တိုင်းရင်းသားပေါင်းစုံတို့စုဝေးရာမြန်မာပြည်မြေပုံလေးမှာ
ကချင်၊ကယား၊ကရင်၊ချင်း၊ မွန် ၊ဗမာ၊ရခိုင်၊ရှမ်း စသည်တို့ဟာ ကမ္ဘာပေါ်မှာ မြန်မာပြည်မြေပုံလေး
တခြမ်းပဲ့သွားမှာ ပျောက်ကွယ်မသွားဘို့
ထိန်းသိမ်းဘို့တာဝန်ကကျွန်မတို့ မျိုးချစ်စိတ်ဓါတ်ရှိသူတိုင်းရဲ့တာဝန်ပါ ။
အာဇာနည်ကျေးဇူးရှင်တွေရဲ့ သတ္တိ၊ဇွဲ၊လုံ့လကြောင့်သာ ယနေ့တိုင်အောင် ရပ်တည်နေနိုင်ခဲ့တာပါ
ကမ္ဘာအလယ်မှာလည်းမြန်မာဟေ့လို့မားမားဝံ့ဝံ့ရပ်တည်နိုင်ပြီး “ ကမ္ဘာမှာ မြန်မာဟေ့“ လို့ခေါ်ဆိုနိုင်ခဲ့ကြတယ် ။
မြန်မာ့အာဇာနည် ပုဂ္ဂိုလ်ကြီတွေကသာ ထိန်းသိမ်းစောင့်ရှောက်မှုမပြုခဲ့ဘူးဆိုလျှင် ယနေ့ကျွန်မတို့
မြန်မာနိုင်ငံဆိုတာရှိမှာတောင်မဟုတ်ပါဘူး။
ကိုယ်ရေကိုယ်မြေကခွဲခွာနေပေမယ့်လည်းနေရာသစ်၊ ပတ်ဝန်းကျင်သစ်၊ ယဉ်ကျေးမှုသစ်မှာ မြန်မာတန်ဖိုးတွေ
မပြောင်းလဲဘဲ ရှိနေတာဝမ်းသာစရာကောင်းပါတယ်။
ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုတဲ့ မြန်မာ့စိတ်ဓါတ်၊ အားနည်းသူကို အားကြီးသူက
ညှာရမယ်ဆိုတဲ့ အသိ၊ ၀ါရင့်က ၀ါနုကို သင်ကြားမျှဝေ ပေးရမယ်ဆိုတဲ့
အလေ့အကျင့်တွေက မြန်မာတွေရဲ့ ကောင်းမြတ်တဲ့ စိတ်ဓါတ်နဲ့ အစဉ်အလာတွေပါပဲ။
ဘယ်နေရာမှာနေနေဘယ်ဆန်ကိုပဲစားနေစားနေကိုယ်သွေးသားတဲ့စီးဆင်းနေတဲ့မြန်မာသွေး၊
မြန်မာ့မျိုးချစ်စိတ်ဓါတ်ဆိုတာတွေးလိုက်ရင်ကြက်သီးတောင်ထမိပါတယ်။
တိုင်းရင်းသားပေါင်းစုံတည်ရှိတဲ့မြန်မာ့ရေမြေမှာ
အသီးတစ်ရာရှိနေပေမယ့်အညှာကတခုတည်းရယ်ပါ။
ကိုယ့်ဘာသာကို စော်ကားလျှင် စောင့်ရှောက်မယ်။ ကိုယ့်ရေမြေကို ကာကွယ်မယ်။
ကိုယ့်ဘာသာကို ကာကွယ်မယ်။
မျိုးချစ်စိတ်ဓါတ်ရှိသူတိုင်းဟာ မိမိရဲ့နိုင်ငံ့ အတွက် မိမိတို့လက်လှမ်းမိသမျှ ကာကွယ်စောင့်ရှောက်ကြသင့်ပါတယ် ။
မြန်မာမျိုးချစ်စိတ်အပြည့်ဖြင့် ကာကွယ်ကြမှသာ ကမ္ဘာမြေပေါ်မှာ မြန်မာ့မြေပုံလေး တခြမ်း
မပဲ့သွားအောင်တိုင်းရင်းသားများအားလံုးကစည်းလုံးညီညာစွာကာကွယ်သွားကြရန်တိုက်တွန်းရင်း
မြန်မာ့မြေပုံတခြမ်းမပဲ့အောင် ..၀ိုင်းဝန်ထိန်းသိမ်းပါစို့
မေ၀တီ