သီဟက "လာလာမင်းကိုငါ့ခယ်မနဲ့ မိတ်ဆက်ပေးမယ် သူ့ နာမည်ကရာရွှေတဲ့ "
သီဟသည်
စာဂလက်ကိုဆွဲပြီးဂာရွှေဆီခေါ်သွားသည်။သီဟက ရာရွှေကိုပြောသည် " ခယ်မလေး သူကငါ့သူငယ်ချင်း စာဂတဲ့"
သီဟကသူတို့ နစ်ယောက်ကိုမိတ်ဆက်ပေးလိုက်သည်။
စာဂက ".တွေရတာဝမ်းသာပါတယ်"ဆိုပြီးနုတ်ဆက်လိုက်သည်။ရာရွှေက"ဟုပ် ၀မ်းသာပါတယ်" စာဂကဆက်ပြောသည်
"ကျတော်ကိုလည်း သီဟလိုခင်မင်နိုင်ပါတယ်နော်"
ထိုအခိုက် "သမီးရေ သမီးရေ " ရာရွှေရဲ့ အမေခေါ်သံကြောင့် ရာရွှေက "ကိုသီဟနှင့်စာဂရေ
အမေခေါ်နေပြီး သွားလိုက်ဦးမယ်နော် နောက်မှတွေ့ တာပေါ့ "
ရာရွှေကပြောပြီးအိမ်ထဲဝင်သွားလိုက်သည်။ သီဟက "စာဂရေ တို့ လည်းပြန်ကြတာပေါ့"
"အင်းပြန်တာပေါ့"
သူငယ်ချင်းနစ်ယောက် မိမိတို့ အိမ်ဘက်သို့ ဦးတည်လျှောက်လှမ်းနေကြသည်။သီဟကစာဂကိုပြောသည်
"ငါ့ခယ်မက မချောဘူးလား"
"အင်းချောပါတယ်"
စာဂရေမင်းစိတ်မ၀င်စားဘူးလား"
" သီဟရယ် ငါ့နှလုံးသားကဒဏ်ရာတွေက အသစ်ကြီးရှိနေသေးတယ် ကွာ အချစ်အကြောင်းကို ခဏမေ့ထားပါရစေနော်"
"အင်းပါကွာ အော် စာဂ နက်ဖြန်
သူ့ အမနဲ့ ငါချိန်းထားတယ်နော် ရာေ၇ွှပါ ပါလာမှာ"
"ဘာဖြစ်လို့ သူကလိုက်ရတာလဲ"
"သူတို့ အမေက တစ်ယောက်တည်းဆိုစိတ်မချဘူးလေ အဲဒါကြောင့်ပါ စာဂ နင်ငါနဲ့ အတူလိုက်ရမယ်နော်"
"အင်း ရပါတယ်ကွာ လိုက်ပေးပါ့မယ်"
.ပြောနေတဲ့စကားတွေကိုအဆုံးသတ်ပြီး သူငယ်ချင်း
နစ်ယောက် ပြန်သွားကြသည်။ အမှောင်ပျောက်ပြီးအလင်းရောက်လာတော့ သူငယ်ချင်းနစ်ယောက် ၄၃ ဘတ်စ်ကား ပေါ်တက်ကာ လိုက်ပါသွားသည်။စာဂက သီဟကိုမေးသည်
"မင်းတို့ က ဘယ်မှာချိန်းထားတာလဲ"
"ကန်တော်လေးမှာပါခဏနေရောက်တော့မှာပါဟ ရှေ့ မှတ်တိုင်ဆို ဆင်းလို့ ရပါပြီ"
သူတို့ နှစ်ယောက်သည်လမ်း၁၂၀မှာဆင်းပြီးကန်တော်လေးဘက် လျှောက်လှမ်းသွားသည် ရောက်လည်းရောက်ရော စာဂက သီဟကိုပြောသည်
"ဘယ်မှာလဲ မင်းအသဲလေးက"
" ခဏကြာရင်သူတို့ ရောက်လာကြမှာပါ ဟိုမှာလာနေပါပြီးကွ"
စာဂက လှည့်ကြည့်လိုက်သည်
"အင်းမင်းအသဲလေးက မဆိုးဘူးပဲကွ ဒါပေမယ့်သူကိုတော့မမီပါဘူးကွ"
သီဟက ပြုံးကာပြောသည်
"ငါသိပါတယ် ငါ့ခယ်မကိုမင်းခိုက်သွားမယ်ဆိုတာ"
ရာရွှေနဲ့သူ့အမ ရောက်လာတော့ သီဟကသူ့ ကောင်မလေးကိုမေးသည် ".ဟေ့ဖြူဘာလို့ နောက်ကျနေတာလဲဟ"
