(အဟီးဟီး အဟားဟား အဝါးဝါး အဟီးဟီး အဟားဟား အဝါးဝါး)
ထွက်ပေါ်လာတဲ့ အသံလေးကတော့ လမင်းမောင်ရဲ့ ဖုန်းကထွက်ပေါ်လာတဲ့အသံလေးတစ်ခုပါပဲ ရုတ်တရက်လို ထွက်ပေါ်လာသောကြောင့် လမင်းမောင် တစ်ယောက် အိပ်ချင်မူးတူး ဇဝေဇဝါဖြင့်ဖုန်းအားကိုင်ဆောင်လိုက်လေသည်
'' ဟယ်လို ''
'' ဟဲ့ရောင် လမင်း မင်းမလာသေးဘူးလားကွ ဘာတွေလုပ်နေတာလဲ '' ရုတ်တရက်လိုမေးလာသောမေးခွန်းကြောင့် လမင်းမောင်တစ်ယောက် အိပ်ချင်မူးတူးနဲ့ ဇဝေဇဝါဖြစ်နေသော အမူအကျင့်များ လျှင်မြန်စွာပင် ကွယ်ပျောက်သွားလေတော့သည်
'' အော်အေး သူငယ်ချင်းငါအခုမှ မင်းဖုန်းခေါ်လို့နှိုးတာကွ ဆော်ရီးကွာ ''
'' မင်းက ဒီအတိုင်းပဲ ခရီးတစ်ခုသွားမယ် ဆိုရင် ဒီလိုပဲ မင်းကအမြဲတမ်းနောက်ကျနေကျ မြန်မြန်ထွက်လာတော့ ဒီမှာလူစုံနေပြီ ''
'' အေးအေး အေးပါကွာ '' ပြောဆိုပြီး လမင်းမောင်တစ်ယောက် ခေါ်ဆိုထားသောဖုန်းအား စကားဆက်မပြောရန်အတွက် ပိတ်လိုက်လေသည်
ရုတ်တရက်လို နာရီအားကြည့်မိလိုက်တဲ့အချိန်မှာတော့
'' ဟာ ၉ နာရီတောင် ထိုးနေပြီပဲ '' ပါးစပ်မှပြောဆိုပြီ လျှင်မြန်စွာပြင် အိပ်ရာအတွင်းမှ နိုးထ၍အပြင်သွားဖို့ရန်အတွက် ပြင်ဆင်လိုက်လေတော့သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ဟဲ့ ဘာတဲ့လဲ ''
'' ထုံးစံအတိုင်းပဲပေါ့ ''
'' သူကလဲလေ သေချာမှာထားရက်နဲ့ လွဲဖြစ်အောင် လွဲလိုက်သေးတယ် ''
'' အဲ့တာက ငါတို့ရဲ့သူငယ်ချင်း လမင်းမောင် ရဲ့အမူအကျင့်ပဲလေဟာ ပြောနေလဲအလည်ကားပဲ ငါလူစုံနေပြီလို့တော့ပြောထားတယ် မကြာခင် သူရောက်လာမှာပါ ''
'' ပြီးတာပါပဲ ဟဲ့ နင်တို့ကဘာထိုင်လုပ်နေကျတာလဲ တစ်ခုခုစားကျလေဟာ ခရီးဝေးသွားရမှာ ပြီးမှ ဗိုက်ဆာတယ် ဘာညာလာမလုပ်နဲ့နော် အဲ့ခါကျ ရေပဲ သောက်ရမယ် '' သရဖီပြောလိုက်သော စကားအဆုံးတွင်တော့
'' အေးပါ ငါတို့က နင်လို ငတ်ကြီးမှမကျတာ နင်ပဲဝအောင်စားထား ''
'' ????တွေ ငါကိုများငတ်ကြီးကျတယ်တဲ့ ငါကအကောင်းပြောပြတာကို တော်ပြီဟာ နင်တို့နဲ့ စကားမပြောတော့ဘူး '' ပြောဆိုပြီး ထိုင်နေသော စားပွဲခုန်လေးမှ ထွက်ခွာဟန်ပြုလိုက်လေသည်
'' ဒါကဘယ်ကို သွားအုံးမလို့လဲဟ နင်ကလဲငါတို့က ကိုယ့်သူငယ်ချင်း အချင်းချင်းမလို့ စလိုက်တာပါ နင်ကလဲစိတ်ဆိုးမယ် ဆိုတာကြီးပဲ ''
'' စိတ်မဆိုးပါဘူးဟယ် ငါ့ကားထဲမှာ မှန်နဲ့ခေါင်းဘီးကျန်ခဲ့လို့ အဲ့တာသွားယူမလို့ တကယ်ပဲ '' ပြောဆိုပြီး ရပ်နားထားသော ကားရှိရာသို့ သရဖီတစ်ယောက် ထွက်ခွာသွားလေတော့သည်
'' ရုပ်ဆိုးသလောက် အလှကြိုက် ဆိုတာ သူ့ကိုပြောတာနေမှာ ခိခိ '' သရဖီ မကြားသော လေသံဖြင့်ပြောလိုက်သောသူကတော့ သူရပင်ဖြစ်သည်
'' သူရ နင်နော် ငါ့ကို '' စိတ်ဆိုးသောဟန်ပန်ဖြင့် နှုတ်ခမ်းကို ဆူပြီးပြောလိုက်သော သရဖီအား ဘေးနားတွင် ထိုင်နေသော သူငယ်ချင်းများက
ဟားးးးးးးးးးးးးးးးးးးးးးဟားးးးးးးးးးးးးးးးးးးးးးးးး
'' နင်ကကော သူရပြောသလို မဟုတ်လို့လား ''
'' အေးပါ ထားလိုက်ပါတော့ နင်တို့က အလှအပ အလှတရားကိုမှ မခံစားတက်ကျတာ ငါကိုအခုကတည်းကပြောနေကျတာ မသေခင်ကတည်းက ပုတ်မဲ့ဟာတွေ ဒါပဲ သွားမယ် '' သူငယ်ချင်းများနဲ့စကားနိုင်လုပြီး ထွက်ခွာသွားလေတော့သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' မာမီရေ သားသွားတော့မယ် ''
'' ဟဲ့ ဟဲ့ ကော်ဖီလေးဘာလေး သောက်သွားအုံးလေ သားရယ် '' လမင်းအမေဖြစ်သူက လမင်းအားပြောဆိုလိုက်လေသည်
'' တော်ပြီ မသောက်တော့ဘူး မာမီ ဟိုမှာသူငယ်ချင်းတွေ ဆုံနေပြီ သားနောက်ကျနေရင် ပွမ်နေအုံးမယ် အဲ့တာကြောင့်ပါ ''
