☺☺☺ မမခရေ ကိုမေးပါ.. ဖြေပေးမှာ ☺☺☺
ခရေ ကို မေးလာတဲ့ မေးခွန်းလေးတွေ ဖြေပေးဖို့  ဒီတပတ်တော့ အလှည့်ကျတာက
ရွှေမြို့ တော်မှာ အချစ် ၊ အလွမ်း ရသ စုံလင်စွာရေးသားလျှက်ရှိသော စာဂဘဝင် ရဲ့ မေးခွန်းလေးပါ။
စာဂ ကမေးထားတာကတော့ …….
သံယောဇဉ်ဆို တာ ဘယ်ကစတာလဲ တဲ့လေ..
ခရေသိသလောက်ပြောရရင်တော့ သံယောဇဉ်ရဲ့  အစက ခင်မင်မှုကလို့ ထင်ပါတယ် . တဦးနဲ့  တဦး စတင် ခင်မင်မယ်။ ခင်မင်မှု မပါပဲ သံယောဇဉ်ဆို တာ ဖြစ်တည်လာမှာ မဟုတ်ပါဘူး။
ပြီးတော့ မှ အဆင့်တွေတက်ပြီး ခင်မင်မှုကနေ ကြာလာတော့ သံယောဇဉ်တွေ တိုးလာမယ်။
သီချင်းလေးတောင် ရှိပါသေးတယ်။
ခင်မင်မှုနဲ့ … အစပြုခဲ့တဲ့ … ဖြူစင်ရှင်သန် …. သံယောဇဉ် …. သူငယ်ချင်းရေ…
ဆိုပြီးတော့လေ။
သံယောဇဉ်မှာကလဲ အဖြူရောင် သက်သက် သူငယ်ချင်းသံယောဇဉ် ရှိသလို. တဆင့်တိုး လို့ ချစ်မိုးရွာ ချစ်ချင်းသံယောဇဉ်တွေလဲ ရှိကြပါတယ်။ တကယ် သံယောဇဉ် ရှိကြတဲ့  သူတွေဆို တဦးကို တဦး ဘာပဲလုပ်ပေးရ လုပ်ပေးရ အဆင့်သင့်ပါ။
သံယောဇဉ်ကြိုးချည်နှောင်ပြီး ချစ်ခင်လာခဲ့တဲ့ သူငယ်ချင်းချစ် နဲ့  ခုပဲသိ ခုပဲချစ် ဖြစ်တည်လာတဲ့  ချစ်ချင်းမျိုးမှာ သံယောဇဉ်ကြိုးနဲ့ ချည်ထားတဲ့  ချစ်ချင်းက ပိုမို ခိုင်မြဲတယ်လို့  ခရေတော့ ထင်မိပါတယ်.။
စကားပုံတွေလဲရှိကြပါတယ်။ ဘယ်သူဖျက်ဖျက် မပြတ်တာ သံယောဇဉ်ကြိုးပါတဲ့ ...
အိမ်ထောင်သည်တွေထဲမှာလဲ လေ့လာကြည့်ပါ ။ သူငယ်ချင်း သံယောဇဉ်ကစပြီး ချစ်ခင်လက်ထပ်ထားတဲ့ အိမ်ထောင်ရေးဟာ ပိုမို ပျော်ရွှင်ရပါတယ်။ နားလည်မှုတွေ ပိုရှိကြပါတယ်။
ခိုင်မြဲတဲ့ သံယောဇဉ်ရှိကြတဲ့ သူတွေဆို ဘယ်လို အရွယ်တွေပဲရောက် ဘာတွေပဲလုပ်နေနေ အနဲဆုံးတော့ ဆုံအောင်ကြိုးစားကြပါတယ်။ သံယောဇဉ် ကြီးတဲ့တချို့ များဆို အလုပ်လဲ တူတူလုပ်ရမှ .။ အပြင်လဲတူတူသွားရမှ အိမ်က မိဘ မောင်နှမ တွေထက်တောင် ပို ချစ်နေကြတတ်ပါတယ်။
တချို့ ဆို ချစ်သူထက် ပိုသံယောဇဉ်ရှိတဲ့ သူငယ်ချင်းတွေကို ဦးစားပေးတတ်ကြပါတယ်။ နားလည်တတ်ကြပါတယ်။ ကောင်မလေးတွေတောင် ဝင်မပြောနဲ့  သူငယ်ချင်းက မှ အမှန် သူငယ်ချင်းကအရေးကြီး တယ်။ အလိုစိတ်နဲ့  သံယောဇဉ်ကြီးတဲ့ သူတွေလဲရှိကြပါတယ်။
အဒိတော့ ခရေ ကနေ ပြီး.. စာဂဘဝင်လေးရဲ့  မေးခွန်း ဖြစ်တဲ့
သံယောဇဉ် ဘယ်ကစ ..
ဆိုတဲ့ အဖြေကိုဖြေပေးရရင်တော့
သံယောဇဉ်က ခင်မင်မှုက စတယ်လို့ ထင်ပါတယ်။
ခရေ အဖြေမှားခဲ့ရင်လဲ ပြောဆို ဝေဖန်နိုင်ပါတယ်။ ခရေ လေ့လာမိသလောက်တော့ ဖြေပေးလိုက်ပါတယ်။
စာဂဘဝင် ရင်တခွင် ကျေနပ်မည်ထင်……
ခရေ
(ကြိုးစားပါအုံးမည်)