"ဖြူက အမေကို ပတ်ပြီးလာရတာနော်"
သီဟက စာဂကိုပြောသည်
"နင်တို့ နစ်ယောက်စကားပြောနေကြပါနော်"
သီဟသည်စာဂကိုပြောကာ ဖြူလက်ကိုဆွဲပြီး လွတ်လွတ်လပ်လပ် ချစ်စကားများပြောရန်ထွက်သွားလိုက်သည်။စာဂနဲ့ရာရွှေသည်ထိုင်ခုံလေးတခုပေါ်အတူ
ထိုင်နေကြသည်။စာဂကစကားစလိုက်သည်
"ရာရွှရေ ၇ာေ၇ွှကိုေ၇ွှလို့ အ၇င်းဆွတ်ပြီးခေါ်မယ်နော်"
"အဖြားဆွတ်ပြီးခေါ်တာပဲကြားဖူးပါတယ် နင့်ကျမှအ၇င်းဆွတ်ပြီးခေါ်
မယ်တဲ့ ခေါ်ချင်သလိုခေါ်ပါ၇ပါတယ်ဟယ်"
စာဂက ထပ်စပ်စုလိုက်သည်
".ေ၇ွှလေး နင်ေ၇ာ၇ည်းစားထားဖူးသလား"
"အင်ထားဖူးပါတယ်ဒါပေမယ့်သူနဲ့ ငါလမ်းခွဲလိုက်တာကြာပြီးဘာဖြစ်လို့ လည်းတော့မမေးပါနဲ့ "
စာဂကထပ်ပြောသည်
"နင့်လိုလှပြီး၊မနောဖြူ၊သဘောကောင်းတဲ့မိန်းကလေးမျိုးကို ဒီလူပြစ်သွားတာအမှားကြီးမှားတာ
အမှန်ပဲကွာ ငါသာဆို အပြီးဆုပ်ကိုင်ထားလိုက်မှာအမှန်ပဲသိလား"
စာဂ စကားကိုကြားပြီး
ရာရွှေသည် စာဂကို စူးလျှတဲ့အကြည့်ဖြင့်ကြည့်ကာပြုံးပြလိုက်သည်။
လှပတဲ့ ၀င်းလဲ့တဲ့ အကြည့်ကလေးတွေက စာဂရဲ့ အိပ်မောကျနေတဲ့ နလုံးသွေးသားတွေကို ပြန်လည်နိုးထ
သက်ဝင်စေခဲ့သည်။
စာဂက ထပ်စပ်စုလိုက်သည်
"ရွှေရေ နောက်ထပ်ရည်းစားထာဖို့ ရော စိတ်ကူးမရှိဘူးလား"
"အော် စာဂရယ် သူနဲ့ ကျမက လမ်းခွဲကြတယ်ဆိုတာမချစ်လို့ မျှမဟုပ်တာပဲလေ ဂုဏ်မက်တဲ့သူ့ မိဘတွေက
ကျမတို့ နစ်ယောက်ကြားမှာ တံတိုင်းတခုပမာ ခံထား၊တားထားလို့ သာ လမ်းခွဲထားရတာပါ ကျမဘ၀မှာ
ကျမအချစ်ဆုံးကသူပါပဲ သူလည်းကျမနဲ့ ထပ်တူပါပဲ ခေတ္တခဏ လမ်းခွဲထားတဲ့သဘောပါ တသက်တာလက်တွဲ
ဖို့ ခဏတာ ခွဲနေတယ်လို့ ပြောရင်ပိုမှန်တာပေါ့နော်"
ရွှေရဲ့ စကားများကိုကြား၍
"အော် အချစ်ကံခေခြင်းက ငါ့တယောက်ကိုပဲ ကွက်ပြီးဖမ်းဆီးထားတာများလားနော်"
စာဂကငြီးတွားကာပြောနေမိသည် ပါးစပ်ဖြင့်တော့မဟုပ်။
စာဂကရွှေကိုထပ်ပြောသည်
"ရွှေတို့ ကံကောင်းကြမှာပါ ကျတော်ဆုတောင်းပေးနေမှာပါ"
"ကျေးဇူးပါနော် စာဂ"
"အော် စာဂရေ အချိန်လည်းနောင်းနေပြီ မမတို့ လည်းမလာသေးဘူး နောက်ကျရင် အမေကဆူမှာ"
"အင်း သူတို့ လည်းသိပါတယ် လာတော့မှာပါ ဟော ပြောရင်းဆိုရင်;လာပြီ"
