********************************************************
" ဂျိမ့်း့"
ဝေါ့ ဝေါ့
သည်းထန်သောမိုးကအငြိုးတကြီးလေနဲ့အတူရွာလာပြီ့
လေပြင်းကြောင့်ယိမ်းထိုးနေသောငါးဖမ်းလှေကလေး မာယာများတဲ့ပင်လယ်ရဲ့ကျီစားမှု့ကို
ခံနေရသည့့် တစ်ချက်တစ်ချက်လှိုင်းလုံးကြီးတွေရိုက်ခတ်မှု့ကြောင့်လှေကမှောက်တော့မယ့်
အသွင့့် လှေပေါ်ရှိ ရေလုပ်သားတို့လည်း လှိုင်းဒဏ်ကြောင့်ဇကောထဲက
ဇီးဖြူသီးပမာလူးလိမ့်နေကြသည့့်
ဘုရာ့း့ ဘုရား
ရေလုပ်သားတစ်ချို့ ရဲ့ ကြောက်ရွံ့ ပြီး ဘုရားတသံကလေသံမိုးသံတွေကြားမှာတီးတိုးပျေက်ကွယ်ရပြီ့
ငွေမရှိလို့အသက်ကိုစွန့်ပြီးပင်လယ်ပြင်ထဲကသူတို့ဘဝတွေက ကံကိုသာပုံပြီးပိုက်စံရှာနေကြရသည့့်
သူတစ်ပါးအခကြေးငွေယူပြီးတာဝန်ကျေရတော့မှပေါ့ ဒါဟာ လောကဓံရဲ့ ဆုလဘ်မို့
ဒုက္ခတွေကြားအသက်နဲ့ရင်းပြီးမိသားစုအတွက်အလုပ်လုပ်ရမှာပဲ့
ဟေ့ကောင့့် ဘဉီး ဘာငိုင်နေတာလဲ့
လှေရဲ့ခေါင်းဆောင်အလုပ်တာဝန်ခံအသံကြောင့် ဘဉီးတွေးနေတာပျက်သွားသည့့်
ကဲ့ လာလာ့ ငါးဖမ်းပိုက်တင်မယ့့် လှေဉီးကိုသွားပြီး
ကိုယ့်နေရာကိုယ်ယူ့ကြောက်မနေနဲ့ ဒါပါးပါးလေးပဲရှိသေးတာ့ မင်းကအသစ်
ဆိုတော့အခုလိုကြုံတာအဆန်းဖြစ်နေမှာပေါ့ ငါတို့ကရိုးနေပြီ့
တာဝန်ခံစကားကြောင့် ဘဉီး ကျောတွန့်သွားသည့့်
ိ
ဘဉီးကအခုမှ့အသက် ၁၄ နှစ်ပဲရှိသေးတာ့ ရွာမှာမိဘတွေအဆင်မပြေလို့ရှမ်းကန်းတက်
လာပြီးငွေလာရှာတာ့ ရွာကသူငယ်ချင်းတွေကရှမ်းကန်းကပြန်လာရင်ရွှေတွေငွေတွေသီးပြီး
ပြန်လာတာမို့ဘဉီးလည်းရွာကတက်လာတာ့ ဖြစ်ချင်တော့ အလုပ်စပ်ပေးတဲ့ပွဲစားကငွေလည်း
အများကြီးရမယ်ဟုပြောပြီးသူ့ကိုရောင်းစားခဲ့ခြင်းဖြစ်သည့့် ဘဉီးပထမတော့မသိ့
နောက်မှ့ ပွဲစားလူလိမ်က သူ့ကိုဒီလှေမှာ ဘတ် ၆၀၀၀ နှင့်ရောင်းစားခဲ့တယ်ဆိုတာ
ဘဝတူအလုပ်သမားတွေပြောမှသိရသည့့်
ဘဉီးကြောက်လည်းကြောက်ပွဲစားကိုလည်းဒေါသထွက်သည့့် စိတ်ထဲကလည်းကိုယ့်မြန်မာလူမျိုး
အချင်းချင်းလုပ်ရက်သည်ဟုတွေးပြီးဝမ်းနည်းမိသည့့် ဒင်းကတော့အခုလောက်ဆိုငါ့ကိုရောင်းရတဲ့ငွေနဲ့
အမိုးလုံအောက်ထဲဇိမ်ခံအိပ်စက်နေလောက်ပြီ့ ငါမှတော့ ငွေမရပဲမိုးလေတွေကြားကျွန်ခံရဉီးမယ်ဟုတွေးပြီး
နာကျင်စွာပြုံးလိုက်မိသည့့်ဒီလှေပေါ်မှာသူ့လိုဘဝတူအရောင်းစားခံတော်တော်များများပါသည်ဟုသိရသည့့်