'' အမလေးနော် ကောဖီလေးသောက်တာ ဘယ်လောက်မှ မကြာပါဘူး ငါ့သားရယ် ဒါဆို ဒီနေ့ငါ့သား ကပြင်ဆင်ထားတာကလဲ ရှိုး မပြည့်ပဲ လက်ထဲမှာလဲ အဝတ်အစားအိတ်နဲ့ ဘယ်သွားမလို့လဲ သားရဲ့ '' အမေဖြစ်သူမေးလိုက်သော မေးခွန်းကြောင့်
'' ကျောင်းကသူငယ်ချင်းတွေနဲ့ လေ့လာရေးခရီးလေ ဟဲဟဲ အဲ့တာ ၂ရက်လောက် ကြာမယ် ဆိုတော့ အဝတ်အစားလေးနည်းနည်း ထုတ်သွားတာ မာမီနဲ့ပြောနေတာနဲ့တင် တော်တော်ကြာနေပြီ သွားတော့မယ် မာမီရာ '' ပြောဆိုပြီး ကားထား ထားရာ နေရာဖြစ်တဲ့ အိမ်ရှေ့ဘက်ကိုသာ ခြေဦးတည်၍ထွက်ခွာသွားလေတော့သည်
'' ဟဲ့ဟဲ့ ပိုက်ဆံကော လုံလုံလောက်လောက် ပါသွားရဲ့လား သားရဲ့ ''
'' ပါတယ် မာမီရေ ပါတယ် သွားပြီဗျို့ '' ပြောဆိုပြီး လမင်းမောင် တစ်ယောက် ကားလေးအား မောင်းထွက်သွားလေတော့သည်
သားထွက်သွားတာလေးအား ကြည့်ပြီးကျန်နေခဲ့တဲ့သူကတော့ လမင်းမောင်ရဲကအမေပင်ဖြစ်သည်
'' အော် ဒီကလေးကတော့လေ ခတ်ပါတယ် ''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အချိန် အနည်းငယ် အတွင်းမှာတော့ လမင်းမောင်ရဲ့ ကားလေးကတော့ ဦးတည်ရာနေရာလေးသို့ ရောက်ရှိခဲ့လေတော့သည်
'' ငါတောင်းပန်ပါတယ်ကွာ ငါညက အိပ်ရာဝင်တာ နည်းနည်းနောက်ကျသွားလို့ ''
'' တော်ပါပြီ မင်းက အမြဲတမ်းနောက်ကျနေကျလေ ကဲကဲကဲ သွားမဲ့အချိန်ထက် တော်တော်လေး နောက်ကျနေပြီဆိုတော့ ငါတို့ သွားကျအောင်ကွာ ''
'' နေပါအုံးကွ မင်းကလဲ ငါအိမ်ကနေ ဘာမှမစားလာရသေးဘူးကွ ''
'' မင်းကတော့ လုပ်ပြီ ကဲကဲကဲ အဲ့တာဆိုလဲ မြန်မြန်စားကွာ ပြီးတာနဲ့ငါတို့ သွားကျမယ် ''
'' အေးပါကွာ '' ပြောဆိုပြီး လမင်းမောင်တစ်ယောက်
'' ညီရေ အကိုကို့ ထုံးစံအတိုင်းပဲ တစ်ပွဲ ပေးပါကွာ ''
'' ဟုတ်ကဲ့ ရမယ် အကိုရေ '' စားပွဲထိုးကောင်လေးက ပြန်၍ပြောဆိုလိုက်လေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လမင်းမောင်ကတော့ တစ်ဦးတည်းသော သားတစ်ယောက်ဖြစ်ပြီး ချမ်းသာတဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ လူတစ်ဦးပါ သူကတော့ သူငယ်ချင်းတွေနဲ့ပဲ ပျော်ပျော် နေတက်ပြီး အချစ်ကိုရှာမဖွေတက်တဲ့ လူတစ်ယောက်ပါ အချစ်ဆိုတာကို ခံစားနားမလည်တက်သော သူတစ်ယောက်ပါ သူ၏ အသက်ကတော့ (၂၀) ပါ
လမင်းမောင်တို့သူငယ်ချင်းများ သွားရောက်လေ့လာမည့် နေရာလေးကတော့ ပင်လယ်ကမ်ခြေ ရွာကလေးမှတဆင့်သွား ရေလမ်းခရီးဖြစ် သွားရမည့် ကျွန်လေးတစ်ကျွန်းပဲဖြစ်ပါသည် ထိုကျွန်းတွင်တော့ လမင်းမောင်တို့ သူငယ်ချင်းများ ဘာတွေ လေ့လာကျမယ် ဆိုတာကိုတော့........
'' ဟာ မင်းတို့ကလဲ ငါ ရေကြောက်တယ်ကွ လှေမစီးရဲဘူးကွ '' လမင်းပြောလိုက်သော စကားကြောင့်
'' မင်းကလဲ ဘာကြောက်စရာလိုလို့လဲကွ ငါတို့လဲပါတယ်ပဲ သူငယ်ချင်းတွေပျော်ပျော်ပါးပါးပေါ့ကွ ''
'' အေးလေ နင်ကလဲ ငါတို့မိန်းကလေးကြောက်ဖို့လဲချန်ထားပါအုံးဟယ် ဖြစ်နေလိုက်တာ တကယ်ပဲ '' သရဖီ ပြောလိုက်သော စကားကြောင့်
'' အေးပါ အဲ့တာဆိုလဲ သွားကျမယ်လေ '' လမင်းမောင် တစ်ယောက် ပြန်၍ပြောဆိုလိုက်လေသည်
'' ဒီလိုမှပေါ့ကွ မင်းကလဲ ကဲကဲ ကျွန်းကိုသွားဖို့ ငါတို့ လှေခေါ်ရအောင်ဟိုမှာ ဦးလေးကြီးတစ်ယောက် တွေ့တယ် သူ့ကိုသွားမေးရအောင် '' ပြောဆိုပြီး လမင်းမောင်တို့ သူငယ်ချင်းတစ်စု လှေ ပိုင်ရှင်ဟုထင်ရသော ဦးလေးကြီးတစ်ယောက်အနားသို့ ခြေဦးတည်လိုက်လေသည်
'' ဦးလေး ဦးလေး '' အနောက်မှ ခေါ်သံတစ်ခုကြောင့် လှည့်ကြည့်မိလိုက်လေသည်
'' ဟိုလေ ဦးလေးက ဒီလှေပိုင်ရှင်လား ခင်ဗျာ ''
'' အေးကွယ့် ဘာကိစ္စများရှိလို့ကွ ငါ့တူတို့ရ ဦးလေးဘာကူညီပေးရမလဲ ''