သီဟတို့ ချစ်သူနစ်ဦး ပြုံးပြုံးပျော်ပျော်နင့်လာနေကြသည် ။သီဟက
"ရွှေနဲ့ စာဂ ပြန်ကြရအောင်" ဆိုပြီး ပြန်သွားကြသည်။
စာဂနဲ့ သီဟ သည်ပုံမှန်ထိုင်နေကျဆိုင်လေး၌ ထိုင်ကာ ကော်ဖီသောက်နေကြသည်။သိဟက စာဂကိုမေးသည်
"စာဂရေ ဘယ်လိုလဲ ငါ့ခယ်မနဲ့ အဆင်ပြေရဲ့ လား"
မိုင်ကုတ်ကုတ်မျက်နာလေးဖြင့်စာဂကဖြေသည်
"သူမှာရည်းစားရှိတယ်ကွ သူတို့ ကအရမ်းချစ်ကြတာလေ"
"ဟ သူတို့ က လမ်းခွဲလိုက်ပြိမဟုပ်လားကွ ဘယ်လိုဖြစ်တာလဲ"
"မဟုပ်ပါဘူး ခေတ္တခဏ ခွဲနေတာပါ အမြဲအတွက်မဟုပ်ပါဘူး"
စာဂကထပ်ပြောသည်
"ငါကိုကအချစ်ကံခေတာပါကွာ ငါ့ရဲ့ အချစ်ကံခေခြင်းကို ဘောလုံးလုပ်ပြီး ကမ္ဘာ့အပြင်ဘက်ကို ကန်ထုတ်လို့ 
ရရင် ကန်ထုတ်ပစ်လိုက်ချင်တယ်ကွာ"
သီဟက
"မင်းအရမ်းခံစားနေရရင် အရက်ဆိုင်သွားမယ်လေ အရက်သောက်ပြီးမေ့ထားလိုက်ပေါ့ကွ"
"ဟေ့ သီဟ အသဲကွဲတိုင်း အရက်သောက်စတမ်းဆို လောကမှာ အရက်သမားတွေနည်းမည်မထင်ပါ
ငါအဲလိုလူမျိုးမဟုပ်ပါ"
စာဂသည် ပူနေသည့်ရေနွေးကို ခွက်ထဲငဲ့ထညိ့ကာသီဟရှေ့ ကိုချပေးလိုက်သည်
စာဂက "သီဟ ဒီရေနွေးခုသောက်လိုက်လေ"
"ဟာ ဒီလောက်ပူနေတာ ဘယ်လိုသောက်မလဲဟ"
"အဲဒီ ရေနွေက အမြဲတမ်းပူမနေဘူး အတိုင်းတာ တခုထိသာပူနေမှာ ပြီးရင်အေးသွားရော အရာရာမှာ
အတိုင်းတာဆိုတာရှိစမြဲပဲ အဲလိုပဲပေါ့ကွ ခံစားချက်တွေ၊အသဲကွဲတာတွေက အတိုင်တာတခုထိသာ
ပူလောင်နေမှာ ပြီးရင်အေးသွားရော လောင်ကျွမ်းခဲ့တဲ့ဒဏ်ရာကတော့ရှိနေမှာပေါ့ကွ"
"အေး မင်းပြောတာလည်း မှန်သလိုလိုတော့ရှိသားကွ"
ထိုအခိုက်သီဟသူငယ်ချင်းတယောက်က
"ဟေ့ သီဟ မင်းရန်ကုန်ပြန်ရောက်တာကြာပြီလားကွ"
ဆိုင်အရှေ့ မှလမ်းမေးလိုက်သည်
"ဟေ့ သူရ လာလေကွာ အအေးလာသောက်ပါဦးကွ"
သူရက ၀င်ထိုင်လိုက်သည်
"သူရ သူကငါ့သူငယ်ချင်းစာဂပါ နယ်မှာငါနဲ့ တရွာတည်းသားပေါ့ ငယ်သူငယ်ချင်းတွေပါ
စာဂရေ သူက ပုသိမ်ကပါ "
"အော် တွေ့ ရတာဝမ်းသာပါတယ်အကို ကျတော်တို့ နယ်ကိုလည်းအလည်လာပါဦးနော်"
"အေးပါ လာမှာပါကွ မင်းတို့ လည်းပုသိမ်ကိုအလည်လာပါဦးကွ မပြန်ခင်လေးပေါံ့ လောလောဆယ် အကိုအလုပ်ရှိသေးလို့ နောက်မှထပ်တွေ့ တာပေါ့နော်" ဆိုပြီးသူရက သီဟနင့်စာဂကိုနုပ်ဆက်ကာထွက်သွား
လိုက်သည်။
သီဟက
"ဟေ့ စာဂ သူညီမပုသိမ်သူလေးကချောတယ်ကွ အလည်သွားမလားကွ"