ကဲ ကဲ ပိုက်တက်လာပြီ ကိုယ့်နေရာကိုယ်ယူထားကြ့
တာဝန်ခံစကားကြောင့် ရေလုပ်သားတွေ တာဝန်ကျတဲ့နေရာမှာအလုပ်လုပ်ကြရသည့် 
ပိုက်အိတ်ထဲက ရေသတ္တဝါပါလာသမျှ သူ့အုပ်စုတူရာခွဲကြရွေးကြလုပ်ရသည့့်
မိုးသည်းသည်းကြား အလုပ်လုပ်နေရတာမို့ ချမ်းလိုက်တာ့
သူတစ်ပါးအလုပ်မို့ ပူပူ ချမ်းချမ်း လုပ်ရမှာပဲ့
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ပင်လယ်ထဲပိုက်ပြန်ချထားတာမို့ အနားရသည့် အချိန်ထမင်းစားသောက်ပြီး
အိပ်တဲ့သူကအိပ်နေကြသည့့် ဘဉီးမအိပ်နိုင်သေးပါ့ လူးလွန့်နေတဲ့လှေပေါ်အတွေးနဲ့
မျောနေသည့့် နူရာကိုဝဲကစွဲ ၊ လဲရာသူခိုးထောင်းသူ့ဘဝကမထူးတော့ပြီ့
ဘာပဲဖြစ်ဖြစ်ပွဲစားလိမ်ယူသွားတဲ့ငွေကျေအောင်လုပ်ပေးပြီး ၊ နောက်ထပ်အလုပ်မလုပ်
တော့ဘူ့း့ ရွာပြန်ပြီး မိဘတွေနဲ့ လယ်အလုပ်ဒိုးတူဘောင်ဘတ်ပြန်လုပ်စားတော့မယ့့်
ဝမ်တစ်ထွာအတွက် ကိုယ့်မြေပြန်ပြီးမိသားစုနဲ့အတူအိုးမကွာအိမ်မကွာလုပ်စားလည်းခါးမလှပေမယ့်
ဝမ်းတော့ဝမှာပဲ့ဒီမှာကဘာမှ့အထင်ကြီးစရာမရှိ့ သင်ခန်းစာယူပြီးငါ့လိုနောက်ထပ်မဖြစ်အောင်နောက်
ဒီကိုလာမယ့်သူတွေငါလိုလူလိမ်မခံရအောင်၊ဒုက္ခမရောက်အောင်ပြောရမယ့့် 
ဘဉီးတွေးရင်အိပ်ပျော်သွားသည့့်
လေးလခန့်အကြာ
းးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဘဉီးစာရင်းရှင်းလို့ရတဲ့ငွေပိုလေးကိုင်ပြီး မိမိနေတဲ့နေရပ်ကို
ပျော်ရွှင်စွာပြန်လာခဲ့သည့့် အဝေးကလှမ်းမြင်ရသော့ မိမိတိုင်းပြည်နယ်စပ်ကိုကြည့်ပြီး
ဝမ်းသာမိသည့့် သာယာလှတဲ့ရေမြေတောတောင်သဘာဝအလှနဲ့ဘယ်လောက်အေးချမ်းလဲ့
သဘာဝအမွေမြေပေါ်မှာ ဝမ်းတစ်ထွာကိုဘယ်လိုရှာစားစားရပါတယ့့်
ကိုယ့်မွေးမြေအရပ်မှာအေးချမ်းစွာနေပြီးဘဝကိုရိုးသားစွာဖြတ်သန်းလည်း
ရနိုင်သည်မို့ ကျန်ခဲ့တဲ့နိုင်ငံခြားတိုင်းပြည်လေးဟာတဖြည်းဖြည်းဝေ့း့ ဝေးလို့
ကျန်ခဲ့တော့သည့့်။ ။ ။ ။။။
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဝန်ခံချက့့်အရွယ်မရောက်သေးပဲ အရောင်းစားခံလိုက်ရတဲ့ ညီလေးတစ်ယောက်ရဲ့ အဖြစ်ကို
ရေးသားမိပါသည့့်လိုအပ်ချက်တွေသည်းခံပြီးဖတ်ပေးကြပါလို့မေတ္တာရပ်ခံပါသည့့်
စာဖတ်သူတို့အနေနဲ့လည်းမိမိတို့လက်လှမ်းမှီရာမှာအရွယ်မရောက်သေးတဲ့ကလေးတွေ
ဒီလိုအဖြစ်မျိုးမကြုံရအောင်တားဆီးပေးကြပါလို့မေတ္တာရပ်ခံအပ်ပါသည့့်
လေးစားစွာဖြင့့်ဂိုရှ်