'' ဒီလိုပါ ကျွန်တို့တို့က ဟိုးးးးးးးအဝေးက ?????ကျွန်းလေးကို သွားချင်လို့ဗျ အဲ့တာ ဦးလေးကို အကူညီတောင်းချင်လို့ပါ ကူညီပေးမနိုင်မလားဟင် ဦးလေး '' သူရပြောလိုက်သော စကားကြောင့် ပြန်၍ဖြေဆိုလိုက်သောသူကတော့
'' ရပါတယ် ဒါနဲ့ မင်းတို့က ဘာအတွက် သွားချင်ရတာလဲကွ ဦးလေးကိုလဲပြောပြပါအုံး''
'' အော်ဟုတ်ကဲ့ ကျွန်တော်တို့က ရန်ကုန်ကနေ လာကျတဲ့ လူငယ်လေးတွေပါ ကျောင်းပိတ်တုန်း သူငယ်ချင်းတွေနဲ့ အပျော်သဘောမျိုး ခရီးထွက်ရင်း သိမှတ်စရာလေးတွေကို လေ့လာကျတဲ့ လူငယ်လေးတွေပါ အဲ့တာနဲ့ ဦးလေးတို့ နယ်ဘက်ကို ရောက်လာခဲ့တာပါ ''
'' အော် ကောင်းတာပေါ့ကွာ လူငယ်တွေဆိုတော့ သိချင်စူးစမ်းချင်ကျတယ်လေ ဦးလေးတို့ ငယ်ငယ်တုန်းကလဲ မင်းတို့လိုပါပဲ ကဲကဲကဲ ငါ့တူတို့သွားမယ် ဆိုရင် ဦးလေးလိုက်ပို့ပေးမယ်လေ ဟုတ်ပြီလား ''
'' ကျေးဇူးပါ ဦးလေးရာ အော်ဒါနဲ့ '' သူရစကားပင်မဆုံးလိုက်ပေ
'' ရပါတယ် ငါ့တူတို့ရာ ဦးလေးကို ဆီဖိုးပဲပေးပါ ဟုတ်ပြီလား ကဲ တက်တက် သေချာလဲတက်ကျနော် တော်ကြာပြုကျနေအုံးမယ် ''
'' ဟုတ် ဟုတ်ကဲ့ပါ ''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ကျွန်းလေးကတော့အရမ်းသာယာတယ်ကွ ဒါနဲ့ငါ့တူတို့က ဘယ်အချိန်ထိ နေကျမှာလဲ ဦးလေး ဘယ်အချိန်လာပြန်ကြိုပေးရမလဲ ''
'' အော် ဟုတ် ကျွန်တော်တို့ ဒီမှာ တစ်ညအိပ်မှာဗျ ဦးလေးရ မနက်ဖြန် ဒီလို အချိန်ပဲ လာကြို ပေးပါလား ဖြစ်မလား ဦးလေး''
'' ဟေ မင်းတို့က ဒီမှာ ညအိပ်ကျမလို့လားကွ အေးအေးဖြစ်ပါတယ် ငါ့တူတို့ရယ် ဒါဆိုဦးလေး ပြန်မယ် မနက်ဖြန် ဒီအချိန်လောက် လာကြိုပေးမယ်လေ ဟုတ်ပြီလား '' ပြောဆိုပြီး လှေလေးအား ကျွန်းမှ ခွာရန်ပြုလိုက်လေသည်
'' ကျေးဇူးပဲနော် ဦးလေး ''
'' အေးအေး ငါ့တူတို့ သေသေချာချာလဲ နေခဲ့ကျနော် ဟိုဟိုဒီဒီတွေလဲ လိုက်မသွားနေကျနဲ့ ဦးလေးသွားပြီ '' လှေပေါ်မှ အော်၍ပြောဆိုပြီး လှေလေးအား ကျွန်းမှာ ထွက်ခွာသွားလေတော့သည်
'' ဦးလေးပြောခဲ့သလိုပဲနော် ကျွန်းလေးက အရမ်းသာယာတာပဲကွ '' လမင်းမောင် ပြောလိုက်သော စကားကြောင့်
'' အေးကွ ဟုတ်တယ်နော် ကဲကဲ ငါတို့သူငယ်ချင်းတွေ သွားချင်တဲ့နေရာသွားလို့ရပြီ ပြီးရင်ပြန်ဆုံမယ် ဒီနေရာမှာပဲ ဟုတ်ပြီလား ကဲအခု နေ့လည် ၁နာရီဆိုတော့ ညနေ ၄နာရီဒီမှာ ပြန်ဆုံကျမယ်ကွာ ဟုတ်ပြီလား ''
'' ကောင်းတယ် အဲ့လို အစီစဉ်က ကဲ ငါကတော့ တစ်ယောက်ထဲ လေ့လာချင်တဲ့ဟာ လေ့လာမယ် မင်းတို့တွေလဲ လေ့လာချင်တာ လေ့လာကျ ငါတော့ သွားပြီ '' ပြောဆိုပြီး လမင်းမောင် တစ်ယောက် နေရာလေးမှ ထွက်ခွာသွားလေတော့သည်
လမင်းမောင်ကဲ့သို့ပင် တခြားသော သူများကလဲ မိမိသွားချင်ရာနေရာသို့ သွားခဲ့ကျလေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပန်းပေါင်းစုံဖူးပွင့်နေပြီး ပန်းရနံ့လေးတွေကတော့ လေးထုနဲ့အတူ လမင်းမောင်အား မြူဆွယ်နေသလိုပင် ရုတ်တရက်မြင်တွေ့လိုက်ရသော အရာကတော့ စေတီ တစ်ဆူပင်ဖြစ်သည်
ထိုစေတီနားသို့ သွားရောက်ရန်အတွက် လမင်းမောင် တစ်ယောက် ခြေဦးတည်လိုက်လေသည် မကြာမှီအချိန်လေးမှာပဲ လမင်းမောင် စေတီးအနားသို့ ရောက်ရှိသွားခဲ့လေသည် စေတီအားဦးခိုက်ရန်အတွက် စေတွရင်ပြင်ပေါ်သို့ လျှောက်လှမ်းလာခဲ့သည်
ထက်မံမြင်တွေလိုက်ရတာကတော့ မိန်းမပျိုလေးတစ်ဦး စေတီအားဦးခိုက်နေသော မြင်ကွင်းလေးတစ်ခုပါပဲ
အလွန်ပင်ကျက်သရေရှိလာသည် မြန်မာဆန်ဆန် မြန်မာအဝတ်အစားကိုဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦး
'' ဟိုဟို ဟိုလေ ဒီကအမက ဒီကျွန်းကို ကျွန်တော်တို့လို ပဲ လေ့လာရေးခရီးထွက်ခဲ့တာလားခင်ဗျ '' လမင်းမောင် ရဲ့မေးလာသောမေးခွန်းအား မိန်းမပျိုလေး ဦးညိမ့်၍ဖြေဆိုလိုက်လေသည်
