြပေတယ်...။
" အော်....."
နှင့် စကားတစ်ပြောလျှောက်လာခဲ့ကြရာ သူကြီးဦးဘအေး အိမ်သို့ရောက်လာခဲ့ကြပေ သည်။ အိမ်ကြီးမှာ ရှည်တံရှည် အိမ်မျိုး ဖြစ်ပြီး အတော်အသင့်ကျယ်ဝန်းလှပေသည်။ အိမ်ကြီးရခိုင် ပါပေ။ အိမ်ပေါ် သို တက်လိုက်သည် နှင့် သူတို့ အားလုံး စိတ်ထဲမှာ အမျိုး အမည် မသိသော ခံစားချက် တစ်မျိုး ဖြစ်ပေါ်လာ၏။ထို့နောက် ...ဦးဘအေး မှ သူနှင့် အတူ လိုက်ပါလာသော ရွာသာများကို ပြန်လွှတ်လိုက်ပြီး သူတို့ အဖွဲ့ကို ဧည့်ခန်းသို့ ခေါ်လာခဲ့သည်။ပြီးနောက် .....အိမ်ခန်းဘက်သို့ လှည့်ကာ.......
"ရှင်မရေ......သမီးခေါ်ပြီး အပြင် ခဏလာခဲ့ပါအုံး..ဒီမှာ ....အာဂန္ဒုတွေ ပါလာတည်ဟေ့...ကဲကဲ မိတ်ဆွေတို့ ထိုင်ကြပါ ....ဘာမှ အားမနာနဲ့ နော့...ကိုယ့်အိမ်လို သဘောထား..ဟုတ်လား"
မုဆိုးကြီးမှ လွဲ၍ ကျန်သည့် လူများ ကခေါင်းညိမ့် လိုက်သည်။ထိုအချိန် အိမ်ခန်း ကလန့်ကာ (ခန်းဆီး)ကြားမှအမျိုးသမီး ကြီး တစ်ဦးနှင့် အမျိုးသမီးငယ် တစ်ဦး ရေနွေးဘမ်း ကိုင်ကာ သူတို့ရှိရာသို့ထွက်လာကြသည်။အမျိုးသမီးကြီးကား အသက် ၄၅ နှစ်ခန့် ရှိမည်။အမျိုးသမီးငယ် မှာမူ အသက် ၂၁ နှစ်ဝန်းကျင်ခန့် သာ ရှိပေလိမ့် မည်။အားလုံး၏ အကြည့်များမှာကား အမျိုး သမီးငယ်ဆီသို့သာ။မုဆိုးကြီးကတော့ အိမ်ခန်း ထဲသို့ မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ပြီး မျက်မှောင် တစ်ချက် ကြုံ့ လိုက်သည်။ပြီး တစ်ခုခုကို တွေးတော စဉ်းစားနေ၏။ မိန်းမပျိုမှာ တောသူပေမို့လား မသိ အသားအရေမှာ ညိုတိုတို နှင့် လုံးကြီးပေါက်လှ ပါပေ။ ခုခေတ်မယ်ဗျားများ ရှုံးလောက်ပါရဲ့။ခါးသေးရင်ချီ လမ်းလျှောက်လာပုံ ကို က ဆင်မယဉ်သာ။သံချောင်းနှင့် ဖိုးထောင်တို့၏ မျက်လုံးများမှာ ကကျွတ်ထွက်မလားတောင် စိုးရိမ်ရသည်။ဆရာလေးကတော့ ပုံမှန်ပင်။ထို အမျိုး သမီးနှစ်ယောက် သူတို့နားရောက်လာပြီး ရေနွေးဘမ်းနှင့် ဆက်သားခြောက် ဖုတ်ဆီဆမ်း ပန်းကန်ကို ချပေးပြီး သူကြီး ဘေးနားဝင်ထိုင်လိုက် သည်။သူကြီးဦးဘအေးက ထိုအမျိုးသမီးနှစ်ယောက်နှင့်မိတ်ဆက်ပေးသည်။အမျိုးသမီးကြီးမှာ သူ၏ဇနီး ဒေါ်ခင်ရီ ဖြစ်ပြီး အမျိုးသမီ့းပျိုမှာ................
အပိုင်း-၃(ဇာတ်သိမ်းပိုင်း)
ဆက်လက်အားပေးပါရန်
ပုဏ္ဏား(ဘကွန်း)