(၁) ။သတင်းသုံးခု...
> ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
> "ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊
> နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့ 
> အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက စပြောမယ်၊
> မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊
> ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်….
> အဲ …..အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့  ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "
(၂)။စိတ်ညစ်တယ်...
ဦးနေနေ။ ။ " ဦးရဲလွင်ဖြိုးတို့များ သားသမီးကံ သိပ်ကောင်းတာပဲနော်၊သမီး က အထူးကုဆရာဝန်ကြီး၊
သားဖြစ်တဲ့သူက ဗဟိုတရားရုံးရှေ့နေကြီ။ဟန်ကိလိုက်လေဗျာ...
ဦးရဲလွင်ဖြိုး။ ။" မင်းထင်သလောက်လည်း မဟန်ပါဘူးကွာ.....
ဦးနေနေ။ ။" ဘာကြောင့်မဟန်ရတာတုန်းကွ။
ဦးရဲလွင်ဖြိုး။ ။ " ဟိုတစ်လောက သူတို့ အမေ ဈေးဝယ်ထွက်ရာကအပြန် ကားအက်ဆီးဒင့် ဖြစ်တယ်လေ။
အဲသည်တော့ သမီးဖြစ်တဲ့ ဆရာဝန်က ဒဏ်ရာတွေ ပျောက်ကင်းဖို့ ကြိုးစားတယ်။
အဲ.....သားရှေ့နေ က ဒဏ် ရာတွေကို ကြီးကျယ်အောင်လုပ်ပြီး လျော်ကြေးရဖို့ ကြိုးစားနေတယ်။
၊ကြားက စိတ်ညစ်ရတာ သူတို့ အမေ နဲ့ ကျုပ်ပေါ့ဗျာ"