'' အော် ဟုတ် စိတ်တော့မရှိနဲ့ဗျ ကျွန်တော်စောနက အမဘုရားရှစ်ခိုးနေတဲ့ပုံလေးကို ကျွန်တော် မှတ်တမ်းတင်ချင်တာနဲ့ ဓာတ်ပုံလေး တစ်ပုံ ရိုက်လိုက်မိတယ် ခွင့်ပြုပေးပါနော် အမကခွင့်မပြုပေးဘူးဆိုရင်လဲ ကျွန်တော် ပြန်ဖျက်ပေးပါ့မယ် '' လမင်းမောင် ရဲ့ စကားအဆုံးတွင်တော့ မိန်းမပျိုလေးကတော့ ပြုံလျှက်ပင်
'' ဒါ ဒါဆို ခွင့်ပြုပေးတာပေါ့နော် ကျေးဇူးပါပဲဗျာ ဒါနဲ့ အမနာမည်က ဘယ်လိုခေါ်လဲဟင် ကျွန်တော်နာမည်ကတော့ လမင်းမောင်ပါ '' လမင်းမောင်ပြောဆိုလိုက်သော စကားအဆုံးတွင်တော့ မိန်းအပျိုလေး နေရာလေးအတွင်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်
'' နေ နေပါအုံးဗျာ ဒီလိုကြီးတော့ ထွက်မသွားပါနဲ့ ကျွန်တော်ကို နာမည်လေးတော့ပြောပြသွားပါနော် '' ပြောဆိုပြီး လမင်းမောင် တစ်ယောက် မိန်းမပျိုလေး လက်ကလေးအား ကိုင်ဆောင်လိုက်လေသည်
'' အော် ဆော်ရီးပါ အမထွက်သွားမှာ ဆိုလို့ လက်ကလေးအား ကိုင်မိလိုက်တာပါ ကျွန်တော်မှာ တခြားဘာအကြံအစီမှ မရှိပါဘူး '' လမင်းမောင် တောင်းပန်လိုက်သော စကားအား မိန်းမပျိုလေး ပြုံလျှက်ပင် ပြုံးပြလိုက်သည်
'' သွားတော့မယ်နော် ဘုရားကိုလာဦးတိုက်တာ နောက်မှတွေ့ကျမယ် '' ပြောဆိုပြီး မိန်းမပျိုလေး တစ်ယောက် နေရာလေးမှ ထွက်ခွာသွားလေတော့သည်
'' အမ ကျွန်တော်ကို နာမည်လေးပြောပြသွားအုံးလေဗျာ အမအမ အမ ဟေးအမ '' လမင်းမောင် အော်ပြီးပြောနေသောလဲ မိန်းမပျိုလေးကတော့ အနောက်သို့ လှည့်မကြည့်ပါ သူမဦးတည်နေသောခြေလှမ်းတွေကတော့ အရှေ့သို့ပင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အချစ်ဆိုတာကတော့ လမင်းမောင် အတွက် မသိနားမလည် မထိတွေ့ခဲ့ဘူးပါ ဒါပေမဲ့ ယခုအချိန်မှာဖြင့် မိန်းမပျိုလေး တစ်ယောက်ရဲ့လက်ကလေးအားကိုင်ဆောင်လိုက်တဲံအချိန်မှာတော့ လမင်းမောင် ရဲ့ရင်ထဲတွင် ခံစားမှူလေး တစ်ခုပေါ်လာခဲ့လေသည်
'' နာမည်လေးတောင်ပြောမသွားဘူး မပြောလဲနေပေါ့ဗျာ ကျွန်တော်က ဓာတ်ပုံရိုက်ထားပြီးပြီပဲ မတွေ့တွေ့အောင် ပြန်ရှာမယ် တွေ့လို့ကတော့ ရီးစားစကားတစ်ခါတည်းပြောပြစ်မယ် ခိခိ '' လမင်းမောင် တစ်ယောက် ရေရွတ်ပြောဆိုပြီး နာရီလေးအားကြည့်မိလိုက်သည်
'' ဟာ ၃နာရီတောင် ခွဲနေပြီပဲ မဖြစ်ဘူး မဖြစ်ဘူး ပြန်မှ ပြန်မှ '' ပြောဆိုပြီး စေတီလေးအား ကျောခိုင်းပြီး သူငယ်ချင်းများဆီသို့ လာရာလမ်းအတိုင်း ခြေဦးတည်လိုက်လေသည်
'' ဟိတ် လမင်းမောင် '' အနောက်မှ ခေါ်သံတစ်ခုအား လမင်းမောင် ကြားမိလိုက်သည် လျှင်မြန်စွာပင်အနောက်ဘက်သို့ လှည့်ကြည့်လိုက်မိသောအချိန်တွင်တော့
'' ဟာ အမ ပြောတော့ ပြန်တော့မယ်ဆို အခုဘယ်လိုဖြစ်ရတာလဲ ဘာလဲ နာမည်မေးလိုက်လို့ တမင်လှည့်ထွက်သွားတာမလား ရပါတယ်ဗျာ အမ မပြောပြချင်ဘူးဆိုရင်လဲ မမေးတော့ပါဘူး ''
'' မဟုတ်ပါဘူး ဒါနဲ့ မင်းက တစ်ယောက်ထဲလား ''
'' မဟုတ်ပါဘူး သူငယ်ချင်းတွေနဲ့လာတာလေ အဲ့တာအခု သူတို့နဲ့ချိန်းထားတဲ့ နေရာကို ပြန်သွားမလို့ အမကကော အမသူငယ်ချင်းတွေလဲ မတွေ့ပါလား '' လမင်းမောင် ရဲ့ စကားအဆုံးတွင်တော့
'' ဟိုမှာလေ သူငယ်ချင်းတွေက '' ပြောဆိုပြီး လက်ညိုးလေးအား ထိုးပြလိုက်လေသည်
မိန်းမပျိုလေး လက်ညိုးထိုးရာဘက်သို့ လမင်းမောင် ကြည့်မိလိုက်တဲ့အချိန်မှာတော့
'' ဟာ ဟုတ်သားပဲ သူတို့တွေက လဲ အမလိုပဲ ချောကျတယ်ပဲနော် ခိခိ ဒါပေမဲ့ အမလောက်တော့ မချောတာ အမှန်ပဲ '' လမင်းမောင် ရဲ့စကားသံလေးအဆုံးတွင်တော့ မိန်းမပျိုလေး ရယ်မော မိလိုက်လေသည်
