(၁)ဖြစ်ရမယ်....
မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။
ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ
ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ
ဦးလေး ။ ဘာဖြစ်လို့လဲကွ
ချူချာ ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ
ဦးလေး ။ ဟေ…သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ
ချူချာ ။ အဟီး……ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ...
(၂)မှတ်ပြီလား...
တစ်နေ့လူတစ်ယောက် နေမကောင်းဖြစ်သဖြင့် ဆရာဝန်ထံသွားပြရာ……
ဆရာဝန်- ခင်ဗျားကဘာဖြစ်တာလဲ..
လူနာ – ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ။
ဆရာဝန်- အင်း..ခင်ဗျားအစားကိုမှန်မှန်စားဗျာ၊ အဆီအဆိမ့်ကိုလျှော့စား
အသီးအနှံ တွေများများစားပေးဗျ။ အသီးအနှံစားရင်လဲ အခွံတွေကို ချန်မထားနဲ့ဗျ၊
အခွံတွေကလည်း အားရှိတယ် ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗျ။
ထိုအခါ လူနာဖြေလိုက်သော အဖြေကြောင့် ဆရာဝန်ဘာပြန်ပြောရမှန်းမသိဖြစ်သွားလေသည်။
လူနာပြောလိုက်သည်မှာကား….
လူနာ – အုန်းသီး။