လက်ပန်းတောင်းတောင် ပြည်သူ့ညီလာခံ
ဖိတ်ကြားလွှာ
ပြည်သူ့ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်
(၁)ပြည်သူလူကြီး၏ ဆန္ဒသဘောထားများကို စုံလင်စွာဖော်ထုတ်နှိုင်ရန်၊
(၂)ပြည်သူသာအမိ ပြည်သူသာအဖ ဆိုသည့်ခံယူချက်များဖြစ်ပေါ်လာစေရန်၊
ဆွေးနွေးမည့်အကြောင်းအရာ
ပြည်သူလူထုကြီးတစ်ရပ်လုံးနှင့်ဆိုင်သော ငြိမ်းချမ်းရေး၊တရားမျှတရေး၊လူ့အခွင့်ရေး။သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဆိုင်ရာများဖြစ်သည်။
ငြိမ်းချမ်းမှုကို ချစ်မြတ်နိုးသော ရဟန်းရှင်၊ပြည်သူလူထုကြီးနှင့်တကွ တိုင်းရင်းသားညီအကိုမောင်နှမများ၊
အသိပညာရှင်၊အတတ်ပညာရှင်၊အနုပညာရှင်များအားလုံးကို ကြွရောက်ပါဝင်ကြပါရန် လေးစားစွာ
ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
ကျင်းပမည့်နေ့ရက်
၁၈.၁၀.၂၀၁၂(ကြာသပတေး)--၁၉.၁၀.၂၀၁၂(သောကြာ)
ကျင်းပမည့်အချိန်
နံနက်(၇း၀၀)နာရီ မှ ည(၇း၀၀)အထိ။
ကျင်းပမည့်နေရာ
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊ဆည်တည်းကျေးရွာ။
ပြည်သူ့ညီလာကြီးကိုနံနက်(၇း၀၀)နာရီ တိတိ အချိန်တွင် စတင်ပါမည်။
ကဲ...သူငယ်ချင်းတို့ရေ
ကျနေတ်ာကတော့ နှိုင်ငံရေးလုပ်ဆောင်နေသူတစ်ဦးမဟုတ်တာကို အရင်ဆုံး ၀န်ခံလိုက်ပါရစေဗျာ။
သိပြီးသူတွေရှိသလိုမသိသေးတဲ့သူတွေလည်းရှိမယ်ထင်ပါတယ်။
လက်ပန်းတောင်းတောင်ကိစ္စနဲ့ပတ်သက်ပြီးနဲနဲတော့ပြောခြင်ပါတယ်။
ဥပမာပေါ့ ၀က်မှေးရွာသူ/သားတွေဟာ လယ်ရာမြေတွေသိမ်းခံပြီးတဲ့နောက်မှာ ဆင်းရဲဒုက္ခတွေများလို့
မခံနှိုင်တဲ့အဆုံး ငြိမ်းချမ်းစွာဆန္ဒပြကြပါတယ်။ သူတို့ဟာ ဒီလက်ပန်းတောင်းတောင်စီမံကိန်းကိုရပ်စဲဖို့
အဓိကတောင်းဆိုနေကြပါတယ်။အဒီလိုတောင်းဆိုမှုတွေလုပ်နေတဲ့နေရာမှာသူတို့ရဲ့ရွာသူ/သားလေးလောက်နဲ့
တော့ဘယ်လိုမှပြီးမြောက်နှိုင်မှာမဟုတ်ပါဘူး။ဒါ့ကြောင့်အခု ပြည်သူ့ညီလာခံဆိုတာဖြစ်လာရပါပြီ။
ဒီရွာသူ/သားတွေရဲ့နေရာမှာ သူငယ်ချင်းတို့တတွေ မိမိရဲ့မိသားစု မိမိရဲ့ဆွေမျိုး
မိမိရဲ့ကျေးရွာသာဖြစ်နေခဲ့မယ်ဆိုရင် ကိုယ်တိုင်ပါဝင်ကြမယ်မဟုပါလား။ကျနော်ပြောခြင်တာကတော့
ဒီအရေးဟာ ဗမာနှိုင်ငံတစ်နှိုင်လုံးနဲ့ဆိုင်နေတဲ့အရေးမို့ ကိုယ့်မိသားစု ကိုယ့်ဆွေမျိုး ကိုယ့်ကျေးရွာမှာ
ကိုယ့်တိုင်တွေ့ကြုံခံစားနေရသလိုမျိုးကိုယ်ချင်းစားခံစားနားလည်ပြီးတတ်အားသမျှ
ကျနော်တို့နဲ့အတူပါဝင်ကူညီစေခြင်ပါတယ်။
ဒီနှိုင်ငံဟာကျနော်တို့ဗမာလူမျိုးတွေရဲ့ဗမာနှိုင်ငံကြီးသာဖြစ်ပါတယ်။
တရုပ်ပိုင်တဲ့တရုပ်နှိုင်ငံမဟုတ်ပါဘူး။
အားလုံးကိုလေးစားလျှက်
တန့်ဆည်သား