'' ကဲ အမလဲ အမသူငယ်ချင်းတွေ နဲ့ဆိုတော့ ကျွန်တော်လဲသွားလိုက်အုံးမယ် နောက်မှပြန်ဆုံမယ်လေ နက်ဖြန် မပြန်ခင် ဘုရားကို လာခဲ့မယ် အမစောင့်နေနော် '' ပြောဆိုပြီး လမင်းမောင် တစ်ယောက် ထွက်ခွာသွားလေ တော့သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ဒီကောင် ကတော့ကွာ ဘယ်တွေ လိုက်သွားနေမှန်းမသိဘူး မင်းတို့ကော သူနဲ့မတွေ့ဘူးလား ''
'' မတွေ့လို့ပေါ့ကွ တွေ့ရင် ခေါ်လာမှာပေါ့ ''
'' ဟော ဟိုမှာ ကင်မရာလေးလက်ကကိုင်ပြီး လာပါပြီဗျာ '' ပြောဆိုလိုက်သော စကားနဲ့အတူ မေးငေါ့ပြီးပြလိုက်သော နေရာလေးအား သူငယ်ချင်းများတစ်ခု ဝိုင်းဝန်းကြည့်မိလိုက်သည်
လမင်းမောင် လျှောက်လှမ်းလာခဲ့သော ခြေလှမ်းတွေကတော့ သူငယ်ချင်းများအနားသို့ပင်
'' မင်းကလဲကွာ ဘယ်တွေရှောက်သွားနေတာလဲကွ ဒီမှာငါတို့က မင်းပြန်မလာသေးလို့ စိတ်ပူနေရတာကွ ''
'' ငါ့အတွက် မပူပါနဲ့ကွာ မင်းတို့ကလဲ ငါကကလေးမဟုတ်ပါဘူးကွာ ဒီမှာ ငါပြောပြအုံးမယ်ကွ ငါအခုလိုကြာနေတာ ဘာလို့လဲ သိလား '' လမင်းမောင် ပြောလိုက်သော စကားအားသူငယ်ချင်းများ အားလုံးစိတ်ဝင်စားသွားကျသည်
'' ပြောလို့လဲ ပြောပါအုံးဟ ''
'' ဒီမှာ ဒီမှာ '' ပြောဆိုပြီး သူ၏ကင်မရာထဲတွင် ရိုက်လာသော ဓာတ်ပုံလေးအား ပြပေးလိုက်လေတော့သည်
'' ဟာ အရေအလည်မိုက်တယ်ကွ မင်းဘယ်ကနေ ဘယ်လို တွေ့လာတာလဲ လမင်းမောင် ''
'' ဟားဟားးးးးးးးပြောပြဘူး မင်းတို့တွေနော် ငါ့ကောင်မလေးကို မထိနဲ့ ထိလိုက်ကတော့ သေဖို့သာပြင် ''
'' ဒါနဲ့နေအုံးကွ မင်းဓာတ်ပုံထဲက ကောင်မလေးက လူကောဟုတ်ရဲ့လားကွ ''
'' သေ ရော လူပေါ့ကွ မင်းတို့ကလဲ ဖက်ဖက် လွဲပါစေပယ်ပါစေ ဘာကောင်တွေမှန်းမသိဘူး ''
'' မဟုတ်ပါဘူးကွာ ဒီလောက်ချောဒီလောက်လှနေတာ ငါက ဥစ္စာစောင့် တွေများလားလို့ပါ ''
'' ဥစ္စာစောင့်မကလို့ ဘာကြီးပဲ ဖြစ်နေကွာ ငါကတော့ သူ့ကိုချစ်မိသွားပြီ ကွ ငါဘယ်လိုလုပ်ရမလဲ အကြံလေးပေးကျပါအုံးကွာ ''
'' ဟမ် တစ်ခါမှ အချစ်အကြောင်းမပြောမိတဲ့သူက အခုဘယ်လိုဖြစ်ရတာလဲ အင်းပေါ့လေ ဟိုကလဲ ချောမောလှပနေတော့ ချစ်ရင်လဲချစ်ချင်စရာလေးပဲလေ ''
'' တကယ်ပြောတာပါ ငါလေ သူ့လက်ကလေးကို ကိုင်မိလိုက်သေးတယ်ကွ ငါ့ရင်ထဲ တစ်မျိုးလေးပဲ '' ပြောဆိုလိုက်သောစကားနဲ့အတူ ပင်လယ်ကမ်းခြေဘက်သို့ လှည့်ပြီး
'' ချစ်မိသွားပြီ အမရေ '' လို့ အော်၍ပြောဆိုလိုက်လေသည်
'' စောက်ရူးပဲကွ ဒီကောင်ကတော့ ကဲကဲကဲ ဒီကျွန်းမှာ ညအိပ်မယ် ဆိုတော့ နေရာထိုင်းခင်းတွေလိုက်ရှာရမယ် ပြီးတော့ စားဖို့သောက်ဖို့လဲ လုပ်ရအုံးမယ် တစ်နေရာရာကို သွားကျအောင်ကွာ '' ပြောဆိုပြီး သူငယ်ချင်းများ နဲ့အတူ လမင်းအောင်အပါအဝင် နေရာထိုင်ခင်းအတွက် ရှာဖွေရန် အတွက် ထွက်ခွာသွားလေတော့သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူငယ်ချင်းများ အားလုံးကတော့ အိပ်စက်နေကျပေမဲ့ လမင်းမောင် တစ်ယောက်မှာတော့ အိမ်၍မပျော်
သူ၏အတွေးအာရုံတွေထဲမှာ မိန်းမပျိုလေးက ဆွဲယူထားပြီး နေရာတစ်ခု အဖြစ် ယူထားလေသည်
ကမ်းခြေသို့ ရိုက်ပုတ်နေသော လှိုင်းလုံးတွေနဲ့အတူ တိုက်ခတ်လာသော လေနုအေးလေးတွေအား လမင်းမောင် တစ်ယောက် ရှူရှိက်လိုက်လေသည်
အတွေးစလေးတွေအား ကွယ်ပျောက်သွားစေရန်အတွက် လမင်းမောင်တစ်ယောက် ကမ်းခြေဘက်သို့ လျှေက်လှမ်းရန် ပြင်ဆင်လိုက်လေသည်
ကမ်းခြေဘက်သို့ အရောက်တွင်တော့ လမင်းမောင် မွေးကြိုင် လန်းဆန်းသော ရနံ့ တစ်ခုအား ရမိလိုက်သည်
ရနံ့ထွက်ပေါ်လာသော နေရာကတော့ အနောက်ဘက်က ဖြစ်သောကြောင့် လမင်းမောင်တစ်ယောက် အနောက်ဘက်သို့ လှည့်ကြည့်မိလိုက်လေသည်
'' ဟာ အမ ဘယ်ကနေဘယ်လို ပေါ်လာတာလဲ မအိပ်သေးဘူးလားဗျ '' လမင်းမောင် မေးလိုက်သော မေးခွန်းလေးအား မိန်းမပျိုလေး ခေါင်းညိမ့်၍ဖြေဆိုလိုက်လေသည်
'' ကျွန်တော်လဲ အိပ်မပျော်လို့ လှိုင်းလုံးလေးတွေရဲ့အသံကို နားထောင်ချင်လို့ ကမ်းခြေဘက် ခဏထွက်လာတာ လပြည့်ညလေးလဲဖြစ်တော့ လရဲ့အလင်းရောင်ကို အဖော်ပြုရတာပေါ့ အခုတော့အမနဲ့တွေ့တော့ အမနဲ့ စကားပြောလို့ရတာပေါ့ဗျ အမလဲ ပျင်းနေတာမလား သူငယ်ချင်းတွေကော မပါဘူးလား ''
မေးလာသော မေးခွန်းအား မိန်းမပျိုလေး ခေါင်းခါရမ်းပြလိုက်သည်
'' ဟာ ဒါဆို ကောင်းတာပေါ့ ကျွန်တော်သူငယ်ချင်းတွေကတော့အိပ်ကုန်ပြီလေ ကျွန်တော်ကအိပ်မပျော်လို့ဗျ ဘာလို့အိပ်မပျော်ရတာလဲဆိုတော့ ကျွန်တော်ရဲ့အတွေး ကျွန်တော်ရဲ့စိတ် တွေကို အမက ဖမ်းချုပ် ထားခဲ့လို့ပဲလေ တကယ်ပါအမရာ ကျွန်တော် အမကို မြင်မြင်ချင်းပဲ ချစ်မိခဲ့တယ် '' ပြောဆိုလိုက်ပြီး လမင်းမောင် တစ်ယောက် မိန်းမပျိုလေး ၏လက်ကလေးအား ဆုပ်ကိုင်လိုက်လေသည်
'' တကယ်ပါဘယ်မိန်းကလေးကိုမှ ရင်မခုန်ခဲ့ပါဘူး ဒါပေမဲ့ အမနဲ့ကျမှ ကျွန်တော် ရင်ခုန်သံတွေ ကျွန်တော် နှလုံးသားတွေ ဘာတွေဖြစ်သွားလဲတော့မသိဘူး ဒါကို အဖြေရှာမယ် ဆိုရင်တော့ အချစ်တစ်ခုလို့ထင်တယ် ကျွန်တော်ရဲ့အချစ်ကို လက်ခံပေးပါနော် အမနော် ''
'' မနက်ဖြန် ဘုရားကိုလာခဲ့လေ အဲ့ခါကျ လမင်း လိုချင်တဲ့အဖြေ ပေးမယ် ''
'' မနက်ဖြန်ဆို ပြန်ရတော့မှာ ''
'' စောစောလာခဲ့လေ စောင့်နေမယ်နော် '' ပြောဆိုပြီး နေရာလေးမှ ထွက်ခွာသွားလေတော့သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ဟာ ဟဲ့ရောင် လမင်း မင်းက ဘယ်သွားအုံးမလို့လဲကွ ပြန်ကျတော့မယ်လေကွာ ''
'' ခဏလေးပါကွာ ငါ ငါ့မမ နဲ့ ချိန်ထားတာလေးရှိလို့ပါ ခဏလေးပါ ငါမြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့မယ် ''
'' မင်းကလဲ ရန်ကုန်ရောက်တွေ့လို့ရနေတာပဲ ''
'' ခဏလေးပါကွာ စိတ်မဆိုးကျပါနဲ့ သူငယ်ချင်းတို့ရာ ငါ ခဏလေးတွေ့ပြီးပြန်လာခဲ့မယ် ဟုတ်ပြီလား'' ပြောဆိုပြီး လျှင်မြန်စွာပင် နေရာလေးမှ ထွက်ခွာသွားလေတော့သည်
'' အေးမြန်မြန်လဲပြန်လာအုံးနော် လမင်း အခု ၁၁ထိုးနေပြီ ခဏနေ ဟိုဦးလေးက ရောက်လာမှာ မြန်မြန်ပြန်လာနော် ငါတို့ကမ်းခြေကနေ စောင့်နေမယ် '' အော်၍ပြောလိုက်သော သူကတော့ သူရပင်ဖြစ်သည်
'' အေးအေး ကမ်းခြေက စောင့်နေကျ '' ပြောဆိုပြီး လျှင်မြန်စွာပင် စေတီလေးရှိရာ ဘက်သို့ ခြေဦးတည်၍ထွက်ခွာသွားလေတော့သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မကြာမှီ အချိန်လေးမှာပဲ လမင်းမောင် ခြေဦးတည်တဲ့နေရာလေးအား ရောက်ရှိခဲ့လေတော့သည်
'' မ စောင့်နေတာ ကြာပြီလား ကျွန်တော် နောက်ကျသွားတယ် တောင်းပန်ပါတယ်နော် ''
'' ရပါတယ် လမင်းရယ် ''
'' မကို ကျွန်တော် ချစ်ခွင့်ပန်ထားတာလေးကို မဒီနေ့ အဖြေပေးမယ် ပြောထားတာလေ ကဲအခုပေးတော့ ကျွန်တော်ကို ပြန်ချစ်တယ်မလား '' လမင်းမောင် တစ်ယောက် မေးခွန်းလေးအား ထုတ်လိုက်လေသည်
မိန်းမပျိုလေးကတော့ လမင်းမောင် မေးလာသော မေးခွန်းလေးအား ခေါင်းညိမ့်၍သာဖြေဆိုလိုက်လေသည်
'' ဝမ်းသာလိုက်တာ မရယ် '' ပြောဆိုလိုက်သော စကားနဲ့အတူ လမင်းမောင် တစ်ယောက် မိန်းမပျိုလေးအား ရင်ခွင်ထဲသို့ ပွေ့ ပိုက်လိုက်လေသည်
'' ချစ်တယ် ဆိုတဲ့စကားကို မ နှုတ်ဖျားကပြောတာလေးကို ကြးချင်တာဗျ ကျွန်တော်ကို ပြောပြပါနော် '' လမင်းမောင် ရဲ့စကားသံလေးအဆုံးတွင်တော့
'' ချစ်တယ် '' ပြောဆိုလိုက်သော စကားသံနဲ့အတူ မိန်းမပျိုလေး ၏မျက်ဝန်းအိမ်လေးထဲမှ မျက်ရည်စများ စီးကျလာခဲ့လေသည်
'' ဟာ မ ကလဲ ဘာလို့ ငိုနေရတာလဲ မငိုနဲ့တော့နော် '' ပြောဆိုလိုက်သော စကားသံတွေနဲ့အတူ မိန်းမပျိုလေး၏ မျက်ရည်စများအား လမင်းမောင် ဖယ်ရှာပေးလိုက်လေသည်
'' လမင်းက ဒို့ကို ခွဲသွားမှာလားဟင် ''
'' မခွဲသွားပါဘူးမရယ် မကို စစ်မှန်တဲ့ချစ်ခြင်းတွေနဲ့ ချစ်ခဲ့တာပါ ရန်ကုန်ရောက်ရင် ပြန်ဆုံကျမယ်လေနော် ဒါကကျွန်တော် လိပ်စာကဒ်လေး မသေချာသိမ်းထားနော် '' ပြောဆိုပြီး လမင်းမောင် တစ်ယောက် မိန်းမပျိုလေးအား လိပ်စာကဒ် ထုတ်ပေးလိုက်လေသည်
'' ကျွန်တော် ပြန်တော့မယ် သူငယ်ချင်းတွေ စောင့်နေကျတယ် မကို အရမ်းချစ်တယ်နော် '' ပြောဆိုလိုက်သောစကားအဆုံးတွင်တော့ မိန်းမပျိုလေး၏ နဖူးပြင်လေးအား လမင်းမောင် နမ်းရှိုက်လိုက်လေသည်
'' ရန်ကုန်မှာ ပြန်ဆုံမယ်နော် မ ကျွန်တော်သွားတော့မယ် '' လက်ပြနှုတ်ဆက်ပြီး လမင်းမောင် တစ်ယောက် ထွက်ခွာသွားလေတော့သည်
နေရာလေးတွင် မျက်ရည်စများနဲ့ ကျန်ရှိခဲ့တဲ့သူကတော့ မိန်းမပျိုလေးပင် ဖြစ်သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' လမင်းမောင် ကတော့ လုပ်ချလိုက်ပြန်ပြီကွာ ဒီကဦးလေးကို အားနာစရာတွေ ဖြစ်ကုန်ပါပြီ ''
'' ရပါတယ် ငါ့တူတို့ရယ် ဦးလေးစောင့်ပေးပါ့မယ် ဒါနဲ့ မင်းတို့သူငယ်ချင်းက ဘယ်သွားတာလဲကွ ''
'' ဘယ်ကို ထွက်သွားလဲတော့ မသိဘူးဗျာ တွေ့ရမဲ့သူရှိလို့ဆိုပြီး ထွက်သွားတာပဲ ဗျ ''
'' ဟေ '' အံအားသင့်သော လေသံဖြင့် ပြန်ပြောလိုက်လေသည်
'' ဟုတ်တယ်ဗျ ဒါနဲ့ ဦးလေး ဒီကျွန်းမှာ ကျွန်တော်တို့လို လေ့လာရေးခရီး ထွက်ကျတဲ့ လူငယ်တွေ ရှိတယ်ပဲလားဗျ ''
'' မင်းတို့လို နယ်ဘက်ကနေ လေ့လာရေး ခရီးထွက်တဲ့ လူငယ်တွေတော့ မရှိဘူးကွ မင်းတို့က ပထမအကြိမ်ပေါ့ကွာ ဦးလေးတို့ဘက်က လူတွေကတော့ ဒီကျွန်းကိုတော့ ခဏခဏရောက်ပါတယ် ဘာဖြစ်လို့လဲကွ ငါ့တူတို့ရ ''
'' ဘာရယ်လို့တော့ မဟုတ်ပါဘူး သိချင်လို့ မေးကြည့်လိုက်တာပါ ကဲဟိုးမှာ လာပါပြီဗျာ ''
'' နည်းနည်းနောက် ကျသွားတယ် ကွ တောင်းပန်တယ်ကွာ သူငယ်ချင်းတို့ရာ ဦးလေးကိုတော့ အားနာမိပါတယ် ''
'' မဟုတ်တာ ငါ့တူရယ် ကဲကဲ လူစုံပြီဆိုတော့ ဦးတို့ သွားကျအောင်လေကွာနော် ကဲကဲ လှေပေါ်တက်ကျ ''
'' ဟာဟာ သွားပါပြီ '' ထွက်ပေါ်လာသော စကားသံလေးနဲ့အတူ လမင်းမောင် တစ်ယောက် ပုတ်ခတ်လာသော လှိုင်းလုံးနဲ့အတူမျော်ပါသွားသော ဖိနပ်အား ဆယ်ရန်အတွက် ဖိနပ်ဘက်သို့ လိုက်ပါသွားလေသည်
'' ဟာ လမင်း မင်းကလဲကွာ ဖိနပ် လိုက်ဆယ် မနေပါနဲ့တော့ကွာ ပြန်ဝယ်ရင်ရနေတာပဲ ''
'' ဟာ ဝယ်တာကတော့ ဝယ်လို့ရတာပေါ့ကွ ဒီဖိနပ်လေးက ငါ့ကို ငါ့မာမီက ဝယ်ပေးထားတာကွ ပြန်မဆယ်လို့ မရဘူး မင်းတို့လဲ ဆယ်ပေးကျလေကွာ ''
'' မင်းကတော့ တကယ်အရှုပ်ပဲ ဦးလေးရေ ခဏလေး ဒီကောင်ဖိနပ် ဆယ်ပေးလိုက်အုံးမယ် ''
မျော်ပါသွားသော ဖိနပ်ကအားအာရုံစိုက်ပြီး လိုက်ဆယ်နေသော လမင်းမောင်ကတော့ ရိုက်ခတ်လာသော လှိုင်းလုံးကိုပင် အာရုံမထားမိ
'' ဟာ ဟဲ့ရောင် လမင်း လှိုင်း လှိုင်း '' သူရ၏စကားပင် မဆုံးလိုက်ပါ
ဝုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ရိုက်ပုတ်လာသော လှိုင်းလုံးလေးနဲ့အတူ လမင်းမောင် တစ်ယောက် ကွယ်ပျောက်သွားလေတော့သည်
'' ဟာ လမင်း လမင်း ဟဲ့ရောင်တွေ လမင်း မတွေ့တော့ဘူးကွ ဘယ်ရောက်သွားပြီးလဲမသိဘူး ကူရှာကျပါအုံးဟ'' သူရ၏ စကားသံကြောင့် လှေပေါ်တွင် ရောက်ရှိနေကျသော သူငယ်ချင်းများအားလုံး ရေထဲတွင် လိုက်လံရှာဖွေ ကျလေသည်
'' ဦးလေ လုပ်ပါအုံးဗျာ ကျွန်တော်သူငယ်ချင်း ကျွန်တော်သူငယ်ချင်းကို ကူရှာပေးပါအုံး ''
'' ဟူးးးးးးးးးးးးးးးးးးးစိတ်မကောင်းပါဘူးကွာ ကံစီမံရာပဲပေါ့ ကဲကဲကဲ ငါ့တူတို့က ဒီနားမှာရှာကျ ဦးလေးကတော့ ဟိုကျောင်ဆောင်ဘက်ရှာမယ် သေချာလဲဂရုစိုက်ကျအုံးနော် ငါ့တူတို့ '' ပြောဆိုပြီ လမင်းမောင်းအားရှာဖွေရန် ကျောင်းဆောင် ဘက်သို့ ကူးခတ်သွားလေတော့သည်
သူရနဲ့ အတူ လမင်းမောင် ၏ သူငယ်ချင်းများကတော့ ရေငုတ်သူကငုတ် ရေထဲတွင် လိုက်လံစမ်း စစ်သူကစမ်းစစ် မျက်ရည်စများနှင့် ပင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' စိတ်မဆိုးပါနဲ့ လမင်းရယ် လမင်းထွက်သွားရင် မတစ်ယောက်ထဲ ကျွန်းလေးပေါ်မှာ မျက်ရည်စတွေနဲ့ ကျန်ခဲ့မှာ လမင်းကို အရမ်းချစ်လို့ ဒီလို လုပ်ခဲ့မိတာပါ ''
'' ကျွန်တော်လဲ မကို ချစ်ပါတယ် ''
'' မ နဲ့ လမင်း ဒီကျွန်းလေးပေါ်မှာ ပျော်ပျော်ရွှင်ရွှင်နေသွားကျမယ်လေနော် '' ပြောဆိုလိုက်သောစကားသံနဲ့အတူ မိန်းမပျိုလေး လမင်းရင်ခွင်လေးထဲအား ခိုဝင်လိုက်လေသည်
ခိုဝင်လာသော မိန်းမပျိုလေးအား လမင်းပွေ့ဖက်လိုက်လေသည်
'' မတို့နေရာလေး ကို မတို့သွားကျမယ်လေ နော် ''
'' ချစ်တယ်ပြောမှ လိုက်မယ် ''
'' ချစ်လို့ ဒီကျွန်းလေးပေါ်မှာတူတူနေဖို့ ခေါ်ထားလိုက်တာပေါ့ '' ပြောဆိုလိုက်သော စကားနဲ့အတူ လမင်းမောင်၏လက်ကလေးအား ကိုင်ဆောင်ပြီး စေတီရှိရာဘက်သို့ ဦးတည်လိုက်လေသည်
လမင်းမောင်ကတော့ မိန်းမပျိုလေး၏ လက်ကလေးအား ဆုပ်ကိုင်၍ လိုက်ပါသွားလေတော့သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ငါ့တူတို့ မင်းသူငယ်ချင်းကို တွေ့ပြီကွ '' ပြောဆိုလိုက်သော စကားသံနဲ့အတူ လမင်းမောင်၏ ခန္တာကိုယ်လေးအား ရေထဲမှ ကုန်းပေါ်သို့ ဆယ်တင်လိုက်လေသည်
လမင်းမောင်၏ နဖူးပြင်မှာတော့ ကျောက်ဆောင်ဖြင့် အတည်းငယ် ပွန်းပဲ့ထားသော ဒဏ်ရာလေးကို တွေ့မြင်လိုက်ရသည်
'' လမင်း သူငယ်ချင်း သူငယ်ချင်းလမင်း ငါတို့ခေါ်နေတယ်လေကွာ ဟဲ့ရောင်လမင်း '' ခန္တာကိုယ်လေးအား လှုတ်ခတ်၍ လမင်းမောင်အားခေါ်ဆိုနေသောလဲ လမင်းမောင်မှာတော့ ပြန်၍ မထူးနိုင်ပေ
လမင်းးးးးးးးးးးးးးလမင်းးးးးးးးးးးးးးးးးးးးလမင်းးးးးးးးးးးးးးးးးး
'' စိတ်မကောင်းပါဘူး ငါ့တူတို့ရာ မင်းတို့သူငယ်ချင်းက ရေထဲမှာနစ်မြုတ်ထားတဲ့အချိန် ကြာနေပြီဆိုတော့ မင်းတို့သူငယ်ချင်းမှာ အသက်မရှိတော့ဘူးကွ ဦးလေးလဲ စိတ်မကောင်းပါဘူးကွာ ''
'' လမင်း သူငယ်ချင်း ငါတို့မင်းကို ဘယ်လို ဖြေသိမ့်ရမှာလဲကွာ လမင်း '' ထွက်ပေါ်လာသောအသံနဲ့အတူ လမင်းမောင်၏ သူငယ်ချင်းများကတော့ မျက်ရည်စများနဲ့ပင်ဖြစ်သည်
ဆယ်ယူရရှိလာသော လမင်းမောင်၏ ခန္တာကိုယ်လေးကတော့ လမင်းမောင်၏သူငယ်ချင်းများနဲ့အတူ ကျွန်ပေါ်မှ ပြန်သွားလို့ရခဲ့ပေမဲ့လဲ လမင်းမောင်၏ ဝိညဉ် လေးကတော့ ကျွန်းပေါ်က မိန်းမပျိုလေးနဲ့ ပျော်ရွှင်လျှက်ပင်
ချစ်လွန်းလို့ ဖြစ်သွားခဲ့တဲ့ဆိုရင်တော့ လမင်းမောင်ကတော့ မိန်းမပျိုလေးအား စိတ်ဆိုးခဲ့မည် မဟုတ် အဘယ်ကြောင့်ဆိုသော လမင်းမောင် က မိန်းမပျိုလေးအား ချစ်ခဲ့မိလို့ပင်ဖြစ်သည်
မိန်းမပျိုလေးလဲ လမင်းမောင် ကဲ့သို့ပင် ချစ်ခဲ့သော ကြောင့်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြီးပါပြီ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကြိုးစားပါအုံးမည် ရွှင်လန်းချမ်းမြေ့ကျပါစေ
ရဲရင့်ရထာ
တင်ပြရန်ရှိသေးသော ဝတ္ထုတိုများ
အချစ်အစစ်တစ်ခုကို ရှာတွေ့ပြီ (အချစ်ဇာတ်လမ်း)
ချစ်ရက်တစ်ရက် လွမ်းရက်တစ်ရာ(အချစ်ဇာတ်လမ်း)
သွေးကပြောသော စကားတစ်ခွန်း(မိသားစုဇာတ်လမ်း)
အပျိုကြီးဘဝကို စိတ်နာတယ်(ဟာသဇာတ်လမ်း) တို့ဖြစ်ကျပါသည်
မကြာမီလာမည် မျှော်
စာဖတ်သူ၏ ကောမန်တစ်ခုသည် စာရေးသူအတွက် အားဆေးတစ်ခွက်ဖြစ်သောကြောင့် သင့်၏အားဆေးတစ်ခွက်အား ကျွနုပ်လိုချင်မိပါသည်